Part 5

1.3K 56 0
                                    

ခရေလမ်း အပိုင်း ၅

(Unicode)

"ဘုန်းကိုကြိုက်နေတာလား"

တိုးတိုးရှရှ ရွှန်းလဲ့ရဲ့အသံ။ ကြားနေရသောbeat ကြမ်းကြမ်း သီချင်းသံတွေထက် ထိုတိုးညှင်းသည့် စကားသံက လင်းသူရ၏ ရင်ကို တဒိန်းဒိန်းနှင့် ရိုက်ခတ်သည်။ မျက်နှာထက်ရှိ အပူရှိန်က တစ်ကိုယ်လုံးကို ပြန့်နှံ့သွားပြီးတော့ လင်းသူရကို ထူပူလာစေသည်။

သူ့ရဲ့စိတ်ထဲအလျင်အမြန်ရောက်လာသည်မှာ ရွှန်းလဲ့ရဲ့ရွံရှာနေသော မျက်နှာ။ အတိတ်က လူတွေသူ့အားကြည့်သကဲ့သို့ မျက်နှာမျိုးနှင့် နင့်ကို ရွံတယ်ဟူသော အကြည့်မျိုးတွေနှင့် ကြည့်လာမည်ကို လင်းသူရတစ်ယောက် စိုးရိမ်မိသည်။ စိုးရိမ်စိတ်နှင့် မျက်လုံးကို စောင်းပြီး ရွှန်းလဲ့ကို ကြည့်လိုက်မိပေမည့် တုန်လှုပ်နေသော ခန္ဓာကိုယ်ကတော့ တောင့်လျက်သား။

သို့သော် ရွှန်းလဲ့၏ဘေးတစ်စောင်းမျက်နှာသည် အသက်မရှိသည့်ဟန်။ အရှေ့တည့်တည့်ရှိ စင်ပေါ်ကို ကြည့်‌နေရင်း သူ၏မူဟန်အတိုင်း အေး‌စက်စက်နှင့်ဘာဖြစ်ချင်၍ ဖြစ်ချင်မှန်းမသိသော မျက်နှာထားနှင့်မို့ ရွှန်းလဲ့ သူ့အပေါ်ထားရှိသော စိတ်သဘောထားတို့ကို ချက်ချင်းမခန့်မှန်းနိုင်ပါ။ ငြင်းလိုက်ရင်ကောင်းမလားဟုတွေးတောနေပေမဲ့ အခြားတစ်ဖက်ကလည်း သူ့အပေါ်သံသယရှိနေသော သူ‌ တွေကို အမှန်အတိုင်းပြောပြလိုက်ချင်သည်။

'ဟုတ်တယ် ငါ့ကဂေး အဲ့တော့ မင်းတို့ကဘာလုပ်ချင်လဲ'

ဒီလိုမျိုးပြောလိုက်ချင်ပေမယ့် လင်းသူရသည် ကြောက်ရွံ့မိနေဆဲ။

"ဟုတ်လား သူ့ကိုကြိုက်နေတာမို့လား"

ရွှန်းလဲ့သည်ဒုတိယအကြိမ်‌မြောက်ထပ်မေးပြန်သည်။ ဒီတစ်ကြိမ်တွင်တော့ အသံနှုန်းက ခပ်မြင့်မြင့်ဖြစ်သည့်အပြင် ရွှန်းလဲ့သည် သူ့အား မျက်လုံးချင်းဆုံအောင်ကြည့်လာသည်။ မျက်မှန်အောက်က မျက်လုံးတွေရဲ့ ဆိုလိုရင်းကို နားမလည်ပေမည့် စိတ်ပျက်နေဟန် ရွံရှာနေဟန်တော့ မတွေ့။

လင်းသူရတစ်ယောက် ဘာကိုမှမစဉ်းစားနိုင်တော့ သူ ခဏမျှတိတ်ဆိတ်သွား‌သည်။

"ခရေလမ်း" (Completed)Donde viven las historias. Descúbrelo ahora