Part 47

412 25 0
                                    

ခရေလမ်း အပိုင်း၄၇

(Unicode)

ကျောင်း၏ အပြင်ဘက်တစ်နေရာ၊တမာပ‌င် အောက်တွင်ရှိသော အသုပ်ဆိုင်လေးတစ်ခု။
ကျောင်းရှေ့လမ်းမကြီး၏ဘေးတွင် ခုံလေးများနှင့် စာပွဲခုံ‌ဝိုင်းလေးတွေရှိသော ဆိုင်ကလေးတွင် လင်းသူရတို့သူငယ်ချင်းအုပ်စု အသုပ်ဝယ်စားနေကြသည်။
အိမ့်သဒ္ဒါသည် သူ၏အရှေ့တွင်ထိုင်နေသော လင်းသူရနှင့် ဘုန်းကို မျက်စောင်းလေးဝင့်ကာ ကြည့်လိုက်သည်။
ခုံပုလေးတွေနှင့် စာပွဲခုံဝိုင်းလေးတွင် အိမ့်သဒ္ဒါရယ်၊ အမဲကောင်ရယ် ဘုန်းရယ် လင်းသူရရယ် ထိုင်နေကြသည်မို့ ဤဝိုင်းတွင် မိန်းကလေးဟူ၍ အိမ့်သဒ္ဒါတစ်ယောက်တည်းသာ။
ရွှန်းလဲ့ကတော့ နောက်နှစ်ရက်လောက်မှ ကျောင်းကို လာမည်ဟုပြောသောကြောင့် အခုသူတစ်ယောက်တည်းဘက်ပဲ့နေခြင်းပင်။ သို့သော် အခုချိန်တွင် မိအိမ့် စဉ်းစားမိသည်မှာ မနေ့ကညနေ သူအဆောင်သို့ ဝင်ချိန်တွင် ကျောင်းဝင်ဝတွင်ဖက်နေကျသည့် ကောင်လေးနှစ်ယောက်အကြောင်းကိုပင်။
ဆံပင်ရှည်တွေကို စည်းထားသော ကောင်လေးတစ်ယောက်က အခြားကောင်လေးတစ်ယောက်ကို ရင်ခွင်ထည့်ထားသည့်ပုံရိပ်မျိုးသာ မြင်ခဲ့ရပေမည့် ထိုနှစ်ယောက်က သူ၏သူငယ်ချင်းနှစ်ယောက် ဖြစ်သော ဘုန်းနှင့် လင်းသူရတို့နှစ်ယောက်ဆိုတာတော့ သေချာသည်။
လင်းသူရတို့မှန်းအမြင်မလွဲလောက်ဘူးဆိုပေမည့် သူမြင်ခဲ့သည့်မြင်ကွင်းက နှစ်ယောက်သား နမ်းနေခြင်း။
ဘယ်သူမြင်မြင်အထင်‌လွဲလောက်မည့်ပုံစံမျိုးနှင့် သူတို့နှစ်ယောက်သည် ပူးပူးကပ်ကပ်။
သို့သော် မသေချာပဲ အိမ့်သဒ္ဒါ မမေးချင်ခဲ့။
မဟုတ်ခဲ့လျှင် လင်းသူရတို့အတွက် အားနာစရာဖြစ်လိမ့်မည်။ ဒါပေမဲ့ သူ၏အမြင်တွေကတော့မလွဲခဲ့သည်မှာသေချာသလောက်ပင်။

မိအိမ့်သည် အချင်းချင်းစကားပြောရင်း ရယ်မောနေသော ဘုန်းတို့နှစ်ယောက်ကို မျက်ခုံးပင့်ကာ အကဲခတ်လိုက်သည်။
ချွေးသီးချွေးပေါက်တွေကျအောင် စားနေသော ဘုန်းကို လင်းသူရက တစ်ချက်တစ်ချက်လှမ်း၍ကြည့်သည်။

"အရမ်းစပ်နေတာကို ကျစ်"

လင်းသူရသည် မျက်ခုံးတွေကို စုကျုံ့ရင်း ရေတစ်ခွက်ကို ရေခဲရေထည့်ကာ ဘုန်း၏ရှေ့ကို ချပေးတော့ ဘုန်းက အလျင်စလိုယူ၍သောက်သည်။
ပုံမှန်ပါပဲ လင်းသူရဟူသည် အမြဲလိုလို ဘုန်းအားအရိပ်တကြည့်ကြည့်နေတတ်သည်မို့ မိအိမ့်၏အရင်ကမျက်လုံးထဲတွင် ထူးခြားနေသည်ကို မတွေ့လောက်ဘူးဆိုပေမည့် ယခုအကဲခတ်နေသည်မို့ ထူးခြားနေသလိုပင်။
သက်ဦးပိုင်လည်း ရှိနေပေမည့် သူတို့နှစ်ယောက်သည် အမြဲလိုလို တစ်ထွာတောင် မကွာပဲကပ်ထိုင်သည်။
သက်ဦးပိုင်နှင့်တော့ တစ်ပေလောက်အခြားတွင်။

"ခရေလမ်း" (Completed)Where stories live. Discover now