Part 8

900 34 0
                                    

ခရေလမ်း အပိုင်း ၈

(Unicode)

Background music
Ko Aung_နွေဦးပုံပြင်

ကျောင်းပိတ်ပြီမို့ ကျောင်းတွင်ရှိသော ကျောင်းသားကျောင်းသူများအားလုံးမိမိတို့ ဌာ‌နေများဆီသို့အသီးသီးဆီသို့ ပြန်သွားကြ‌‌သည်။
ကျောင်းဖွင့်စဉ်က ကျောင်းသားကျောင်းသူများနှင့်စည်းကားခဲ့သော မိခင်တက္ကသိုလ်ကျောင်းတော်ကြီးသည်လည်း နှစ်လတာ အထီးကျန်ပေအုံးမည်။

လင်းသူရတစ်ယောက် မိမိ၏အိမ်ရှိရာ ပျော်ဘွယ်မြို့လေးသို့ပြန်ရန်အဆောင်တွင် အင်္ကျီများကို luggageထဲ အစီအရီထုပ်ပိုး‌နေသည်။

မိမိ၏ luggage ကိုဆွဲ၍ အဆောင်မှထွက်ရာတွင် သူ၏အချစ်တော်ဂီတာကြီး‌အား‌ကျောမှာလွယ်ထားလျက်ပင်။
အဆောင်မှအထွက် သစ်ပင်တို့နှင့်အုပ်မှိုင်းနေသော ကျောင်းဝန်းကြီးအားအထီးကျန်စွာ တွေ့မြင်လိုက်ရသည်။

ကျောင်းတက်ချိန်များတွင် သူငယ်ချင်းများနှင့် ပျော်ပါးခဲ့သောကျောင်းကြီးအား နှစ်လတာခွဲခွာရသည်မှာ လွမ်းစွတ်ဖွယ်ပင်။

ဒီကျောင်းတွင် ဒီ‌သူငယ်ချင်းများနှင့် သိပ်ကိုပျော်ရွှင်မိသည်။
သို့သော်လည်း လေးလလောက်မတွေ့ရသေးသော မိမိ၏အမေကိုလည်း လင်းသူရ လွမ်းနေသော‌ကြောင့် အိမ်သို့အမြန်ပြန်ရန် အထုတ်များကို ခပ်သွက်သွက်ဆွဲပြီး မိခင်ရှိရာ ပျော်ဘွယ်မြို့ဆီသို့ ရောက်သည့် လက်မှတ်ဖြတ်ထားသော ကားအလာအား ဂီတာလွယ်၍ စောင့်နေတော့သည်။

သိပ်ပင်မစောင့်ရသေးခင် ရွှေပျားမင်းဟူသောတံဆိပ်ကပ်ထားသော ကားလေး လင်းသူရရှေ့တွင် ရပ်လိုက်သည်။

"ငါ့ညီကပျော်ဖွယ်သွားမဲ့တစ်ယောက်လား"
ကားဆရာသည် လင်းသူရအား ကားပြတင်း‌ပေါက်မှ ခေါင်းပြူ၍မေးလိုက်သည့်အခါ သူခေါင်းငြိမ့်ပြလိုက်တော့ လင်းသူရက
"ဟုတ် အကို"ဟုပြန်‌ ဖြေလိုက်သည်။

ခပ်ဝဝခန္ဓာကိုယ်ရှိသော ကားဆရာသည် ကားပေါ်မှထွက်လာပြီး လင်းသူရ၏အထုပ်အားဆွဲ၍ ကားထဲထည့်လိုက်သည်။

"ငါ့ညီတက်"

ကားဆရာစကားနှင့်အညီ လင်းသူရသည် ကားပေါ်သို့တက်လိုက်ချိန်တွင်
ကားအဖြူလေးပေါ်တွင် အခြားခရီးသည်များလဲ ရှိ‌နေပြီဖြစ်သော‌ကြောင့် လွတ်‌နေသည့် တစ်နေရာတွင်ဝင်ထိုင်လိုက်ကာ လွယ်ထားသောဂီတာကို ရှေ့သို့ချထားလိုက်သည်။

"ခရေလမ်း" (Completed)Where stories live. Discover now