Part 38

500 25 0
                                    

ခရေလမ်း အပိုင်း၃၈

(Unicode)

မီးရောင်တွေနှင့် ထိန်ထိန်ညီးနေသော ပျော်ဘွယ်မြို့လေး။
မနက်ဖြန်သည် သီတင်းကျွတ်လပြည့်နေ့ဖြစ်သည်မို့ ယနေ့ညကတည်းက ဗြောက်အိုးသံတွေကလည်း ဆူညံလွန်းလှသည်။
မပြည့်တပြည့်ဖြစ်နေသော လမင်းက ထိန်ထိန်သာလျက် သူတို့လူသားတွေအား ငုံ့၍ ကြည့်နေသယောင်။
ညှင်းဖွဲ့ဖွဲ့ လေသွေး၏အချက်တိုင်းတွင်လည်း ‌အအေးဓာတ်က အနည်းငယ် ပိုလို့နေသည်။

"ဟုတ် မေမေ သားမနက်ဖြန်ပြန်လာခဲ့ပါ့မယ်"

"မဟုတ်တာ မေမေကလည်း ဟားဟား ဟုတ် ဟုတ်ကဲ့ "

"ဒါဆို သားချလိုက်တော့မယ်နော်"

ဘုန်းသည် အိမ်နှင့်ဖုန်းပြောပြီးသည်နှင့် လင်းသူရကို ကြည့်လိုက်တော့ အိမ်ရှေ့တွင် ခုံတစ်ခုပေါ်တက်ကာ  အန်တီနှင့်အတူ မီးလုံးတွေနှင့် အလှဆင်လို့နေသည်။

"သားရေ ဟိုဘက်နည်းနည်း တိုးလိုက်ပါအုံး"

"အေးအေးအဲ့ဒီမှာချိတ်"

ဒေါ်ချယ်ရီ၏ ပြောလိုက်တိုင်း မီးကြိုးတွေကို ဟိုနှင့်ဒီရွေ့ပြောင်းနေသော အိမ်နေတုန်း ပုဆိုးတစ်ထည်နှင့် သူ၏ကောင်လေးသည် တစ်ချက်တစ်ချက် သူ့အားလှည့်ကြည့်၍ ပြုံးပြသေး၏။
သူဒီအိမ်မှာ နေခဲ့သည်သသမှာ လင်းသူရမွေးနေ့ကတည်းကဆိုလျှင် နှစ်ရက်လောက်သာ ရှိသေးသည်။
မနက်ဖြန် သူသာ ပြန်သွားလျှင် ကျောင်းဖွင့်သည့် အချိန်ထိ သူတို့ လွမ်းနေရအုန်းမည်။

ဖုန်းလေးကို ထုတ်လိုက်ပြီး လင်းသူရ၏ မီးဆင်နေသည့်ပုံလေးကို သူအမြတ်တနိုးဓာတ်ပုံရိုက်မိသည်။
မီးရောင်စုံတွေကြား ပုဆိုးတစ်ထည်နှင့် ဆံပင်ရှည်တွေက မလိုက်ဖက်ပေမည့် သူ၏အပြုံးတွေကတော့ ကြည့်၍ကောင်းလွန်းသည်။
ပြုံးလိုက်တိုင်း မို့တက်လာသော ပါးနှင့် မေးရိုးတွေက သွားရှည်ရှည်ဖွေးဖွေးလေးကိုလှစ်ဟာပြရင်း တကယ်ကို တည်ငြိမ်ကာ အပြစ်ကင်းလွန်းသည်ဟု ဘုန်းခံစားလိုက်ရသည်။

"ဘုန်းလေး ဖုန်းပြောလို့ပြီးပြီလား"

ဒေါ်ချယ်ရီသည် ဘုန်းအား ပြုံး၍ ပြောသည်မို့ သူခေါင်းငြိမ့်ကာ

"ခရေလမ်း" (Completed)Where stories live. Discover now