Part 57

413 22 0
                                    

ခရေလမ်း အပိုင်း၅၇

(Unicode)

ကုန်ကားကြီးတွေမောင်းနှင်သော မိတ္ထီလာမြို့၏လမ်းမ။ ရှမ်းပြည်ထွက်ကုန်တွေသာမက၊ အခြားသောဒေသထွက်ကုန်တွေပါ များများပြားပြားရောင်းဝယ်ဖောက်ကားသော မြို့တစ်ခုဟူ၍လည်းမမှားပေ။ အသွားအလာတွေစည်ကားသော လမ်းမထက် ကုန်ကားတွေ၊အိမ်စီးကားကလေးတွေ၊အဝေးပြေးကားတွေ၊ဆိုင်ကယ်တွေ စသည်ဖြင့် မောင်းနှင်ကျသော မိတ္ထီလာမြို့၏လမ်းမများသည် တက္ကသိုလ်ကျောင်းများအများအပြားရှိသောကြောင့် ပို၍ပင် စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်ပင် ။

ရှုပ်ထွေးသော လမ်းမထက်တွင် လူတန်းစားပေါင်းစုံတို့သည်လည်း သူတို့၏စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားရပြန်သည်။ ဆောင်းအကုန်နွေအကူးသို့ရောက်ပြီးမို့ ဖုန်တလူလူထနေ‌သော လမ်းမထက်တွင် များပြားသော လူတွေထဲ လင်းသူရတို့၏ဆိုင်ကယ်လေးသည် ‌အခြားသော ကားများ၊ဆိုင်ကယ်များနှင့် အညီ လမ်းပေါ်တွင် ပြေးလွှားသည်။

ဒီနေ့သည် ကျောင်းဖွင့်ရက်ဆိုပေမည့် တစ်ရက်လောက်‌အတန်းပြေးပြီး ဒိတ်ကျမယ်လေဟူသော ဘုန်း၏စကားကြောင့် အခုသူတို့ကျောင်း၏အပြင်ဘက် မိတ္ထီလာမြို့၏ လမ်းမများပေါ်သို့ ဆိုင်ကယ်တစ်စီးနှင့် ရောက်ရှိနေခြင်းဖြစ်သည်။

ဘုန်းသည် ဆိုင်ကယ်နောက်မှထိုင်နေရင်း သူ၏လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ လင်းသူရ၏ခါးကိုဖက်ထားလိုက်သည်။ အရှေ့မှာ ဆိုင်ကယ်မောင်းနေသော လင်းသူရက ဘုန်း၏လုပ်ရက်အပေါ်တွင် တောက်ပအပြုံးတစ်ခုကိုလှစ်ခနဲဖော်ပြရင်း ဆိုင်ကယ်ကိုသာဂရုတစိုက်ပြန်လည် မောင်းလိုက်သည်။လျက်တစ်ပြတ်သာ မြင်လိုက်ရသော လင်းသူရ၏အပြုံးကို ဘုန်းသည်ဘက်ခ်မှန်မှတစ်ဆင့်မြင်လိုက်ရတော့ တဒုတ်ဒုတ်ခုန်နေသော နှလုံးသား၏အလိုရ လွင့်မြောနေသော ဆံနွယ်တို့ကြားတွင် ပုန်းခို၍ လင်းသူရ၏နောက်ကျောပြင်ကို ပါးနှင့်အပ်ထားသည်။
ကျဉ်းမြောင်းသော လမ်းမထက်၊များပြားသော သွားလာလှုပ်ရှားသောသူတွေကြောင့် လင်းသူရတို့ဆိုင်ကယ်ကခပ်နှေးနှေးသာ။ လင်းသူရ၏အနွေးထည်နောက်ပါးမှ အမွှေးရနံ့ကို ဘုန်းသင်းသင်းလေးရလိုက်သည်။ ဘုန်းနှာခေါင်းထိပ်က‌လေး သည် လင်းသူရ၏အနွေးအင်္ကျီဖြူ‌‌လေးထဲ နစ်မြုပ်သွား‌အောင်အထိ ပိုမိုတိုးကပ်၍ ထိုရနံ့လေးပိုမိုအမှတ်ရနေစေရန် ရှူရိုက်လိုက်တော့ သူ၏လက်အေးအေးပေါ်သို့ တင်လာသော လင်းသူရ၏လက်ဖဝါးနွေးနွေး။

"ခရေလမ်း" (Completed)Όπου ζουν οι ιστορίες. Ανακάλυψε τώρα