Part 36

603 22 2
                                    

ခရေလမ်း အပိုင်း၃၆

(Unicode)

မွေးနေ့ အချို့လူတွေအတွက် ဘယ်လောက်တောင် ပျော်ရွှင်ရသည့် နေ့မျိုးမှန်းမသိပေမည့် လင်းသူရအတွက်တော့ အမေနှင့် သူ နှစ်ယောက်တည်း ကျင်းပရသည့်ပွဲလေးသာသာ ။
အသက်ကလည်း ဆယ်ရှစ်နှစ်မို့ သူသည် လူကြီးပိုင်းထဲရောက်လာသည်မို့လား။
မွေးနေ့အပေါ် ငယ်ငယ်တုန်းကလောက် အရေးတယူမရှိတော့ပါ။

အခု မေမေက ကိုယ်ပိုင်အထက်တန်းကျောင်းတွင် စာသင်သည်မို့ သူတစ်ယောက်တည်းသာ မွေးနေ့ဆွမ်းပို့ရန်အတွက် ဘုန်းကြီး‌ကျောင်းသွားရတော့မည်။
မနက်ကိုးနာရီထိုး နေရောင်ခြည်က မိုးရာသီမို့ အနည်းငယ်အိုက်စက်စက်ဖြစ်ရသောကြောင့် လူးလိမ့်အိပ်ထားသော အိပ်ရာက ကြေတွန့်လို့။
အိပ်ရာနိုးနိုးချင်း သူလုပ်သောအရာက ဆံပင်ကို ဖြစ်သလိုစီး၍ အမေအလုပ်မသွားခင် မွေးနေ့မို့ လက်ဆောင်ပေးရန် ချွဲရအုံးမည်။
ကမန်းကတန်း ကုတင်ပေါ်မှ ဆင်း၍ အိမ်ရှေ့ခန်းသို့ အပြေးထွက်လိုက်သည်။

"မေမေရေ!"

တံခါးမဖွင့်ခင် ကျောင်းသွားရန်ပြင်ဆင်နေလောက်မည့် အမေကို အသဲပြဲနှင့် အော်ခေါ်လိုက်သည်။

သို့သော် တံခါးဖွင့်လိုက်သည်နှင့်ဧည့်ခန်းထဲတွင် သူ မထင်မှတ်ထားသော နောက်ကျောပြင်ကို မြင်လိုက်ရသည်။

ဘုန်း!။သူလား!။

မျက်လုံးအနည်းငယ် ကျယ်သွားပြီး
'ဘယ်လိုလုပ် သူတို့အိမ်ကို ရောက်နေတာလဲ။'
သူတွေးတောမိသည်။
သူခေါင်းကို တစ်ချက်ရိုက်သည်။
သူအိမ်မက်မက်နေတာ ဖြစ်ရမည်။

"သားနိုးပြီးလား သားသူငယ်ချင်းရောက်နေတယ်"

ကိုကာကိုလာထည့်ထား‌သော ဖန်ခွက်တစ်ခွက်ကို ကိုင်ထား၍ဒေါ်ချယ်ရီကပြောသည်။
အမေဖြစ်သူ၏ စကားကြောင့် လင်းသူရ မျက်လုံးတို့သည် ထပ်မံ၍ပင် ပြူးကျာ်သွားသည်မှာ ငါးတစ်ကောင်ကဲ့သို့။
သူကိုနောက်ကျောပေးကာ အိမ်က ဆက်တီပေါ်တွင်ထိုင်နေသော ဘုန်းက သူ့ကိုလှည့်ကြည့်သည်။
ထိုင်နေတာတောင်မှ ယောက္ခမအိမ်ကို အလည်အပတ်လာရသော သမက်ကဲ့သို့ တောင့်တောင့်ကြီး။
ပြီးတော့ နဖူးတွင်လည်းချွေးစအနည်းငယ်ထွက်နေသလိုလို။

"ခရေလမ်း" (Completed)Where stories live. Discover now