Part 24

681 26 1
                                    

ခရေလမ်း အပိုင်း၂၄

(Unicode)

"အား...!"

နားစည်ထဲထိ စူးဝါးသောအော်သံတစ်ခုက ဦးမြင့်ဝေတို့၏အိမ်ထဲတွင် ပဲ့ထင်သွားသော်လည်း ဦးမြင့်ဝေတစ်ယောက် အရေးမလုပ်ခဲ့ပေ။ ထိုအော်သံသည် စိတ်ဖောက်နေသော သူတို့၏သား ဘုန်းထည်ဝါဝေဟူသော ကောင်လေးထံမှဖြစ်သည်မို့ ပြေးကြည့်စရာပင် မလိုပေ။ သူတို့သားဖြစ်သူသည် စိတ်ထဲမတင်မကျဖြစ်လျှင် ဤသို့အော်တတ်သည်မှာ တစ်အိမ်သားလုံးအသိပင် ဖြစ်သည်။

စူပုတ်ပုတ်နှင့်အိမ်ကို ပြန်လာသော သားဖြစ်သူကြောင့် ဦးမြင့်ဝေတစ်ယောက် ဤသို့သော အသံများကြားရမည်ကို ရိပ်မိပြီးသားဖြစ်သော်လည်း
ကောင်မလေးနဲ့အဆင်မပြေဘူးလားဟုမေးပြန်တော့ ကောင်မလေးမရှိဘူးဟုပြန်ဖြေသော သူတို့သားဖြစ်သူကြောင့် သူငယ်ချင်းတစ်ယောက်ယောက်နှင့် စိတ်ကောက်နေတာပင် ဖြစ်မည်ဟု ဦးမြင့်ဝေတွေးထင်ထားသည်။
သူ၏သားသည် အငယ်တည်းက စိတ်ကောက်ကဲသည်။

စနေနေ့မိုးအေးအေးတွင် လက်ဖက်ရည်လေးသောက်ပြီး သတင်းဖတ်နေသော ဦးမြင့်ဝေတစ်ယောက် သားဖြစ်သူကြောင့် ခေါင်းတစ်ခါခါနှင့် ဖြစ်နေတော့သည်။
.
.
.
‌တစ်ဖက်တွင်တော့ အိပ်ရာထဲတွင် လူးလိမ့်နေသော ဘုန်း၏မျက်နှာတွင် အလိုမကျမှုတွေဖုံးလွှမ်းလို့နေပေသည်။

သူသည် မွေးကတည်းစိတ်ဆိုးလျှင် စိတ်ပြေမြန်သည်။ ဒီနေ့စိတ်ဆိုးလျှင် နောက်နေ့စိတ်ဆိုးပြေသော ထိုကဲ့သို့ စိတ်မြန်သောလူတစ်ယောက်ပင်။
လင်းသူရ
ထိုကောင်အားစိတ်ဆိုးပြေသည်မှာ ကြာလှပြီဖြစ်သော်လည်း လာမချော့သော ထိုကောင် ကြောင့် သူစိတ်ဆိုးချင်ယောင်ဆောင်နေရသည်။

မည်မျှပင် မချော့ဘဲစိတ်ဆိုးပြေသည်ဆိုစေကာမူ အချော့တော့ခံချင်သေးသည်။ သူချစ်ရသော လင်းသူရသာ ချော့လျှင် မည့်သည့်ပုံစံလေးဖြစ်မည်နည်းဟု စိတ်ကူးယဉ်သော သူသာ အရူးကြီးဖြစ်သွားသည်။ ထိုကောင်ကတော့ ခုထိ သူ့အနားအား မကပ်ပေ။

အညစ်အပတ် အကျင့်မကောင်းတဲ့အကောင် လူဆိူးလူညစ် မင်းကစချော့တော့ *ဖြစ်သွားမှာမို့လို့လား။

"ခရေလမ်း" (Completed)Where stories live. Discover now