Part 15

842 30 4
                                    

ရေလမ်း အပိုင်း၁၅

(Unicode)

"ဘုန်းထည်ဝါဝေ ဝင်လာလို့ရပြီ"

ဘုန်း၏နာမည်ကို nurseမလေးတစ်ယောက်ခေါ်သဖြင့် ဆရာဝန်အခန်းထဲသို့ ဘုန်း ဝင်လိုက်သည်။
အခုတလော နှာခေါင်းသွေးယိုခြင်းက ခပ်စိတ်စိတ်ဖြစ်လာ၍ ဆရာဝန်က ဆေးစစ်ရန် ခေါ်ထားသောကြောင့်ပင်။
ခြောက်လတစ်ခါလောက်ဆေးစစ်ရမည်ကို သူပျက်ကွက်ခဲ့သည်မဟုတ်ပါလား။

ဆရာဝန်၏အခန်းထဲသို့ဝင်နေတုန်း တကျော်ကျော်နှင့်ဖုန်းခေါ်နေသောလင်းသူရ‌ကြောင့် သူ၏ဖုန်းကို Silent လုပ်ထားလိုက်ရသည်။ အခု လင်းသူရနှင့် ဖုန်းပြောချင်စိတ်မရှိ။

သူကြိုက်သောလူက ကြိုက်နေသောသူရှိတာလောက် ဘုန်းတွင်မုန်းသောအရာမရှိ။
မဝယ်နိုင်သော ပစ္စည်းကို လိုချင်သည့်ကလေးသည် နောက်ဆုံးအငိုနှင့်ပဲ အဆုံးသတ်မည် မဟုတ်ပါလား။

ရှုံးမှန်းသိသော ပြဇာတ်အားဘုန်း မကလို။
အစကတည်းက ဇာတ်မတိုက်ပဲထားမည်။ ဖုန်းကို ကျောပိုးအိတ်ထဲထည့်၍ ဆရာဝန်၏အခန်းဆီသို့ သူဝင်သွားလိုက်သည်။

ထို့နောက် ကျန်းမာရေးစစ်ဆေးချက်တွေလုပ်ပြီး ဆရာဝန်၏ ဆောင်ရန်ရှောင်ရန်တွေကို နားထောင်လိုက်တော့ ဘုန်းကြားဖူးနေကြ စကားများပင် နားထောင်ရလွန်း၍နားရည်ဝနေသော ဆရာဝန်၏စကားများကို ငြီးငွေ့ဖွယ် ဘုန်းတစ်‌ယောက်နားထောင်လိုက်ပြီး သိလိုက်ရသည်မှာ အခြေအနေပိုဆိုးလာခြင်းပင်။

မွေးရာပါနှလုံးသွေးကြောကျဥ်းရောဂါကြောင့် နှလုံးစက်တပ်ရမည့် အခြေအနေကို မရောက်သေးသော်လည်း ဆေးများတော့ ပိုတိုးသောက်ရလိမ့်မည်တဲ့။ ဆရာဝန်တွေများ တစ်စိတ်ရှိ ခွဲမယ် စိတ်မယ်ဆိုတာချည်း။ သူ၏နံရိုးတွေကို ခွာဖို့ တော်တော် စိတ်ရောက်နေပုံပင်။

သို့သော် ဆရာဝန်၏အတွေးချည်းမဟုတ်။
ဘုန်းသူ၏ ခန္ဓာကိုယ်အကြောင်းသူသိလေသည်။ အနည်းငယ်မျှလမ်းလျှောက်လိုက်လျှင် မောလာသော သူ၏ခန္ဓာကိုယ်ကို မကျေနပ်ပေ။

"ဟုတ်ကျွန်တော် လိုက်နာပါ့မယ်"

ထိုမျှသာ ပြောပြီး အခန်းထဲက ထွက်လာခဲ့သည်။ ဖုန်းကို ကျောပိုးအိတ်ထဲက ထုတ်၍ Silentလုပ်ထားသည်ကို ဖြုတ်လိုက်တော့ Happy birthday ဟူသော အခြေခံ ကျောင်းတုန်းသူငယ်ချင်းများပို့ထားသော Message များကိုတွေ့လိုက်သည်။

"ခရေလမ်း" (Completed)Where stories live. Discover now