Part 3

1.8K 72 1
                                    

ခရေလမ်း အပိုင်း ၃

(Unicode)

"မင်းကငါ့ကိုကြိုက်တယ်၊ ဘာလဲမင်းကအ‌ခြောက်လား၊ မင်းဘာသာမင်းအ‌ခြောက်ဖြစ်ဖြစ်အစိုဖြစ်ဖြစ်ငါမင်းကိုမကြိုက်ဘူး၊ ငါမင်းကို မထိုးခင်ငါ့ရှေ့ကထွက်သွား၊ ထွက်သွား! ဟရောင်"

ကောင်လေးတစ်ယောက်၍ရွံရှာနေပုံရသည့်အသံ

"ကျွတ်ကျွတ်သနားစရာပဲ၊ခြောက်နေတာတဲ့ ရုပ်လေးကချောသားနဲ့"

မိန်းမကြီးတွေရဲ့ကဲ့ရဲ့သံ

"ဟေ့ကောင်လေး၊ မင်းကအ‌,ခြောက်လေးဆို၊ တစ်ညဘယ်လောက်လဲ ဘယ်လောက်လဲ ဘယ်လောက်လဲ..."

ရဲတောက်နေတဲ့မျက်လုံးများနဲ့ ‌‌ပြောနေသောတဏှာအသံ,စတဲ့အသံတွေ နားထဲပြည့်ကျပ်လာကာ
စကားသံများက တဖြည်းဖြည်း ရှုပ်‌‌ထွေးတိုးညှင်းလာ၏။ လင်းသူရ ကြောက်စိတ်‌ကြောင့် မျက်လုံးများရုတ်တရက်ပွင့်လာပြီး ဘေး၀ဲယာကိုကြည့်မိ‌တော့ သေတ္တာအချို့ရယ် အဝတ်လှန်းတန်းရယ်ကြောင့် အဆောင်တွင်ရှိနေမှန်း သိရတော့သည်မို့ သူသက်ပြင်းတစ်ချိုက်ချမိသည်။

'ဟားအိပ်မက် မက်နေတာပဲ'

ဖုန်းကိုထုတ်၍နာရီကြည့်လိုက်‌တော့ ၃:၁၁နာရီ။

အပြင်အဆောင်မှာနေပေမယ့် သူ့ရဲ့ဖြစ်တည်မှု‌‌ကြောင့် တစ်ယောက်ခန်းသာငှားယူခဲ့သည်။ထို‌ကြောင့် မှောင်မဲမဲ အခန်းကျင်းလေးထဲမှာ သူတစ်ယောက်တည်းအထီးကျန်စွာ။

တိတ်ဆိတ်မှောင်မဲနေသောအခန်းထဲတွင် နဖူးထက်ထွက်နေတဲ့ချွေးများကို လက်ဖမိုးနဲ့သုတ်ပြီး ပြန်အိပ်ရန်ကြိုးစားကြည့်သော်လည်း အိပ်မက်ထဲကအ‌‌ကြောင်းအရာများ‌က ခေါင်းထဲမှာအစီအရီ။ လူတွေ၏မျက်လုံးအိမ်ထဲတွင် မြင်နေရသည့် သူ့ကိုယ်သူ မနှစ်မျို့။
လူတွေ၏ပါးစပ်ဖျားထက် သူ၏နာမည်က ပြောစမတ်ဖြစ်ခဲ့ရသည့် တစ်ချိန်က အကြောင်းအရာတွေက အခြောက်တဲ့။ ဘယ်တတ်နိုင်ပါ့မလဲ။
သူတို့ပြောကြသည့်အတိုင်းသူသည် ယောက်ျားတစ်ယောက် ဆိုပေမည့် လိင်တူခြင်းနှစ်သက်သည့် ယောက်ျားမို့။
ကုတင်ပေါ်မှာလှဲနေရင်း ခေါင်းကို ရှုပ်ပွနေအောင်ထိုးမွှေလိုက်သည်။
ခေါင်းထဲကိုထိုးမွှေလိုက်တဲ့ လက်ချောင်း‌တွေထဲတွင် ဆံပင်အချို့က ကျွတ်လျက်ပါလာခဲ့သည်။

"ခရေလမ်း" (Completed)Where stories live. Discover now