Part 55

428 22 0
                                    

ခရေလမ်း အပိုင်း၅၅

(Unicode)

"သော်တာလေး ချောကလက်ဘူးကျန်ခဲ့တယ်လေ"

ခပ်တည်တည်နှင့်ပြောလိုက်သော စိုင်း၏စကားကြောင့် သော်‌တာလေးတစ်ယောက်သည် သလွယ်အိတ်ကို အရှေ့သို့ချကာ လွယ်အိတ်ကို လျင်လျင်မြန်မြန်ဖွင့်လိုက်သည်။ တစ်စုံတစ်ခုကိုတွေ့သွားတော့မှ မျက်ခုံးတွေကို တွန့်ချိုးရင်း စိုင်းဘက်သို့ကြည့်လာတော့ စိုင်းတစ်ယောက် ဗိုက်ကိုနှိပ်ကာ ရယ်မိသည်။ ကောင်လေးတစ်ယောက်တော့ အညာမိသွားသည်မို့လား။

"ကိုကြီး မနောက်နဲ့ဗျာ"

ရှက်ရှက်နဲ့ပြောလာသော သော်တာလေးကို စိုင်း မျက်ခုံးတစ်ဖက်ပင့်ကြည့်လိုက်ပြီး

"ချောကလက်ပေးစရာကောင်မလေးတွေရှိနေပြီပေါ့"

"အင်းရှိ‌နေပြီ ဒါနဲ့မေမေ့ကိုသွားမပြောတော့နဲ့နော်"

ညီအကိုချင်း အသိပေးသည့်ပုံစံမျိုးနှင့် သော်တာလေးက ရီပြရင်းပြောသည်။

"ငါ့သဘောပါ ကိုယ့်အကိုကြီးကိုကော ပေးစရာမရှိဘူးလား"

စိုင်းသည်ထိုသို့ ပြောတော့ သော်တာ‌‌လေးသည် ကျောင်းစိမ်းအင်္ကျီလေး၏အိတ်ကပ်ကို နှိက်လိုက်ပြီး ထွက်လာသော အကြွေစေ့ချောကလက်သာ စိုင်း၏လက်ထဲသို့ ထည့်လိုက်သည်။

မကျေနပ်ဖို့ကောင်းလိုက်တာများ။ စောနက တစ်စွန်းတစ်စမြင်လိုက်ရသော ချောကလက်ဘူးက စကောသေးသေးလေးအရွယ်အစားလောက်။ လက်ဝါးပေါ်မှာရှိနေသည့် ချောကလက်ပြားလေးကို ချက်ချင်းခွာကာ စိုင်းစားပစ်လိုက်သည်။

"ကျွန်တော့မှာ ဒါပဲ အပိုရှိလို့ နောက်မှ"

ခေါင်းကိုကုတ်ကာ သော်တာလေးပြောတော့ ရှုပ်ပွသွားသော ခေါင်းလေးကို စိုင်းသည် သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် လက်ဖဝါးနှင့် ဖိပေးလိုက်သည်။

"ငါ့ညီလေးပေးတာ ချိုလွန်းလို့ တေဇပေးထားတာတွေတောင် မစားနိုင်လောက်တော့ဘူး အီသွားပြီ"

ထို့သို့ပြောတော့ သော်တာလေး၏မျက်နှာသိသိသာသာပျက်သွားတာကိုမြင်လိုက်ရသည်။ သော်တာလေးသည် တကယ်များ တေဇနှင့်တွဲနေသည်ကို သဘောမကျ၍များလားဟု တွေးမိရင်း စိုင်းမျက်နှာက ဝမ်းနည်းရိပ်လေးသန်းသွားသည်။

"ခရေလမ်း" (Completed)Where stories live. Discover now