Part 13

733 31 2
                                    

ခရေလမ်း အပိုင်း၁၃

(Unicode)

Background music
Christina Perri _ Human

အတိတ်

မိတ္ထီလာမြို့၏ အထက်တန်းကျောင်းလေးသည် လင်းသူရ၏ ပညာသင်ရာကျောင်းလေး။ အသက်က ဆယ့်သုံးနှစ် ၈တန်းအရွယ် ကျောင်းသားဖြစ်သည့် လင်းသူရသည် မည်းနက်နေသော မျက်ခုံးထူထူနှင့် အခုမှ အရွယ်ရောက်လာသော ဆယ်ကျော်သက်‌လေးတစ်ဦးသာ။ ကျောင်းဝန်းအတွင်း လူခြေတိတ်သော သစ်ပင်တစ်ပင်၏အောက်တွင် လင်းသူရသည် အသည်းပုံချောကလက်ဘူးလေးကို ကိုင်ထားသည်။

၈တန်းအရွယ်ကျောင်းသားလေးလင်းသူရသည် အခြားသောကျောင်းသားလေးများထက် အနည်းငယ်ညှက်ပြီး မျက်ခုံးကောင်းကောင်းနှင့် ညိုပြီးကြည့်‌ကောင်း‌သော မျက်ဝန်းများကြောင့် ချောမောသော လူပျိုပေါက်လေးပင်ဖြစ်သည်။

ဒီ‌နေ့သည် Valentine's dayဖြစ်သောကြောင့် လင်းသူရသည် သူကြိုက်ရသော ကောင်လေးအားချောကလက် ပေးရန်အတွက် ကျောင်းဆင်းချိန် သစ်ပင်အောက်တွင် ရင်ခုန်စွာနှင့်စောင့်နေချိန်

"ဟေး လင်းသူရ အချိန်းအချက်တွေလုပ်ပြီးဘာ‌ ပြောမလို့လဲ"

လင်းသူရသည် ခပ်စွာစွာ အသံရှိသော ကောင်လေးဘက်ကို လှည့်လိုက်သော်လည်း ခေါင်းကိုငုံ့ထားသောကြောင့် ရှမ်းတိုင်းရင်းသားလေး၏ ဖြူဖွေးသော ခြေဖမိုးလေးတွေနှင့် ခြေမျက်စိဖုံးအောင် ဝတ်ထားသော ပုဆိုးစိမ်းလေး၏အစွန်းကိုတွေ့ရလိုက်သည်။
သူ့‌ကြောင့်ရင်ခုန်သံတွေမွေးဖွားပြီး သူ‌ကြောင့် ကိုယ့်ဖြစ်တည်မှုကို နားလည်လာခဲ့တာ။

လင်းသူရသည် စိုင်းကိုတွေ့သည်နှင့် လက်နှစ်ဖက်ကိုရှေ့ကို ဆန့်ထုတ်ပြီး

"စိုင်း..ငါမင်းအတွက်"

လင်းသူရသည် စိုင်း၏ရှေ့တည့်တည့်သို့ ချောကလက်ဘူးလေးကို မဝံ့မရဲကမ်းလိုက်တော့ မျက်လုံးတွေပြူးကျယ်သွားသော စိုင်း။

သူဆက်‌မ‌ပြောခင် စိုင်းဇေယျာလင်း၏နောက်မှ သူတို့၏အခန်းဖော်သူငယ်ချင်းနှစ်ယောက်သည် မျက်နှာပျက်လျက်ပေါ်လာခဲ့သည်။

"ခရေလမ်း" (Completed)Where stories live. Discover now