Part 32

601 28 1
                                    

ခရေလမ်း အပိုင်း၃၂

(Unicode)

အတန်းထဲတွင် စာသင်နေတုန်း ပေါက်ပေါက်ဖောက်သကဲ့သို့ စကားပြောနေသော ဘဝင်ရူးလေးနှင့် သက်ဦးပိုင် ။

အရှေ့က စာသင်နေသည့်ဆရာမက မျက်စောင်းတထိုးထိုးနှင့်ကြည့်နေပေမည့် သူတို့နှစ်ယောက်လုံး၏စကားသံတွေကမဆဲ။
တစ်ခါနှင့်တစ်ခါစကားပြောလိုက်လျှင် မပြီးနိုင်မစီးနိုင်။
ဘာတွေများပြောနေကျသလဲ ဟူ၍လင်းသူရသည် ဘုန်း၏အနားနားတိုး၍ နားထောင်မိတော့ လာမည့်ဘောလုံးပွဲတွင် မည့်သည့်အသင်းနိုင်မည်ဆိုသည့်အကြောင်း အားရပါးရဆွေးနွေးနေခြင်းပင်။

အာ ဆွေးနွေးခြင်းဆိုတာထက် မည့်သည့်အသင်းနိုင်မည်ကို အသည်းအသန်ငြင်းဆို‌နေတယ်လို့‌ပြောတာက ပို၍မှန်နိုင်သည်။

သူတို့နှစ်ယောက်ပြောတာကို နားထောင်နေတုန်း ကျောက်သင်ပုန်းပေါ်တွင် စာရေးနေသော ဆရာမက သူတို့နှစ်ယောက်ကို ကြည့်ပြီး ရေးနေသည်ကို လက်စသတ်၍ တဖြည်းဖြည်းဆင်းလာသည်။ ဒေါက်ဖိနပ်စီးထားသော ဆရာမက ခြေလှမ်းတစ်လှမ်းလှမ်းလိုက်တိုင်း တဂွက်ဂွက်နှင့် မို့
တစ်တန်းလုံး၏ အကြည့်ကလည်း သူတို့ထိုင်နေသောအတန်းဆီသို့။

လင်းသူရ ဘုန်း၏ပေါင်ကို လက်ချောင်းနှင့် အသာထိ၍သတိပေးလိုက်သော်လည်း သူလက်ကို ဖယ်ထုတ်လာ‌သော ဘုန်း။
သက်ဦးပိုင်နှင့် ဘောလုံးပွဲအကြောင်းပြောနေရသည်ကို ပို၍ဈာန်ဝင်နေသည်ထင်၏။

ဆရာမ၏ ဒေါက်ဖိနပ်သံတဂွက်ဂွက်ကို ကြားရလေလေ လင်းသူရချွေးပြန်လာလေလေ။
ဘုန်းတို့နှစ်ယောက်သား၏ စကားသံတွေပိုကျယ်လာလေလေ။
လင်းသူရ၏ကုတ်ခြစ်လာသော လက်တွေက ပို၍မြန်လာလေလေ။

"ဘာလို့ဒီလောက် ကုတ်နေတာလဲ"

လင်းသူရ၏လက်တွေကို ဖယ်ရန် စောင်းနေသော ကိုယ်ကို တည့်လိုက်တော့ ဘုန်းသည် သူ၏ရှေ့တွင်ရှိသော ဆရာမနှင့်မျက်လုံးချင်းဆုံသွားလေသည်။

ရင်ခုန်ခြင်းအစ မျက်လုံးက တဲ့

သိပ်မှန်သောစကားပါ။ဆရာမ၏မျက်လုံးတွေကို မြင်ရတဲ့ခဏ ဘုန်း၏ရင်ထဲ ကဗြောင်းကပြန်တွေတောင် ဖြစ်ကုန်ပြီးတံတွေးတွေပါမျိုချလိုက်ရသည်။ ဘေးနားက သက်ဦးပိုင်ကလဲ ဆရာမကို ကြည့်နေတာများပြူးလို့။

"ခရေလမ်း" (Completed)Where stories live. Discover now