Part 30

792 28 1
                                    

ခရေလမ်း အပိုင်း၃၀

(Unicode)

"ချိုမာ နင်က ဒီကျောင်းမှာ တက်နေတာလား"

တေဇဇော်ပြောလိုက်တော့ ‌ထမီအပြာဝတ်ထားသောထိုကောင်မလေးသည် သူ့အားပြူးပြူးကြီး ကြည့်နေပါသည်။
အဘယ်ကြောင့်ဆိုသော် တေဇနှင့်သူသည် ဘော်ဒါတစ်ခုတွင် အတူတူတက်သည်မို့ မျက်မှန်းတန်းမိရုံလောက်သာ။ ပြီးတော့ ထိုကောင်မလေးသည် ချိုမာမဟုတ်ပဲ ချိုမာ၏သူငယ်ချင်းဝင့်ဝါသာဖြစ်သည်မို့။

ဝင့်ဝါသည် ချိုမာ၏ crushကြီး တေဇဇော်အား သိသော်လည်း ထိုသူသည် ဝင့်ဝါတို့အား စကားပင် အဖက်လုပ်၍မပြောဖူးသောကြောင့် အခုလိုစတင်နှုတ်ဆက်မှုမျိုးက သူ့အတွက် စိတ်အနှောက်အယှက်ဖြစ်ရသည်။ မသိရင် အရမ်းပဲခင်နေတဲ့သူငယ်ချင်းကိုပဲ ပြန်ပြီးတွေ့သလိုလို။

"ငါက ချိုမာမဟုတ်ဘူး သူ့ရဲ့သူငယ်ချင်းဝင့်ဝါ"

ထိုကောင်မလေးက ဘောက်ဆက်ဆက်  ပြောတော့ တေဇတစ်ယောက်လည်း

"အော်"
ဟူ၍သာ တတ်နိုင်ပြီး မှားယွင်းပြီးခေါ်လိုက်မှုအပေါ် အားတုံ့အားနာဖြစ်သွားရသည်။

တေဇသည်မျက်လုံးကို အနည်းငယ်စောင်းကြည့်လိုက်တော့ သူ၏အပုလေးသည် အပြာဝတ်ပုဆိုးလေးနှင့် သူတို့ရှိရာသို့ တစ်လှမ်းချင်းလာနေလေသည်။

ထို့ကြောင့် သူ၏အပုလေးမြင်နိုင်လောက်အောင် သွားများပေါ်အောင်ပြုံး၍ ထိုကောင်မလေးကို

"ငါက နင့်ကိုချိုမာလို့ထင်နေတာ ဟိုကောင်မလေးကိုကျတော့ ငါ့ကိုကြိုက်နေတဲ့ ကောင်မလေးလို့မှတ်ထားမိတော့ ဒါနဲ့ သူကော ဘယ်ကျောင်းတက်နေလဲ"

သူတို့ပြောနေသောအချိန်မှာပင် စိုင်းတစ်ယောက်အနားရောက်လာသောကြောင့် သူ့ကိုကြိုက်နေသောကောင်မလေး‌နေရာတွင် စိုင်းကြားလောက်အောင် ပိုပိုလိုလိုပင်ပြောလိုက်‌သေးသည်။

သို့သော်လည်း ပြုံး၍ကြည့်နေသော စိုင်းကြောင့် မနေ့ညက လင်းသူရသူအားမဟုတ်မဟက်တွေများပြောသွားလားဟူ၍ပင် ထင်ယောင်ထင်မှားဖြစ်ရသည်။

စိုင်းက သူ့ကို သဝန်မတိုဘူးလေ။

"ဝင့်ဝါ နင် တေဇဇော်နဲ့သိတာလား"

"ခရေလမ်း" (Completed)Where stories live. Discover now