Part 51

413 25 0
                                    

ခရေလမ်း အပိုင်း၅၁

(Unicode)

.🎶..အမှောင်ညထဲ..ပျောက်ဆုံးခဲ့..နိဗ်‌ဗာန်ဘုံ...
ဒီမြို့ထဲ‌..မျှော်လင့်ချက်..ဈေးကြီးတယ်ဆို...
ကြယ်ကြွေတိုင်း... တိုင်တည်ခဲ့ ကောင်းကင်ဆီသို့...
အရှုံးပေးဖို့မတွေးရက်ဘူး, ဒါ ,ယာယီ ဒဏ်ရာတွေမို့ ,🎶

လင်းသူရ၏ သီချင်းသီဆိုသံက ဘွဲ့ယူပွဲ၏ ညစာစားပွဲမှာ ပျံ့လွင့်လို့လာသည်။ ဘွဲ့ရပြီးသော ကလပ်အဖွဲ့ဝင် နှစ်ယောက်ကြောင့် ဒီညမှာ Raefonix၏ ကြယ်တွေဝိုင်းသီချင်းကို ရွေးချယ်မိသည်။ ကြယ်တွေကြွေသည့်အခါတိုင်း ဆုတွေတောင်းဖူးကျသည်မှာ အိမ်မက်တွေရှိခဲ့သူတိုင်းမို့ပင်။

စင်မြင့်၏ အလယ်တွင် ခန့်ခန့်ညားညားနှင့်ဒရမ်ကို အနောက်တိုင်းဝတ်စုံနှင့်ကျကျနန တီးခတ်နေတဲ့သူကတော့ ရန်ပိုင်။ အနောက်တိုင်းစတိုင်ဘောင်းဘီအပြာနှင့် ရှပ်အင်္ကျီလက်ရှည်ကို ခေါက်ကာ အနောက်နားမှ ဂီတာကိုတီးခတ်နေသူကတော့ ကောင်းကင်လွှမ်း။ သူတို့နှစ်ယောက်၏ နောက်ဆုံး ကလပ်ဖျော်ဖြေပွဲလို့ဆိုရမည့် ဤပွဲလေးသည်ပုံမှန်ထက် အသက်ဝင်ခဲ့သည်။ ကြည်နူးစိတ်ကြောင့် ဖြစ်ပေါ်လာသည့် စီးချက်တိုင်းက စင်အောက်က ဘွဲ့ယူပြီးသည့် လူတိုင်း၏ခန္ဓာကိုယ်ကို လှုပ်လှုပ်ရွရွ ဖြစ်စေသည်။ ဘွဲ့တွေရကာ တစ်နယ်တစ်ကျေးဆီတွင် အလုပ်တွေကိုယ်စီလုပ်ကာဖြင့် သူတို့‌တွေ အခြေချရတော့မည်။ မတူညီသော အရပ်တွေကနေ ဆုံစည်းရသော သူတို့တွေ၏ ရေစက်တွေက သိပ်ကို ကြီးမားခဲ့သည်မို့ မခွဲနိုင်မခွာနိုင်။ အလွမ်းတွေကို ထွေးပွေ့ရင်း တွေ့ဆုံရသည့်တစ်ခဏမှာ ပျော်ပျော်ရွှင်ရွှင်ရယ်မောခဲ့ကျသည်။

🎶ကြယ်တွေဝိုင်း ဝိုင်း ဝိုင်း... ဖွဲ့ကာ ကခုန်,
အမှောင်မှာပျံ့လွင့် ဟိုအဝေးက တေသံချို..
လေနီကြမ်းထဲ တစ်စုံတစ်ခုအတွက် အသက်ရှင်လို့..
ဒီလို အိပ်ပျက်တဲ့ညတွေကို သီချင်းတစ်ပုဒ်လို ညည်းကာဆို....🎶

အကို ရဲထက်မာန်၏ ကီးဘုတ်သံက ကြက်သီးထဖွယ်ပေါ်ထွက်လာသည်။ သီဆိုနေသော လင်းသူရတစ်ယောက်ပင် ရဲထက်မာန်ဘက်သို့ လှည့်ကြည့်မိသည်။ လက်ချောင်းသွယ်သွယ်တွေက နူးနူးညံ့ညံ့တီးခတ်နေပေမည့် ထွက်ပေါ်လာသော အသံ၏ခန့်ညားမှုကတော့ မပြောပြတက်လောက်အောင်ပင် ကောင်းသည်။

"ခရေလမ်း" (Completed)Where stories live. Discover now