Part 9

836 37 2
                                    

ခရေလမ်း အပိုင်း ၉

(Unicode)

"ဘုန်းထည်ဝါဝေ သားရဲ့နှလုံးအ‌‌ခြေအနေကတော့ မဆိုးပါဘူး... ဒီအတိုင်းလေးပဲ ဆက်ပြီးတော့ ဆေးသောက်ပြီး ကုသမှုခံယူရင် နှလုံးခွဲစိတ်စရာမလိုလောက်အောင် အ‌ခြေအနေကောင်းသွားမှာပါ.... အ‌မောတွေလဲသိပ်မခံနဲ့... သားဘာလုပ်ရမလဲ သားသိပြီးသားပါ.. ၃လတစ်ကြိမ်လောက်တော့ Medical Check up လေးလုပ်စေချင်တယ် ..ဆရာအကြံပြုတာပါ .."

"ဟုတ် သားလုပ်လိုက်ပါ့မယ် ဆရာ"

ဘုန်းထည်ဝါဝေသည် မိမိ၏ဆေးစာအုပ်လေးကိုယူကာ ဆေးခန်းမှထွက်လာလိုက်ပြီး ဝယ်ခိုင်းထားသော ဆေးများကို အိမ်ကဆေးဆိုင်တွင်ရှာရန် ဆေးစာရွက်လေးကို ဖတ်ကြည့်‌နေသည်။

ဘုန်းသည် သူ၏အခြေအနေကို အကြမ်းဖျင်းကောင်းတယ်ဆိုတာ အမေဖြစ်သူအားပြောပြရန်အတွက် ဖုန်းကိုထုတ်လိုက်ပြီး အမေဖြစ်သူ ဒေါ်လှသူဇာထံ ဖုန်းခေါ်လိုက်သည်။

" ဟလို မေမေ သားပြီးသွားပြီ"

" ..."

"ဆရာက‌ ပြောတယ် ဒီအ‌ခြေအနေတိုင်းနေရင် ခွဲစိတ်စရာမလိုလောက်ဘူးတဲ့"

"..."

"ဟုတ်တယ်မေမေ ဒါနဲ့သားအပြင်မှာ မုန့်ဝင်စားချင်လို့ ခဏလောက်ကြာမယ်"

"..."

"ဟုတ်မေမေ ဟုတ် သားချလိုက်မယ်နော်"

ဘုန်းသည် ဖုန်းချလိုက်ပြီး ဖျားတုန်းကအရမ်းစားချင်နေသော ပီဇာစားမည်ဟုတွေးကာ Lavender Houseဆီသို့ သွားတော့သည်။

Lavender house café ကိုရောက်တော့ မိမိတို့သူငယ်ချင်းလေးယောက် အတူတူစားခဲ့သည်ကို သတိရမိသည်။
ယခုဆိုလျှင် ဤကော်ဖီဆိုင်လေးသည် အခြားသော Menuများပင် ထပ်တိုးထားပြီး ဆိုင်ခန်းအပြင်အဆင်ကလည်း နှစ်ပတ်လောက်အတွင်း  တော်တော် ပြောင်းလဲသွားသည်။
ဆိုင်၏အလယ်တွင် စာအုပ်စင်လေး ရှိ‌ပြီး ပန်းပွင့်ပုံ ပန်းချီကားလေးများလည်း ချိတ်ဆွဲထားသည်။ ထိုပန်းပွင့်လေးများ၏ Messageလေးများလည်း ရေးထားလေသည်။
ဘုန်း၏ဘေးနားတွင်ရှိသော ပန်းချီကားလေးသည် ဇီဇဝါ ပန်းရုံလေးထဲတွင် အလှပဆုံးပွင့်လန်းနေသော ဇီဇဝါပန်းလေးကို focusထားဆွဲထားတာဖြစ်ပြီး ထိုပန်းလေးရဲ့ Messageက *I love you in secret*တဲ့။

"ခရေလမ်း" (Completed)Where stories live. Discover now