Part 28

681 29 5
                                    

ခရေလမ်း အပိုင်း၂၈

(Unicode)

လောလောဆယ် မိတ္ထီလာမြို့၌ မိုးမရွာသည်မှာတစ်ပတ်လောက်ရှိပြီဖြစ်သောကြောင့် ရာသီဥတုသည် အတော်အသင့် သာယာနေပါသည်။ မိုးကောင်းကင်တွင် တိမ်များက ဟိုတစ်စဒီတစ်စပျံ့လွင့်နေပြီး နေ့လယ်ခင်းတွင်ပင် နေများက သိပ်မပူတော့ ညအခါဆို ပို၍ပင် သာယာကာ မပူလွန်းမအေးလွန်း၍ နေထိုင်၍ကောင်းသောအချိန်အခါပင်။

ထိုအချိန်တွင် တစ်ယောက်တည်းထဲကွက်ကြားမိုးတွေရွာကာ ရင်တွင် ပူလောင်နေသူကတော့   ဘုန်းထည်ဝါဝေဟူသောကောင်လေးပင်ဖြစ်သည်။ ခေါင်းအုံးတစ်လုံးနှင့် စောင်တစ်ထည်ကို ကိုင်ထားပြီး တံခါးကိုဖွင့်လိုက်၊ ပြန်ပိတ်လိုက်၊ ကုတင်ပေါ်တွင်ပြန်ထိုင်လိုက် ခေါင်းငြိမ့်ကာပြန်ထလိုက်နှင့် သူတစ်ယောက်တည်းအလုပ်တွေရှုပ်နေလေသည်။

အကြောင်းကား လင်းသူရအခန်းတွင် စိုင်းသွားအိပ်မည်ဆိုသောကြောင့် ဘုန်းသည် လင်းသူရအခန်းကို သွားသင့်မသွားသင့် ဆုံးဖြတ်ရခက်နေသည်။ စိုင်းဟူသော ကောင်လေးသည် လင်းသူရ၏ငယ်သူငယ်ချင်းတစ်ယောက်ဖြစ်သလို တစ်ဖက်တွင်လည်း ချစ်ဖို့ကောင်းသော ဂေးတစ်ယောက်ဖြစ်သည်မို့ စိတ်ပူရသည်။
တေဇဇော်နှင့်ရည်းစားတွေဖြစ်သောကြောင့် လင်းသူရနှင့် တစ်ခန်းတည်းနေမည့်ကိစ္စကို အဆုံးထိကန့်ကွက်မည် ဟု သူထင်လိုက်သော်လည်း ရှားရှားပါးပါးသဝန်ကြောင်လွန်းသော ငတေက ခွင့်ပြုလိုက်ခြင်းပင်။ ဒါကြောင့် ချစ်သူတစ်ယောက်ဖြစ်နေသော တေဇဇော်တစ်ယောက်ကပင် လက်ခံနေကြောင့် လင်းသူရနှင့်သူငယ်ချင်းဟူသောဂုဏ်ပုဒ်လေးသာရှိသော ဘုန်းကဘာမှလုပ်နိုင်မည်မဟုတ်ချေ။

သို့သော်လည်း ညနေတုန်းကဘောလုံးကွင်းထဲတွင် ဘုန်းသည် 'လင်းသူရက ဇေယျာကိုအရမ်းဂရုစိုက်တာပဲ' လို့ပြောလိုက်ချိန်တွင် သီဟဇော်ပြောသောစကားတစ်ခွန်းက သူကို သဝန်တိုစိတ်တွေပို၍ ကြီးမားလာစေခဲ့သည်။

"ဂရုစိုက်မှာပေါ့ ဇေယျာကသူရဲ့အချစ်ဦးဟာကို"

နားထဲတွင် အဖန်တလဲလဲကြားနေရသော သီဟဇော်၏အသံက အခုချိန်ထိစိတ်အနှောက်အယှက်ပေးနေတုန်း။‌

"ခရေလမ်း" (Completed)Tempat cerita menjadi hidup. Temukan sekarang