Part 65

768 24 0
                                    

ခရေလမ်း အပိုင်း၆၅

(Unicode)

တေဇနှင့် စိုင်း၏ အပြင်ကိုထွက်ရအောင်လို့ ပြောခြင်းက ကျောင်းနားကိုပါလို့ ဘုန်းတစ်ယောက် မသိခဲ့ချေ။ အမှန်တကယ်ဆို ဘုန်းသည် ကျောင်းကို သိပ်မလာချင်။ ကျောင်း၏အရိပ်လေးတစ်ခုကိုဖမ်းမိရုံဖြင့် အလင်းနှင့် အမှတ်တရတွေများစွာက ဘုန်း၏ခေါင်းထဲကို ပြွတ်သိပ်တိုးဝင်လာသည်။ ဘုန်း၏မဟောင်းသေးသည့် ခံစားချက်တွေက အရင်ကထက် ပို၍လက်ဆက်လာသလို။

"ကျောင်းထဲကိုလား"

တေဇမောင်းလာတဲ့ ကားနောက်ခန်းတွင်ထိုင်ရင်း ဘုန်းသည် ကျောင်းဂိတ်ဝကိုမြင်နေရသဖြင့် တေဇနှင့် စိုင်းကိုမေးလိုက်သည်။ တေဇက ခေါင်းကို ငြိမ့်ရင်း ကျောင်းပေါက်ဝဘေးတွင် ကားကိုရပ်လိုက်သည်။

"ထည်ဝါ သူ ခရေလမ်းမှာ ရှိနေတယ် ခွေးကောင်က ကျောင်းကို လာပြီး ဘာလာလုပ်မှန်းမသိဘူး ခရေလမ်းမှာ တမှိူင်မှိူင်တထွေထွေနဲ့။ မင်းသွားတွေ့ချင်ရင်။  "

တေဇပြောတဲ့ စကားတွေထဲမှာ လင်းသူရဆိုတဲ့ နာမည်လေးတစ်လုံးတောင်မပါခဲ့ပါဘူး။ ဒါပေမဲ့ ဘုန်းသိခဲ့ပါသည်။ ထိုသူဆိုတာ လင်းသူရကို ရည်ညွှန်းမှန်းကိုပေါ့။ ကျောင်းဂိတ်ပေါက်တန်းတန်းကနေ မြင်နေရတဲ့ ခရေပင်တွေ တသီတတန်းကြီးကို ဘုန်းသည် မျက်လုံးလေးသာ စောင်းငဲ့၏ကြည့်သည်။ဘုန်း၏နှာခေါင်းတွေပင် ကျိန်းစပ်လာပြီး  ငိုချင်လာမိခဲ့သည်။ ခေါင်းခါပြီး မတွေ့ချင်ဘူးလို့ပြောရအောင်လည်း သူစိတ်က ခွင့်မပြုသလို။ သွားတွေ့ဖို့ကလည်း မရဲ။ သို့ပေမည့်ဘုန်းတွေ့ချင်သည်။

"ပြောတော့ လင်းသူရနဲ့ အဆက်အသွယ်မရှိဘူးဆို"

ဘုန်းမေးမြန်းလိုက်တော့ အရှေ့က တေဇနှင့် စိုင်းသည် ခေါင်းချင်းဆိုင်ကြည့်ပြီး ဘုန်းကိုပြန်ပြီးပြုံးပြလာသည်။ အိမ်မှာကတည်းက ထူးခြားနေသည့် တေဇနှင့် စိုင်း၏မျက်နှာအမူအယာတွေကိုမြင်ယောင်လိုက်ရတော့ ဘုန်းအတွက် အဖြေပြန်ပြီး နားထောင်စရာမလိုပေ။ ဒီနှစ်ကောင်ပေါင်းပြီးကြံစည်ထားသည်ကို ဘုန်းချက်ချင်းရိပ်မိလိုက်သည်။

"ခရေလမ်း" (Completed)Where stories live. Discover now