🎉ဟူးရေး...🎉
659 25 4
ပထမဆုံး ပြောချင်တာကတော့ ကိုယ့်ကိုယ်ကို ဂုဏ်ပြုချင်တာပါ။ တစ်နှစ်ကျော်ကျော် ပျင်းလိုက် ကုတင်ပေါ်လူးလိမ့်လိုက်နဲ့ ရေးခဲ့တာ အော်ပြီးသွားသေးတယ်ကို ဆိုပြီးတော့ပေါ့ ။😊 အမှန်တိုင်းပြောရရင် ဂုဏ်ယူတာထက် ပျော်ရွှင်မှုတစ်ခု။ ကြေးမုံဘဝမှာ ဘာတစ်ခုကိုမှ အတည်တကျလုပ်တာမရှိဘဲ အလေလိုက်နေရင်း ဝတ္ထုလေးတစ်ပုဒ်ကို ပြီးမြောက်သွားတဲ့ခံစားချက်လေးက တကယ်ကို ခံစားလို့ကောင်းခဲ့တာမို့ နောက်ထပ်လဲ ရေးဖို့စိတ်ကူးလေးတွေရှိသေးတယ်နော်။
စာရေးနေတာ အပျင်းတစ်နေရင်လည်း Author naykyarrrrr ရဲ့ စာရေးတော့လေ။ ဇာတ်သိမ်းပြီး နောက်တစ်ခုကို ရေးတော့လို့ တိုက်တွန်းမှုတွေကြောင့် ပြီးမြောက်ခဲ့တာမို့ သာသာကိုလည်း ကျေးဇူးကမ္ဘာပါ။
ကြေးမုံရဲ့ ဝတ္ထုလေးကို  ဖတ်ခဲ့တဲ့ စာဖတ်သူတွေကိုလည်း ကျေးဇူးတင်ပါတယ်နော်။ တစ်စုံတစ်ယောက်က ကိုယ့်ရဲ့ဖန်တီးမှုလေးကို ဖတ်ပေးတယ်၊ဝေဖန်ပေးတယ်၊ ကြိုက်နှစ်သက်ပေးတယ်ဆိုတာက ကြေးမုံအတွက် အတိုင်းမသိဝမ်းသာမှုပါ။ ပေါ့ပေါ့ပါးပါးအချစ်ဝတ္ထုလေးတွေက ကိုယ့်အကြိုက်ပေမယ့် ကိုယ်ရေးလိုက်တော့ dramaဆန်ဆန်တွေမို့ ကိုယ့်ကိုယ်ကို အဆွေးသမားကြီးလို့ခံစားရစေတယ်။
အလင်းတို့ ဘုန်းတို့ကိုလည်း ဇာတ်သိမ်းဖို့ plot တွေသုံးခုလောက်ထွက်နေလို့ စဥ်းစားရခက်နေသေးတယ်။ နောက်ဆုံးတော့လဲ ကိုယ်ရဲ့ ဇာတ်ကောင်တွေကို စွဲလမ်းမှုကြောင့် ဒီလို ဇာတ်သိမ်းမျိုးထွက်လာရတာပဲ။ သဘောကျကျတယ်မို့လား။
အလင်းတို့ ဘုန်းတို့ကို စပြီးတော့စဉ်းစားခဲ့တုန်းက တေဇနဲ့ သီဟတို့အမွှာညီအကိုကို ထည့်ပြီး မစဉ်းစားခဲ့ဘူး။ ရေးနေရင်းနဲ့မှ ထည့်လိုက်တဲ့ဇာတ်ကောင်လေးတွေဖြစ်ပေမယ့် သူတို့လေးကို ထည့်လိုက်တာ မှန်ကန်တဲ့ ရွေးချယ်မှုလို့ခံစားလိုက်ရတယ်။ လိုအပ်ချက်လေးတွေလည်းရှိတယ်။ သတ်ပုံအမှားလေးတွေလည်း ပါလောက်တာမို့လို့ သည်းခံပြီးဖတ်ပေးကျပါလို့ ပြောချင်ပေမယ့် ဟော ဇာတ်သိမ်းသွားပြီ။ အခုမှပဲပြောရတော့တယ်။
နောက်ဆုံးအနေနဲ့ကတော့ လင်းသူရအကြောင်းပြောမလို့။ သူတို့ မိသားစုကယောက်ျားလေးတွေက ကိုယ့်ရဲ့ အိမ်ထောင်ဖက်နဲ့ ချစ်ရတဲ့သူတွေအပေါ် အလိုလိုက်အကြိုက်ဆောင်တဲ့ မျိုးရိုးနော်။ ဟွန်း...
#######
#######
"ခရေလမ်း" (Completed)Where stories live. Discover now