Part 33

585 26 1
                                    

ရေလမ်း အပိုင်း၃၃

(Unicode)

*ဒေါက် ဒေါက်

"ဘုန်း တံခါးဖွင့်ပေးအုန်း"

ဘုန်း၏အခန်းတံခါးကို လင်းသူရသည်ကျယ်လောင်စွာ ခေါက်လိုက်ပြီး နှုတ်ခမ်းမှလည်း ဘုန်း၏နာမည်ကို တတွတ်တွတ်ရွတ်ကာ ခေါ်လိုက်သည်။
စာကြည့်တိုက်မှ ပြန်လာလာခြင်း ကန်တင်းတွင်မတွေ့သောကြောင့် ဘုန်းသည် အဆောင်သို့ပြန်သွားသည် အထင်နဲ့ သူအဆောင်အထိ ပြေးလိုက်ခဲ့ခြင်းပင်။
စာကြည့်တိုက်ကို လိုက်လာတယ်ဟု မိအိမ့်နှင့် အမဲကောင်က ပြောပေမည့် သူတို့နှင့်လည်းမတွေ့သောကြောင့် ဖုန်းခေါ်လိုက်တော့လဲ မကိုင်။
ဘာကြောင့်လဲမသိပေမယ့် ဖုန်းခေါ်တာလည်း မကိုင်သောကြောင့် ဘုန်းသည်တစ်ခုခုအပေါ်စိတ်ခုသွားကြောင်း သူရိပ်မိခဲ့သည်။
ဘာပဲဖြစ်ဖြစ် ဘုန်းနှင့် သူ၏အကြားတွင်ရှိသော အထုံးများကို ဖြေဖျောက်ရန်အတွက် သူဘုန်းနှင့်စကားပြောလိုသည်။

"ဘုန်း တံခါးဖွင့်.."

သူစကားမဆုံးခင် အခန်းတံခါးသည် ပွင့်သွားပြီး အထဲရှိဘုန်းက သူအား လက်မှတဆင့်စောင့်ဆွဲကာ အခန်းထဲသို့ခေါ်သွင်းသည်။
ထို့နောက် သူ၏နှုတ်ခမ်းထက် နူးညံ့သော အထိအတွေ့ကို လျက်တစ်ပြတ်ခံစားလိုက်ရသည်။

'ဘုန်းကအခု သူ့အားနမ်းလိုက်တာလား အခြားနေရာကိုမဟုတ်သူ၏နှုတ်ခမ်းကိုလေ'

သူအံ့ဩသွားသောအချိန်တွေမဆုံးခင် နောက်တစ်ခါ ပြန်လည်နမ်းရှိုက်လာပါသော ဘုန်း၏နှုတ်ခမ်းတွေ။
တစ်ချိန်လုံးတပ်မက်ခဲ့ရသော ဘုန်း၏နှုတ်ခမ်းတွေက အခုတော့ ဘုန်း၏အလိုကျ သူ၏နှုတ်ခမ်းထက်တွင်။
လင်းသူရသည် ဘုန်း၏ခေါင်းကို လက်နှင့်ထိန်းကာ ပြန်လည်ဦးဆောင်ကာ နမ်းရှိုက်လိုက်ပြီး ပို၍နီးကပ်သွားစေရန် ဘုန်း၏ခါးလေးကို ဆွဲလိုက်သည်။
ခေါင်းငုံ၍ နမ်းရတာအားမရ၍ ဘုန်းအား တံခါးဘက်သို့တွန်းလှည့်လိုက်ပြီး ဒခေါက်ကွေးမှတစ်ဆင့် ချီမကာအရပ်ချင်းတန်းတူဖြစ်စေသည်။
ဘုန်း၏နှုတ်ခမ်းပါးတွေနှင့် လျှာလေးက အရာရာထက် အိစက်မက်မောမှုတွေအပြည့်။
အနမ်းတွေကြာမြင့်လာသဖြင့် လင်းသူရက တားမြစ်လိုက်သော်လည်း ဘုန်းက ထပ်မံထပ်မံသူ၏နှုတ်ခမ်းပါးတွေဆီသို့ ချည်းကပ်လာပြန်သည်။
ရီဝေဝေနှင့် ဘုန်း၏မျက်လုံးတွေက မျက်ရည်စများပင်တွဲခိုနေပြီး ဒီနေ့မှ ထူးထူးခြားခြား ဘုန်း၏မျက်လုံးထဲမှ ရမက်ဟူသော အရာကို မြင်လိုက်ရသည်။

"ခရေလမ်း" (Completed)Where stories live. Discover now