Part 46

452 23 0
                                    

ခရေလမ်း အပိုင်း၄၆

(Unicode)

"သမီးလေး ရေသောက်ဦးမှာလား"

မိအိမ့်သည် သူရှေ့ရောက်လာသော ရေဘူးကိုလက်နှင့် တားကာ ငြင်းပယ်လိုက်တော့ အသက်ခြောက်ဆယ်နီးပါးလောက်ရှိသော လူကြီးက သူ၏ရေဘူးကို ပြန်လည်သိမ်းပြီး ဒက်ရှ်ဘုတ်ထဲပြန်ထည့်လိုက်သည်။
မျက်နှာမကောင်းစွာနဲ့ ကားမှန်ဘက်သာ စိုက်ကြည့်နေသော အိမ့်သဒ္ဒါဟူသောကောင်မလေးကတော့ တိတ်ဆိတ်စွာ။
ငိုထားသော မျက်ဝန်းတွေကလည်း နီရဲလို့။
အခုတော့ ပါးပြင်ပေါ်မှ ခြောက်သွေ့နေသော မျက်ရည်စတွေသာ သူငိုထားသော သက်သေအဖြစ်တည်ရှိသည်။

"သမီးလေး မောင်ဝင်းရှိန်က သမီးလေးကို ချစ်ပါတယ် သူလည်း မတက်သာလို့နေမှာပါ"

ဦးကြီးကပြောနေပေမည့် မိတ္ထီလာသို့သွားရာလမ်းတစ်လျှောက်ရှိ မစိမ်းစိုသော မြေကွက်လပ်ရိုင်းနှင့် ထနောင်းပင်တွေကိုသာ ကြည့်ရင်းငေးမောရင်းလိုက်လာခဲ့သည်။
တကယ်လို့ အဖေသာ သူ့ကို တစ်ကယ်ဂရုစိုက်တယ် ချစ်တယ်ဆိုလျှင် သူမသိဘဲ ‌မိန်းမတစ်ယောက်ကို ကောက်ကာ ငင်ကာ မယူလောက်ဘူး။
အခုတော့ သမီးတစ်ယောက်ကိုတောင် ကျောင်းသို့ လိုက်မပို့ပေးနိုင်လောက်အောင် သူ၏နောက်မိန်းမနှင့် အလုပ်တွေရှုပ်နေခြင်း။
မကျနိုင်လောက်တဲ့ မျက်ရည်တွေကြောင့် တဖြည်းဖြည်း အိမ့်သဒ္ဒါတစ်ယောက်လည်း ဟန်ဆောင်တတ်လာခဲ့ပြီ။
ဘေးရှိ ဦးကြီးကတော့ သူ့ကိုကြည့်ရင်း သက်ပြင်းတစ်ချချ။

"သမီး အဲ့ဒီမိန်းမကို ဘယ်တော့ မှ အမေတစ်ယောက်အနေနဲ့ မဆက်ဆံနိုင်ဘူး"

လမ်းဘက်သို့ကြည့်နေ‌သည့် အကြည့်တွေထဲ မျက်ရည်စတွေဝဲပါလာတော့ လက်ဖမိုးနဲ့ ခပ်ကြမ်းကြမ်းဖိသုတ်မိသည်။
သူမျက်ရည်မကျနိုင်အောင် ငိုကျွေးပြီးပြီလို့ထင်ခဲ့တာ။
နာကျင်မှုက နှလုံးသားမှ တစ်ရိပ်ရိပ်တတ်လာရင်း
သမီးရဲ့ အမေကို အဖေဘယ်တော့ မှ သစ္စာမဖောက်ဘူး‌ဆိုတဲ့ အဖေ့ရဲ့ မတည်ခဲ့တဲ့ ကတိစကားက နားထဲ တဝဲလည်လည်။

မုန်းတယ် အဖေ့ကိုရော သူ့အဖေကို ခိုးယူခဲ့တဲ့ အဲ့မိန်းမကိုရော။

"ခရေလမ်း" (Completed)Where stories live. Discover now