Part 11

807 35 3
                                    

ခရေလမ်း အပိုင်း၁၁

(Unicode)

ကျောင်းများဖွင့်သည်မှာ တစ်ပတ်လောက်ကြာပြီ ဖြစ်သော်လည်း ယနေ့မှသာ စာသင်ခန်းထဲတွင် ကျောင်းသားကျောင်းသူများသည် စာသင်ရန်လာကြသည်။သို့သော်လည်း အပြည့်အဝတော့စုံသေးသည်မဟုတ်။ အချို့က သူငယ်ချင်းများနှင့်ခရီးလွန်‌နေပြီး အချို့ကတော့ အိမ်ကနေတောင်မလာကြသေးပေ။

လင်းသူရနှင့်ဘုန်းတို့ သူငယ်ချင်းတစ်တွေကတော့ ထိုနေ့မှစ၍အတန်းတက်ကာ တစ်နေ့နှင့်တစ်နေ့ စာသင်လိုက်၊အတန်း‌ ပြေးလိုက်၊အဖွဲ့အစည်းတွေ၏ အလုပ်ကိုလုပ်လိုက်ရနှင့် တက္ကသိုလ်ကျောင်းဖွင့်ရက်တွေကို အကျိုးရှိစွာ အသုံးချ‌နေကြသည်။
အခုဆိုလျှင် The Whole Welcome ပွဲများပင်စတော့မည်ဖြစ်သော‌ကြောင့် ကျောင်းတစ်ခု၏စကားဝိုင်းတွင် The Whole Welcomeဆိုသည့်စကားမှာ မပါမဖြစ်ပင်။

ထို့‌ကြောင့် Major Kingဖြစ်သည့် တေဇဇော်တစ်ယောက်သည် အလုပ်များရှုပ်၍ အတန်းများပင် မတက်နိုင်။ လင်းသူရတစ်ယောက်လည်း Music Club ထဲဝင်သွားပြီး Welcomeအတွက် သီချင်းဆိုရန် အမြဲတမ်းလိုလို သီချင်းဆိုလေ့ကျင့်‌ နေရသည်။

အခုလည်း Music Club အဖွဲ့သားများ နှင့် အတူတူလေ့ကျင့်နေသော‌ကြောင့် ဘုန်းသည် အဖော်မဲ့ကာ မိအိမ့်တို့နှစ်ယောက်နှင့်သာ ကန်တင်းအတူထိုင်ရတော့သည်။ လင်းသူရနှင့် စကားကောင်းကောင်းမပြောရသည်မှာ တစ်ပတ်လောက်တောင် ရှိတော့မည်ထင်။

Music Club မှအကိုကြီးများနှင့် ညားသွားမည်‌တောင် ဘုန်းတစ်ယောက် စိုးရိမ်မိရင်း တစ်ကယ်ပင် စိတ်မကြည်တော့ချေ။ Welcome ပြီးနောက်တစ်ရက်သည် သူ၏မွေး‌နေ့ဖြစ်သည်။ ဒါကို လင်းသူရသည် သိပုံမပေါ်။

သူနှင့်ချစ်သူတွေမဟုတ်ဘဲ သူငယ်ချင်းတွေမို့ မွေးနေ့ကို မသိသည်ကို သည်းခံနိုင်သည်ဆိုသော်လည်း လင်းသူရနှင့် စကား‌‌ပြောလျှင် သုံးခွန်းပြည့်အောင်ပင် ဘုန်းမပြောရသေးသော‌ကြောင့် မွေးနေ့အ‌ကြောင်းကိုလည်း လင်းသူရအား ပြောမပြသေးပေ။ လင်းသူရကို သူ၏မွေးနေ့ကို ပြောရ၍ လင်းသူရထံမှ သူ့အတွက်ပေးမည့် လက်ဆောင်ကို လိုချင်ပေသည်။ ရလာမည့် လက်ဆောင်ကိုလည်း ဘုန်းတသက်လုံး တန်ဖိုးထားဖို့ဆုံးဖြတ်ပြီးသား။

"ခရေလမ်း" (Completed)Where stories live. Discover now