Part 4

1.3K 54 2
                                    

ခရေလမ်း အပိုင်း ၄

(Unicode)

"ဟိုအကျီအမည်းနဲ့သားလေး ထ ဒီစာပိုဒ်လေး ဆရာမကိုဘာသာ ပြန်ပြ ပါအုံး"

ဆရာမရဲ့စကားသံအဆုံး တစ်ခန်းလုံးတွင်ဆယ်ယောက်ကျော်‌လောက်သာရှိသောကျောင်းသားများ တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ပြီး ‌

"ဟေ့ကောင်မင်းအကျီကအမည်းရောင် မင်းကို‌ ပြောတာထလိုက်"

"မင်းလဲမည်းတာပဲ မင်းပဲဘာသာပြန်ပြလိုက်"

"မင်းကအသားကောမဲတာ ထကွာ"

ဘုန်းနှင့် သက်ဦးပိုင်ဟူသော အသားခပ်မဲမဲနှင့် သူငယ်ချင်းနှစ်ယောက် ဘယ်သူက ပိုမဲကြောင်းပြောနေတာကြောင့် ဆရာမကမနိုင်လှသောသူ၏ပထမနှစ်ကျောင်းသားတွေကို မျက်မှောင်ကြုတ်၍ကြည့်လိုက်သည်။

"အမလေးကိုယ်တော်ချောတို့ရယ် တိတ်ကျ ဟိုဂျင်းအမည်းနဲ့ဆံပင်ခပ်ရှည်ရှည်နဲ့သား"

ငြင်းခုံခြင်းမရှိသော ဆိတ်ဆိတ်သာနေသော လင်းသူရသည် ရပ်ကာ သူ့မျက်နှာကိုသူ လက်ညိုးနှင့်ထိုးလိုက်ပြီး

"သားလား"

"အေး‌အေး သား.. သားနံမည်က"

"လင်းသူရပါ တီချယ်"

"အေး ဆံပင်တွေရှည်‌နေပြီသားရေ ညှပ်.လိုက်ပါအုံး"

ဆရာမစကားပင် မဆုံးသေး
လင်းသူရတစ်ယောက်မဆိုင်းမတွပင်

"သားကဆံပင်ရှည်ထားမှာ ချယ် "

မပြောရင်လည်းမ‌ပြော ပြောလျှင်လည်းဒဲ့တိုးပြောတတ်သော လင်းသူရကြောင့် တစ်ခန်းလုံးက ဝါးကနဲ ထရယ်ကြတော့သည်။

လှပသောဆရာမသည် ဟန်ပါပါနှင့် မိမိမျက်မှန်ကိုအပေါ်သို့ပင့်တင်ကာ စိတ်ညစ်နေဟန် နှာရိုးကို လက်ဖြင့် ထောက်လိုက်ပြီး

"ထားတော့ ပြန် "
ဟု စိတ်ပျက်လက်ပျက်‌ ပြောလိုက်တော့

"ဟုတ်တီချယ် ဟင်ချယ် ဘယ်ကိုပြန်ရမှာလဲ ချယ်စာမသင်တော့ဘူးလား"

လင်းသူရသည် ဘာမှမသိသောမျက်နှာဘေးနှင့် မေးရာ ဆရာမသည် ပို၍ပင် စိတ်ပျက်လက်ပျက်ဖြစ်သွားရသည်။ ဒီကလေးသည် ရိုးလွန်းတာလား လည်လွန်းတာလား အကဲမဖြတ်မိ ခင်

"ခရေလမ်း" (Completed)Where stories live. Discover now