Part 14

701 32 0
                                    

ရေလမ်း အပိုင်း၁၄

(Unicode)

"အား ခေါင်းမူးလိုက်တာ"

ကုတင်‌ပေါ်မှ နိုးနိုးချင်း မူးနောက်နေသော ခေါင်းကို ဆွဲခါရင်း လင်းသူရ ညီးညူမိသည်။ အရင်နေ့ညက သောက်ခဲ့သည့် အရက်ပမာဏကများလွန်းသဖြင့် ယခုအချိန်တွင်‌တော့မနေနိုင်မထိုင်နိုင်။ အန်ချင်စိတ်များဖြစ်ပြီး တစ်ကိုယ်လုံးလဲအရက်စော်နံလှပေသည်။

မမက်တာကြာပြီဖြစ်သော အိပ်မက်ဆိုးများကိုလည်း သူမက်သည်။ ဆိုးဝါးပြီး ကြောက်မက်ဖွယ်ကောင်းသောအတိတ်ကို ပြန်ရင်ဆိုင်ရသလို ပီပီပြင်ပြင်။ အ‌ကြောင်းကား မနေ့က တွေ့ခဲ့ရသည့် အချစ်ဦး စိုင်း‌‌ ကြောင့်ပင်။

ထိုစိုင်းဟူသော ကောင်လေး၏အဝေးဆုံးကို အရူးတစ်ကောင်လို‌ ပြေးထွက်ခဲ့သည်။ မူး‌ဝေပြီး အသိမရှိသော ခန္ဓာကိုယ်နှင့် မနေ့က အဆောင်ရောက်တော့ ဘုန်းကို တွေ့ခဲ့သည်ဆိုတာသာ သတိရပြီး သူ ဘုန်းနှင့်ဘာတွေ‌ ပြောမိမှန်းတော့ မသိတော့ ပေ။

လွန်လွန်ကျူးကျူးတွေများ‌‌ ပြောမိသလား။
လင်းသူရတွေးသော်လည်း ခေါင်းများသာ ချာချာလည်ပြီး သူ မမှတ်မိပေ။

"အရက်ကို အရမ်းမသောက်သင့်ဘူး"

သူ‌‌ရေရွတ်ကာဖြင့် ရေချိုးခွက်ကိုယူပြီး အဆောင်က ရေချိုးကန်တွင် အရက်‌ကြောင့် မူးနောက်နေသော‌ ခေါင်းနှင့် အနံ့အသက်များပျောက်အောင် ရေချိုးလိုက်သည်။ရေချိုးခြင်းကြောင့်လန်းဆန်းသွားသော စိတ်နှင့် အဝတ်အစားများလဲကာ ကျောင်းသွားရန်ပြင်ဆင်တော့သည်။

ကျောင်းသွားတော့မည့်အချိန်တွင် အမြဲသွားခေါ်နေကျ ဘုန်းကို ခေါ်ရန် ဘုန်းတို့ အခန်းတံခါးကိုခေါက်လိုက်တော့ တံခါးလာဖွင့်ကာစောင့်အုံးနော်လို့ပြောနေကျ ဘုန်းကိုမတွေ့ပဲ အရက်နာကျနေသော မင်းခန့်ကိုသာ သူတွေ့လိုက်ရသည်။ အခန်းထဲလှမ်းကြည့်လိုက်တော့ ဘုန်း၏အိပ်ယာသည် ခေါက်လျက်သား။

"ဘုန်း ကော "

လင်းသူရ သူ၏ရှေ့တွင်အိပ်ချင်မူးတူးနှင့် ဖင်ကုတ်ခေါင်းကုတ်လုပ်နေသော မင်းခန့်အား မေးလိုက်တော့

"ခရေလမ်း" (Completed)Where stories live. Discover now