Part 37

533 24 0
                                    

ခရေလမ်း အပိုင်း၃၇

(Unicode)

"သမီး အရည်လေး"

ရွန်းလဲ့သည် အိမ်တွင်ရှိသော တွေ့ရာစာအုပ်တစ်အုပ်ကို ဆွဲကာ စာဖတ်နေရင်းမှ  အဖေဖြစ်သူထံမှ ခေါ်သံကြောင့် နောက်သို့ လည့်ကြည့်လိုက်တော့ ပျဉ်ထောင်အိမ်လေး အပြင်ဘက်ကနေ မြင်နေရသော အဖေ။
သန့်ပြန့်ပြီး ဖွေးဥနေသော အသားအရည်နှင့် ထိုသူသည် တနည်းအားဖြင့် ရွှန်းလဲ့တို့ သားအမိနှစ်ယောက်ကဲ့ ကယ်တင်ရှင်။
အဖေမရှိသော သူနှင့် သူ့အမေကို ကယ်တင်ပြီး အဖေနေရာမှ ပြုစုစောင့်ရှောက်ပေးခဲ့သူ။
အခုတော့ ဂျပန်ကနေ ခဏအလည် ပြန်လာတယ် ထင်ပါရဲ့။

ပြုံးပြနေသော ဦးရှိန်ဝင်းထည်ကို သွားများပေါ်အောင် ပြုံးပြပြီး ခုံပေါ်က ဆင်းကာ luggageကို ဆွဲကူလိုက်သည်။

"အဖေ ဦးလေးကော သက်သာရဲ့လား"

စတွေ့တွေ့ချင်း ရွှန်းလဲ့၏အပြောကို မဖြေပဲ ဦးရှိန်ဝင်းထည်သည် ရွှန်းလဲ့၏ ခေါင်းကိုသာဖွဖွလေးပွတ်သည်။

"မတွေ့ရတဲ့ လေးလမှာ သမီးက တော်တော်ကို လှနေတာပဲ ဒါနဲ့ အမ ကော"

သူ့စကားကို မဖြေပဲ အမေကို မေးလာ၍ ရွှန်းလဲ့ဆက်မပြောတော့ပေ။
သူ့အဖေ၏ ချစ်သူတစ်ဖြစ်လဲ ဦးလေးရောင်နီ မသက်သာသေးဘူး ဟူ၍သာ ရွှန်းလဲ့တွေးထင်မိသည်။

"အမေက အိမ်နောက်ဖေးမှာ အပင်တွေ ပိုးကျလို့ ကြည့်နေတာ"

"ဒါဆို အဖေ အမကို ပြောစရာရှိလို့ စကားသွားပြောလိုက်ဦးမယ် အိတ်ကို အခန်းထဲကို သွားပို့ပေးအုံးနော် သမီး"

ပြောရင်းနှင့် အစောတလျင် အိမ်နောက်ထဲသို့ ဝင်‌သွားသူကို ရွှန်းလဲ့သည် အတော်တန်စိုက်ကြည့်နေမိသည်။
ထို့နောက် luggageကို ဆွဲ၍ ဦးရှိန်ဝင်းထည်၏ အခန်းထဲသို့ ပို့ပေးလိုက်သည်။

နှစ်ထပ်ပျဉ်ထောင်အိမ်လေး၏ လှေကားကနေတက်သွားရင် လမ်းအဆုံးနားတွင် သုံးထပ်ပြားလေးတွေ ကာ‌ထားသော အခန်း‌လေးသည် ဦးရှိန်ဝင်းထည်၏ အခန်းလေး။ သူ၏ကိုယ်ပိုင်အခန်းလေးထက် ကျဉ်းသော ထိုအခန်းလေးတွင်
စာအုပ် အနည်းငယ်က စားပွဲခုံအချို့တွင် စီစီရီရီရှိနေပြီး ဗီဒိုလေးတစ်ခု နှင့် တစ်ယောက်အိပ်ကုတင်လေးတစ်လုံးသာ ရှိသည်။
လူမနေတာကြာနေသော်လည်း ဤအခန်း၏အခြေအနေသည် ဤအတိုင်းသာ။

"ခရေလမ်း" (Completed)Where stories live. Discover now