Final Part 67

4.1K 72 10
                                    

ခရေလမ်း အပိုင်း၆၇ (Final part)

(Unicode)

ဘုန်းရဲ့ ကျန်းမာရေးအခြေအနေက သိပ်စိုးရိမ်ရသည့် အခြေအနေမျိုး မဟုတ်တော့ပေမည့် အရေးပေါ်အခန်းတွင် ထားထားရတုန်းပင်။ အခန်းထဲတွင် ဘုန်းအပါအဝင် လူနာ သုံးယောက်လောက်သာရှိပြီး ထိုအခန်းထဲတွင် လူနာတစ်ဦးလျှင် လူနာစောင့်မှာလည်း တစ်ဦးကျသာ စောင့်ခွင့်ရှိသည်။ အခန်းထဲသို့ဝင်ရင်လည်း ပိုးသတ်ထားသော ဝတ်စုံများကို ပြောင်းလဲဝတ်ဆင်ပြီးမှဝင်ခွင့်ရသည်။ သို့မှသာ ကိုယ်ခံအားနည်းလူနာများအတွက် ပြင်ပေရာဂါမဝင်ရောက်နိုင်အောင် တားဆီးနိုင်မည်ဖြစ်သောကြောင့်ပင်။

အခု ဒေါ်လှသူဇာတစ်ယောက် ဘုန်းအား လူနာစောင့်လို့နေသည်။

"မေမေ အပင်ပန်းမခံပါနဲ့ဗျာ။ သားလည်းနေကောင်းနေပါပြီ။ အိမ်ပြန်ပြီးအနားယူတော့လေ"

ဘုန်းသည် စကားကိုနှေးကွေးစွာ ပြောသည်။

"သားလေးမပြောရင်တောင် အမေက အိမ်ပြန်တော့မှာပါ ခဏနေရင် မင်းအမလာပြီးစောင့်လိမ့်မယ်။"

"သားကြောင့် မမကိုပါ အလုပ်ရှူပ်စေရပြီ"

မျက်နှာလေးကို အောက်သို့ငုံ့ရင်း ဘုန်းသည် မချင့်မရဲလေးပြောသည်။ သူကြောင့် ဤမိသားစုတွေ ဒုက္ခများသည်ဆိုသည့် အတွေးလေးကြောင့် အားငယ်သည့် စိတ်ကလေးပင်ဝင်လာသည်။

"အမလေးသူလား အလုပ်ရှူပ်မှာ။ ဆေးဆိုင် များမစောင့်ရရင်ပြီးရောဆိုပြီး သွက်သွက်ကြီးလာစောင့်လိမ့်မယ်"

ဘုန်းရဲ့ အခုလိုအခြေအနေမျိုးတွေသည် ဒေါ်လှသူဇာနှင့် ရင်းနှီးနေကျမို့ သားလေးအတွက် တက်ကြွနေသလို ဟန်ဆောင်ကာ ပြောနိုင်သည်။ သူစိတ်ဓာတ်မကျနေမှ သူ၏သားလေးလည်း စိတ်မကောင်းမဖြစ်ရဘဲ ကောင်းကောင်းကြီးသက်သာပျောက်ကင်းနိုင်မှာကို ဒေါ်လှသူဇာသိသည်။ အပြုံးမပျက်ဘဲ ဘုန်း မပျင်းရအောင်လည်းစကားတွေပြောသည်။ စကားပြောရာတွင်လည်း ဘုန်း စိတ်ဆင်းရဲစေမည့် ကိစ္စများကို ရှောင်၍ပြောသည်။

ဘုန်းသည်လည်း ရွှင်လန်းမှုတစ်ခုကိုရလာသည်ဆိုပေမည့် မျက်နှာကတော့ ဖျော့တော့နေတုန်းပင်။
ဘုန်းနှင့် ဒေါ်လှသူဇာတို့ စကားတွေပြောနေတုန်း ဒေါ်လှသူဇာ၏ဖုန်းသည် တုန်ခါလာသည်။ အရေးပေါ်ခန်းထဲဝင်နေချိန်တွင် အနှောင့်အယှက်ဖြစ်မည်ဆိုး၍ ဖုန်းကိုအသံတိတ်ထားသောကြောင့်ပင် တဒီးဒီးတုန်ခါနေသော ဖုန်းကိုအလျင်အမြန်ကိုင်လိုက်ရင်း

"ခရေလမ်း" (Completed)Where stories live. Discover now