Part 26

686 27 4
                                    

ခရေလမ်း အပိုင်း၂၆

(Unicode)

Background music
စည်သူလွင်_မျက်ဝန်း

"ငါ ဘာလို့ပြောပြလိုက်တာလဲ... ရူးနေပြီလား"

ခေါင်းပေါ်ရှိ ဆံပင်မွှေးတွေကို ဘယ်တစ်ချက်ညာတစ်ချက်ဆွဲ‌ဆောင့်ကာ ဘုန်းတစ်ယောက်အော်ဟစ်နေတော့သည်။
အခန်းဖော်မင်းခန့်ကလည်း သူအခန်း‌‌ဖော်၏အသံတွေမကြားရရန်အလို့ငှာ headphoneတပ်ထားပြီး အသံနှုန်းမြင့်ထားသော်လည်း ဘုန်း၏ကျယ်လောင်‌နေသော အသံများကို ကြားနေဆဲပင်။

"ဟာ သေပြန်ပြီ!"

သွေးများထွက်ကာ သေသွားသော screenပေါ်က သူ၏heroလေးကို ကြည့်၍ စက္ကန့်များ ရေနေသည်ကို ကည့်ရမည့်အစား သူ၏ headphoneကို ဆွဲချွတ်ပြီး ဘုန်းအားရန်တွေ့လိုက်သည်။

"ထည်ဝါတိုးတိုးလေးနေစမ်းပါကွာ... ငါဆော့ရတာ အာရုံတွေများလိုက်တာ"

မင်းခန့်သည် အားကြီးနှင့်ပြောလိုက်သော်လည်း ငိုမဲ့မဲ့ နှင့် သူအားပြန်ကြည့်နေသော ဘုန်းကြောင့် ရန်ပဲတွေ့ရမလိုလို သနားပဲသနားရမလိုလို။

"စောက်ခွက်က ဘာဖြစ်‌နေတာလဲပြော"

အချိန်ပြည့်သွားပြီဖြစ်၍ ပြန်လည်ရှင်သန်လာသောကြောင့် သူဂိမ်းကစားရန် ပြန်လည် ပြင်ဆင်လိုက်သော်လည်း မင်းခန့်သည် ဘုန်းနှင့်စကားပြောရန်အတွက် headphoneကိုတော့မတက်တော့

"ဟိုအကောင်လင်းသူရနဲ့ မတည့်လို့လား... မင်းတို့ကလည်း သူငယ်ချင်းအချင်းချင်းတွေဘဲ ပြန်ပြေလည်ကျတော့လေ ကြားထဲက ငါတို့ကပဲ မင်းတို့မျက်နှာကြည့်ပြီးပဲနေနေရတယ် ...ဟာ ခွေးကောင်တွေလိုက်လေ ဘာလုပ်နေတာလဲသတ်သတ်! ဟာချီး"

"ဘာလဲသေပြန်ပြီလား"

ဘုန်းသည်ကုတင်ပေါ်တွင် မှောက်လျားထိုးပြီးနေနေရာမှထပြီး တင်မင်ခွေထိုင်လိုက်သည်။

"အင်း"

"လင်းသူရနဲ့ ငါနဲ့ကကွာ ...အဆင်ပြေသွားပြီ"

"ဟုတ်လားကောင်းတာပေါ့ ဒါဆို အခုကဘာဖြစ်ရပြန်တာလဲ"

မင်းခန့်သည် သူ၏တစ်ကိုယ်လုံးကို ဘုန်းဘက်သို့လှည့်ကာထိုင် မေးလိုက်သည်။

"ခရေလမ်း" (Completed)Where stories live. Discover now