Part 31

620 27 7
                                    

ခရေလမ်း အပိုင်း၃၁

(Unicode)

စာမေးပွဲနီးပြီးဖြစ်သောကြောင့် လင်းသူရနှင့် ဘုန်းသည် လင်းသူရ၏အခန်းထဲတွင် စာလုပ်နေကျသည်။
ချစ်သူဖြစ်ခဲ့သည့် အချိန်ကလဲ တစ်လလောက်ရှိတော့မည်ဖြစ်သော်လည်း သူတို့နှစ်ယောက်သည် လက်ကိုင်ရုံအဆင့်မျှသာ။
နှစ်ယောက်စလုံးသည် ပထမဆုံးအကြိမ် ရည်းစားထားဘူးခြင်းဖြစ်၍ ချစ်သူတို့၏ပလီပလာစကားများမပြောတတ်ဘဲ တစ်ယောက်နှင့် တစ်ယောက် ခိုးကြည့်ခြင်း လက်ကိုင်ခြင်းတို့နှင့်ပင် သံသရာလည်နေပေသည်။
သူတို့နှစ်ယောက်တွဲနေ‌သည်ကို မင်းခန့်နှင့် အမွှာနှစ်ကောင်တို့မှ လွဲ၍ အခြားသူများမသိသေး။
ဖုံးကွယ်ထားခြင်းမျိုးမဟုတ်ဘဲ အခွင့်မသာသေး၍ မပြောရခြင်းမျိုးသာဖြစ်သည်။
သူတို့နှစ်ယောက် တွဲနေသည့် အချိန်မှစ၍ ကျူတိုတွေ ကျူရှင်တွေနှင့် ပြည့်နှက် နေ၍ သူတို့ကိုယ်တိုင်ပင် တစ်တူတူးဖို့မအားကျပေ။

ကြမ်းပြင်ပေါ်တွင်ခင်းထားသော ဖျာပေါ်တွင် စားပွဲခုံချပြီး သူတို့နှစ်ယောက် မျက်နှာချင်းဆိုင်၍ သင်္ချာတွက်နေကျသည်။
မိုးဖွဲဖွဲလေးကကျနေ၍ သင်္ချာတွက်ရန်အတွက် အကောင်းဆုံးသောအချိန်လေးဖြစ်သည်မို့ တွက်ရသည်မှာ ခေါင်းကြည်လွန်းလှသည်။

ဘုန်းသည် ပုဒ်စာတွေ၏အဖြေကို ရှာရင်းရှေ့တွင်ထိုင်နေသော လင်းသူရကို ကြည့်လိုက်သည်။ ဆံပင်‌ရှည်တွေကို စီးနှောင်ထားပြီး မျက်နှာပေါ်သို့ကျနေသည့် ဆံပင်အချို့ကို စပိန်လိမ်စကုတ်နှင့်လှန်တင်ထားသောကြောင့် ကကြီးပုံ မဟာနဖူးက ပေါ်ထွက်နေသည်။
မျက်ခုံးထူထူအောက်တွင်ရှိသော မျက်တောင်မွှေးတွေက တိုပြီးဆင်းနေသော်လည်း အတော်ပင်စိတ်စိတ် ပေါက်နေသည်။
ဖြောင့်ဆင်းသော နှာတံအောက်ကို တဖြည်းဖြည်းကြည့်နေရင်း အောက်နှုတ်ခမ်းကို အသာဖိကိုက်‌လိုက်သော လင်းသူရကြောင့် ဘုန်းသည်မျက်လုံးချင်း ဆုံမိကာ လန့်၍ လက်ပေါ်တွင်တင်ထားသောမေးသည်ပင် အောက်သို့ပြုတ်ကျသွားရသည်။

"မင်းငါကို အဲ့တိုင်းကြည့်နေရင် စာလုပ်ရတာ အဆင်‌မပြေတော့ဘူး"

"ခရေလမ်း" (Completed)Hikayelerin yaşadığı yer. Şimdi keşfedin