Part 39

488 23 0
                                    

ခရေလမ်း အပိုင်း၃၉

(Unicode)

စိတ်ဝေဒနာရှင်

တေဇဇော်သည် ဒီစကားလုံးလေးကို သူ၏ဦးလေးဖြစ်သူစိတ်ရောဂါကုဆရာဝန်ထံမှ အတော်အသင့်ကြားဖူး‌နေကျ စကားလုံးပင်ဖြစ်သည်။
ကြားဖူးတိုင်းလည်း သူထင်ခဲ့သည်က သွက်သွက်ခါအောင် စိတ်တွေလွတ်နေသူတစ်ယောက်ကိုမှ စိတ်ဝေဒနာရှင်တစ်ယောက်လို့။

အခုတော့ သူ၏ချစ်ရသူက စိတ်ဝေဒနာရှင်တစ်ယောက်တဲ့လေ။
ဦးလေးဖြစ်သူနှင့် ကုသနေတာကို သိ‌နေသည့်တိုင် စိုင်းသည် စိတ်လွတ်မနေဘူး။
တစ်နည်းအားဖြင့် ရူးမနေဘူးလို့ သူထင်မှတ်မိတာ။
ကြုံလာရသည့် ဝမ်းနည်းမှုတွေကြောင့် စိတ်ဓာတ်ကျရောဂါသာ ဖြစ်နေသည်ဟု သူတစ်ထစ်ကျယုံကြည်မိခဲ့သည်။

အခုတော့

စိတ်ထင်ယောင်ထင်မှားရောဂါ...
စိုင်းသည် သူ့အမေက သူ့ကို အခန်းတံခါးပိတ်ထားပြီး ထိန်းချုပ်ထားသည်ဆိုပြီး အမှတ်မှားနေသည့် ရောဂါ။

တေဇဇော်သည် သူအရှေ့တွင်ရှိ နေသော စိုင်းတို့၏ အိမ်ကလေးကို ကြည့်‌နေရင်းမှ စိုင်း၏အခန်းရှိရာသို့ မော့ကြည့်လိုက်သည်။
လိုက်ကာလေးတွေကာထားသော အခန်းလေးတွေကြည့်ရင်း စိုင်းဘယ်လောက်ထိတောင် ကြောက်နေမလဲလို့ တွေးမိလိုက်‌တော့ ရင်ထဲတွင် စိုးထိတ်ထိတ်။
ပူလောင်သည့် ရာသီဥတုတွင် လေအဝှေ့တိုင်းမအေးနိုင်လောက်အောင် သူ၏ရင်တွေပလောင်ဆူခဲ့ခြင်း။

တေဇဇော်သည် စိုင်း၏ အခန်းကို ငေးကြည့်နေတုန်းမှာပင် အိမ်ထဲမှ စိုင်း၏အမေသည် ခပ်ဖိုင့်ဖိုင့် ရှိသော ခန္ဓာကိုယ်နဲ့ အပြေးရောက်လာပြီး ခြံတံခါးကို ဖွင့်ပေးသည်။

"ဆရာ ဝင်ခဲ့ပါ"

သူ၏ဦးလေးဖြစ်သူကို တံခါးဖွင့်ရင်း သူကိုကြည့်လာသော စိုင်းအမေ၏မျက်ခမ်းတွေက ရဲစပ်လို့နေခဲ့တော့ သူ၏ရင်ထဲမျက်ခနဲ။
လွန်ခဲ့သည့်နေ့ကမှ အန်တီနာကျင်ပါစေတော့ဆိုပြီး စိုင်းကသူ့ကိုသူ သတ်သေဖို့ကြိုးစားတယ်ဆိုပြီး ပြောခဲ့သေးသည် မဟုတ်လား။
အခုတော့ မိခင်တစ်ယောက်အပေါ်သားတစ်‌ယောက်နှင့် ပတ်သတ်၍ နာနာကျင်ကျင်တွေပြောခဲ့မိလေခြင်း။

"ခရေလမ်း" (Completed)Where stories live. Discover now