Part 6

1.1K 50 1
                                    

ခရေလမ်း အပိုင်း ၆

(Unicode)

မနက်ခင်းစောစော ငှက်က‌လေးများ၏ ကျလိကျလိအော်သံ‌နှင့်အတူ ဘုန်းတစ်ယောက်နိုးလာလေသည်။ မနေ့ကရေချိန်ကျော်အောင် အမှောက်သောက်ခဲ့သည့် ကျေးဇူး‌ကြောင့် အခုခေါင်းတစ်ခုလုံးချာချာလည်နေတော့သည်။

နောက်ကျိနေသောခေါင်းကို လက်ဖြင့်ထိန်းကိုင်ပြီး ဘေးဘက်ကို အကြည့်ရောက်တော့ ကုတင်ပေါ်တွင် သူတစ်ယောက်ထဲအိပ်နေသည်မဟုတ်‌ကြောင်း သိမိသည်။

ထိုအခြားသူက သူ့၏ခါးကို ဖက်၍ နှစ်နှစ်ရှိုက်ရှိုက်အိပ်နေသော လင်းသူရပင်။ဆံပင်ရှည်တွေက ခေါင်းအုံးထက်တွင်ပြန့်ကျဲနေပြီး အိပ်ပျော်နေပုံက ဥရောပက မင်းသားတွေကဲ့သို့ မေးရိုးအကျက ထင်ရှားလွန်းလှပါသည်။

မနေ့က အကြောင်းးတွေကို ဘုန်းပြန်စဉ်းစားမိတော့ လင်းသူရသည် သိပ်ကိုထူးဆန်းသော အပြုအမူတို့ကိုလုပ်သည်။ယောက်ျားလေးနှစ်ယောက်ကြား ဒါဟာပုံမှန်လားဟု တွေးမိသော်လည်း ဘုန်းရဲ့ရင်ခုန်မှုတွေက ပုံမှန်မဟုတ်။

သီချင်းဆိုရင်းကြည့်လာသော လင်းသူရရဲ့အကြည့်တွေ၊ သူ၏ပါးကိုကိုင်ကြည့်တဲ့ ရှည်သွယ်သွယ်လက်ချောင်းတွေ‌ကြောင့် တစ်‌ကိုယ်လုံးရှေ့ာရိုက်သလို ဖြစ်လာပြီး မူမမှန်သော ရင်ခုန်သံကို ကြားလိုက်ရသည်။နှလုံးရောဂါ‌ကြောင့် နှလုံးခုန်နှုန်းမြန်သည်လား။ဒါမှမဟုတ်ငါ ယောက်ျားတစ်ယောက်ကို ကြိုက်မိနေတာများလားဟုသူ တွေးမိပြန်တော့

'ဟာမဖြစ်နိုင်တာ' ဘုန်းငြင်းမိသည်။
'ယောကျ်ားလေးတစ်ယောက်ကို..'

'အရက်သောက်တာများပြီး စိတ်တွေလဲ ကယောင်ချောက်ခြား‌တွေဖြစ်နေပါပြီ '

ဘုန်းတစ်ယောက်ခေါင်းကို ခပ်ပြင်းပြင်းခါထုတ်လိုက်ရသည်။ လင်းသူရကို ကြည့်မိတော့ ပါးပြီးခပ်တန်းတန်းဖြစ်နေသောသူ၏မျက်ခုံးများနှင့် မတူညီနေစွာမဲနက်သောမျက်ခုံးမွှေးတွေကြောင့်

"ဝါး... သူ့မှာမျက်ခုံးမွှေးအထူကြီးရှိတာပဲ"

သူလက်နှင့်ထိကြည့်မည်အလုပ် တွန့်ချိုးလာသောမျက်ခုံးမွှေးနှင့်အတူ
"အား..ကျွတ်ကျွတ် ခါးနာလိုက်တာ"

"ခရေလမ်း" (Completed)Donde viven las historias. Descúbrelo ahora