Part 10

1.1K 36 1
                                    

ခရေလမ်း အပိုင်း၁၀

(Unicode)

Background music
Ar-t _အိမ်မက်‌လေး

......

မှောင်မိုက်သည့် ညတစ်ည၏အလယ်။ လင်းသူရသည်ကုတင်ပေါ်တွင်လှဲနေပြီး
မနက်ဖြန်ဆို ကျောင်းဖွင့်တော့မည် ဖြစ်သောကြောင့် ကျောင်းသို့ပြန်ရတော့မည့် အကြောင်းတွေးတောကာလို့နေသည်။
ချစ်ရသူနှင့်သူငယ်ချင်းများကို တွေ့ရတော့မည်မို့ လင်းသူရတစ်ယောက် အပျော်ကြီးပျော်နေပေသည်။

အဓိက လင်းသူရတွေးမိတာက ဘုန်း၏အကြောင်း။
ဒီနှစ်လအတွင်းဘုန်းဘာတွေများ ပြောင်းလဲသွားမည်တုန်း။
အရပ်တွေများရှည်လာပြီလား။ ငယ်ရုပ်လေးပျောက်ပြီး ယောက်ျားဆန်သော မေးရိုးလေးများရှိလာပြီလား။ ဆံပင်ငုပ်စိတွေတော့ သေချာပေါက်ရှည်လောက်ပြီ နှုတ်ခမ်းဖူးဖူးလေးတွေကော အရင်လိုဆွဲဆောင်မှုရှိတုန်းလား ။စသည်ဖြင့်အမျိုးမျိုးတွေးရင်း ပြုံးခဲ့မိသည်။

လင်းသူရသည် ဘုန်း၏နှုတ်ခမ်းတွေကိုစဉ်းစားမိတော့ နှလုံးသားကပင် တဒိတ်ဒိတ်ခုန်‌နေ၍ အခုပင်ပျံပြီး ဘုန်းအား သွားတွေ့လိုက်ချင်သည်။
သို့သော် မနက်ဖြန်‌တွေ့ရမှာပဲ ဆိုပြီးစိတ်ကိုမနည်းထိန်းထားရသည်။

ဒီရက်တွေအတွင်း ဘုန်းကို လွမ်းသည့်အ‌ကြောင်းများကို သံစဉ်များ ဖွဲ့သီပြီး သီချင်းတစ်ပုဒ် နှစ်ပုဒ်တောင်ရေးထားသည်။
Light and HIM ဟူသော YouTube channel‌နှင့် Facebook page လေးထောင်ထားပြီး cover songsများ ဆို၍ တင်ထားသည်။

ပထမဆုံးသီချင်းတင်ထားသည်က Ar-t ၏ အိမ်မက်လေးဟူသော သီချင်းလေးဖြစ်သည်။
မျက်နှာကို‌မ‌ဖော်ပြထားပဲ ကိုယ်နှင့် ဂီတာကိုသာ ပြထားသည်က ဆိုသူ မည်သူဆိုသည်ကို မဖော်ပြလို၍ဖြစ်သည်။
သိပ်တော့ နာမည်မရှိသေး၍ viewers 100 ကျော်လောက်သာရှိသေးပေမည့် ဝါသနာပါတာကို လုပ်နေရသည့် အတွက်ကြောင့် လင်းသူရပျော်ရွှင်သည်ကအမှန်။

ဂီတာလေးကို တစ်ချက်ကြည့်၍ လင်းသူရတစ်ယောက် အိပ်‌စက်ဖို့ရန် ကြိုးစားလိုက်၏။
သေချာပေါက် သူ၏အိမ်မက်ထဲတွင် ဘုန်းတစ်ယောက်စိုးမိုးထားအုန်းမည်။

"ခရေလမ်း" (Completed)Where stories live. Discover now