Part 23

713 27 0
                                    

ခရေလမ်း အပိုင်း၂၃

(Unicode)

မိုးကောင်ကင်တစ်ခုလုံးအုံ့မှိုင်းပြီး မနက်က တစ်မနက်လုံးရွာထားသည်မိုးကြောင့် ချမ်းစိမ့်စိမ့်လေးဖြစ်နေတော့သည်။
ဒီနေ့လိုစနေနေ့မျိုးတွင် တစ်နေကုန်အိပ်ရာတွင် ခွေနေတက်သည်မှာ ရွှန်းလဲ့တို့လို အဆောင်သူတွေ၏ဓလေ့ပင်။

ညို့မှိုင်းသော ကောင်ကင်ကို အဆောင်ပြတင်းပေါက်မှ ကြည့်ပြီး အဆွေးဓာတ်ခံရှိသူရွှန်းလဲ့အဖို့ အခုချိန်တွင် ကော်ဖီပူပူလေးကို တောင်းတမိသည်။
အိပ်ရာပေါ်မှ အပျင်းကြောလေးဆွဲကာ ထပြီး အဆာပြေမုန့်တွေထည့်ထားသောခြင်းတောင်းလေးထဲ ကော်ဖီထုတ်ရှိလို ရှိငြားရှာကြည့်တော့ မတွေ့။

"ကုန်သွားပြီနဲ့တူတယ်"
စိတ်ပျက်အားလျော့စွာ တီတိုးပြောလိုက်ပြီး ‌ကော်ဖီတောင်းသောက်ရန်အတွက် နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေသော မိအိမ့်အားအသာနိုးလိုက်သည်။

"မိအိမ့် မိအိမ့်"

"အင်း အင်း"
ညည်းသံနှစ်ချက်သာထွက်လိုက်ပြီး ဟိုဘက်သို့လှည့်ကာ အိပ်နေသောမိအိမ့်ကြောင့် ထပ်ပြီးနိုးလိုစိတ်မရှိတော့။

သူအိပ်ချင်နေတာ အိပ်ပါစေတော့ ကော်ဖီထုတ်ကိုအပြင်ထွက်ပြီး ဝယ်ရတော့မှာပေါ့။ ဟူသော အတွေးလေးတွေးကာ

"အမလေး အေးလိုက်တာ"

အခန်းအပြင်သို့ထွက်ထွက်ခြင်း ဝေ့တက်လာသော လေကြောင့် လက်မောင်းအချင်းချင်းကိုပွတ်သက်ပြီး ရွှန်းလဲ့တစ်ယောက်ရေရွတ်မိသည်။
အေးလိုက်တာ.. အေးတာမှ အပြင်သို့ထွက်ကာ ကော်ဖီဝယ်ချင်သောစိတ် ပျောက်သွားသည်အထိ။

သို့သော် ကော်ဖီစွဲနေသော သူအဖို့ ဤအရသာကိုသာတောင့်တမိသဖြင့် အခန်းထဲရှိအနွေးထည်ကို ပြန်ယူမိကာ အခန်းပြင်သို့ထွက်သွားပြီး အပြင်ထွက်လျှင်လုပ်နေကျအတိုင်း အခန်းတံခါးကို သော့ခတ်မိသည်။
အခန်းထဲက မိအိမ့်အဖို့ ရွှန်းလဲ့ပြန်မလာမချင်းအပြင်သို့ ထွက်လို့မရနိုင်သည်ကို သူ မသိတော့ပေ။

လက်ထဲတွင် ကိုင်ထားသော သော့လေးကို တချွင်ချွင်မြည်အောင်လုပ်ခတ်ရင်း ကန်တင်းတွင် တွဲ၍ရောင်းသော မုန့်ဆိုင်ဆီသို့ လမ်းလျှောက်ကာ သွားသည်။

"ခရေလမ်း" (Completed)Where stories live. Discover now