Part 29

694 27 0
                                    

ခ‌ရေလမ်း အပိုင်း၂၉

(Unicode)

"ငါ သွားတော့မယ် ဘုန်း"

အဆောင်ရှိ ဘုန်း၏အခန်းအပေါက်ဝတွင် လင်းသူရတစ်ယောက် ဘုန်း၏လက်ကို ကိုင်ဆွဲ၍ မျက်လုံးချင်းဆုံကာ ပြောလိုက်တော့ နှုတ်ခမ်းဖူးဖူးလေးက ပြုံးတက်လာပြီး သူ့အားခေါင်းငြိမ့်ပြလာသည်။

"အင်း"

"ချစ်တယ်"

ကိုင်ဆွဲထားသော ဘုန်း၏လက်ကို ဖြုတ်၍ ဘုန်း၏နားရွက်ရှေ့ထိရောက်အောင်ရှည်နေသော ဆံပင် သန်သန်တို့ကို အကြောင်းမဲ့ ကိုင်တွယ်လိုက်သည်။
သူမခွဲချင်သေးဘူး အခုမှ လက်လက်ဆက်ဆက်ရထားသော ချစ်သူလေးအား ရင်ခွင်ထဲထည့်ထားပြီးအနမ်းတွေအားကြီးပေးချင်မိသည်။

သို့သော်သူ၏အခန်းထဲသို့ ခေါ်သွားဖို့အထိလည်း လင်းသူရအတင့်မရဲ။
အခန်းငယ်လေးထဲတွင် ချစ်ရသူနှင့်နှစ်ယောက်ထဲရှိခြင်းက အရာအားလုံးကို ဖြစ်စေနိုင်သည့်အတွက်။
အရင်တုန်းက တစ်ခန်းတည်းနေခြင်းနှင့်မတူပဲ အခုက ဘုန်းသည်သူ၏ချစ်သူဖြစ်လာချေပြီ။

နှစ်ခန်းစာလောက်ဝေးသော အကွာအဝေးတစ်ခုကို အခုမှ ဝေးသည်ဟုထင်နေမိသည်မို့ သူတကယ် ဘုန်း၏အနားမှ မခွာလို။
ဤအကြောင်းကို သီဟဇော်တို့သာ ကြားရင်တော့ ပိုသည်ဟုသူအပြောခံရနိုင်သည်။

"ကဲကဲ နှစ်ယောက်သား အခန်းရှေ့မှာ အကြည်စိုက်မနေကျနဲ့... ပြန်တော့ လင်းသူရ"

ချစ်ရည်ရွှမ်းနေသော အကြည့်တို့ကို အမြင်ကပ်စွာ မင်းခန့်ပြောလိုက်တော့ ဘုန်း၏မျက်စောင်းလှလှကို လင်းသူရမြင်လိုက်ရ၍ သူပြုံးမိသွားသည်။

"ငါသွားတော့မယ်"

"အင်းအင်း"

"စောန‌တည်းကပြောနေတာ ခုထိမသွားသေးဘူး"

ပြောပြောဆိုဆို အခန်းထဲအတင်းဝင်ကာ ဘုန်းကိုလည်း ဆွဲခေါ်သွားပြီး တံခါးကို ဒုန်းကနဲမြည်‌အောင် ပိတ်ချသွားပါသော မင်းခန့်။

မျက်နှာရှေ့ရှိ တံခါးပြင်ကို တစ်မိနစ်ခန့်စိုက်ကြည့်ပြီး လင်းသူရကြောင်နေ‌မိသော်လည်း ဘုန်း၏အထဲရှိအသံဆူဆူလေးကို ကြားမိတော့ ဒီကောင်လေးသည် အခုတော့ သူ၏ ချစ်သူကလေးတစ်ယောက်အမှန်တကယ်ဖြစ်လာသည်ကိုတွေးမိပြီး သူ၏ဘေးနားတွင် လိပ်ပြာလေးတွေပျံနေသလိုတောင် သူခံစားမိလိုက်သည်။

"ခရေလမ်း" (Completed)Where stories live. Discover now