Part 35

582 24 0
                                    

ခရေလမ်း အပိုင်း၃၅

(Unicode)

"ဟဲ့ မောင်နှောင်း ဟိုဘက်ကို သိမ်းအုန်းလေ"

"ဟုတ်ကဲ့မမ"

မောင်နှောင်းလေး၏ မမဟူသော အခေါ်ကို ကြား၍ ဒေါ်ကည်ဖြူတစ်ယောက် ဟက်ဟက်ပက်ပက် ရီမိပါသည်။
သူ၏သားအငယ်ကောင်လောက်သာ အသက်ရှိသော ထိုကလေးက သူ့အား မမဟုခေါ်၍ အမြဲချွဲတတ်သည်။

"ငါက နင့်အမေထက်တောင် ကြီးသေးတယ် မမလို့ခေါ်လည်း ပိုက်ဆံပိုမပေးဘူးနော် မောင်နှောင်း"

ဒေါ်ကြည်ဖြူတစ်ယောက်က ကျန်နေသည့် ထမင်းနှင့်ဟင်းတွေကို သူ၏အလုပ်သမားတွေကို ပေးရန်အတွက်ထုပ်ပိုးပြီး ပြောတော့ ပန်းကန်တွေကို အထပ်လိုက်သယ်ထားသော မောင်နှောင်းကလေးက ကျိုးနေသော သွားလေးပေါ်အောင်ဟီးခနဲပြုံးပြသည်။
အသက်က ဆယ့်သုံးလောက်ရောက်နေပေမည့် ကျိုးနေသည့်သွားလေးက အာဟာရ မပြည့်ဝလို့ထင် အသစ်ထွက်မလာ။
အိမ်ကနွမ်းပါးသောကြောင့် ဆုတ်ပြဲနေသော ကျောင်းစိမ်းအင်္ကျီလေးကို ဖာ၍ဝတ်သည်မို့ သားအကြီး၏အင်္ကျီတွေကို ပေးဝတ်တော့ ကွက်တိ။
အခုတော့ ခပ်ဝါဝါဖြစ်နေသော ကျောင်းစိမ်းအင်္ကျီကိုဝတ်၍ သူ၏ ထမင်းဆိုင်လေးပိတ်သိမ်းရာတွင် ကူညီလို့နေသည်။
ကျောင်းဆင်းတွင် လာကူညီသည်မို့ အိမ်ပြန်ရင် သူဟင်းစားလေးပေးရအုံးမည်။
ကျောင်းပိတ်ရက်ဆိုလျှင်တော့ တစ်နေကုန် ဆိုင်တွင်သာ အလုပ်လုပ်လေ့ရှိတော့ ကလေး။

ဆိုင်အကုန်သိမ်းပြီးသည်နှင့် ထိုကလေးသည် အခြားသော အလုပ်သမားတွေနှင့်အတူ ဟင်းထုတ်လေးကိုင်ကာ ခုန်ပေါက်ကာ ပြန်သည်။
သူ၏သားအကြီး စိုင်းဇေယျာလင်းသည် တစ်ချိန်က ဤကဲ့သို့ ကလေးတစ်ယောက်လို ခုန်ပေါက်ကာ ပြေးလွှားဘူးပါသလား။
ဒေါ်ကြည်ဖြူ မသိပါ။
အချိန်တိုင်း သူ၏ ထိန်းချုပ်မှုအောက်တွင် ခေါင်းငုံ့၍သာ နေသော ကလေး၏မျက်နှာထက် အပြုံးဆိုတာ ဒေါ်ကြည်ဖြူရှာမတွေ့ခဲ့သည်မှာ နှစ်အတန်ကြာပြီ။
အချိန်တိုင်းသူ၏အပြောအဆိုတွေကြောင့် သူ့ကို သားဖြစ်သူက မုန်းနေလောက်ပါသည်။
သို့ပေမည့် ဒေါ်ကြည်ဖြူ မမှုပါ ။
အခြောက်ဟူသည် လူတွေကတွေ့သည်၊ကြားသည်၊မြင်သည်နှင့် နှာခေါင်းရှုံကျကာ ဝေဖန်ကျသည်မို့ပါလား။
သားဖြစ်သူအား အခြောက်ဟူသော နာမည်ဖြင့် ကင်ပွန်းမတပ်စေချင်။
သူသည်အတ္တကြီးသည် ဆိုဆို သူ၏သားသည် ဝင့်ဝင့်ထည်ထည် ယောက်ျားတစ်ယောက်ဖြစ်စေရမည်။
ဒါက သူ၏ အတ္တတွေသာ ဖြစ်ခဲ့သည်။
အရင်ကများ အတ္တတွေမများခဲ့ရင် ကောင်းမှာ။
အခုတော့...

"ခရေလမ်း" (Completed)Opowieści tętniące życiem. Odkryj je teraz