သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသ...

By LEAF277

409K 53.2K 912

Title ➪ Transmitgated into a parvenu's Ex-wife in the '90s(TPE) Author(s)➪ Xue Ye English Translator(s)➪Fring... More

Description
▪️1▪️
▪️2▪️
▪️3▪️
▪️4▪️
▪️5▪️
6▪️7▪️8
9▪️10▪️11
12▪️13▪️14▪️15
16▪️17▪️18▪️19
20▪️21▪️22▪️23
24▪️25▪️26
27▪️28▪️29▪️30
31▪️32▪️33▪️34▪️35
36▪️37▪️38▪️39
40▪️41▪️42
43▪️44▪️45
46▪️47▪️48
49▪️50▪️51
52▪️53▪️54
55▪️56▪️57
58▪️59
60▪️61▪️62▪️63
64▪️65
66▪️67
68▪️69
70▪️71
72▪️73
74▪️75
76▪️77▪️78▪️79▪️80
81▪️82
83▪️84
85▪️86
87▪️88
89▪️90
91▪️92
93▪️94
95▪️96
97▪️98
99▪️100
101▪️102
103▪️104
105▪️106▪️107
108▪️109▪️110
111▪️112
113▪️114▪️115
116▪️117▪️118
119▪️120▪️121
122▪️123▪️124
125▪️126▪️127
128▪️129▪️130
131▪️132▪️133
134▪️135▪️136
137▪️138▪️139▪️140
141▪️142▪️143
144▪️145▪️146
147▪️148▪️149▪️150
151▪️152▪️153▪️154
155▪️156▪️157
158▪️159▪️160
161▪️162▪️163
164▪️165▪️166
167▪️168▪️169
170▪️171▪️172
173▪️174▪️175
176▪️177▪️178
179▪️180▪️181
182▪️183▪️184
185▪️186▪️187
188▪️189▪️190
191▪️192▪️193
194▪️195▪️196
197▪️198▪️199
200▪️201▪️202
203▪️204▪️205
206▪️207▪️208
209▪️210▪️211
212▪️213▪️214
215▪️216▪️217
221▪️222▪️223
224▪️225▪️226▪️227
228▪️229▪️230
231▪️232▪️233
234▪️235▪️236
237▪️238▪️239
240▪️241▪️242
243▪️244▪️245
246▪️247▪️248
249▪️250▪️251
252▪️253▪️254
255▪️256▪️257
258▪️259▪️260
261▪️262▪️263
264▪️265▪️266
267▪️268▪️269▪️270
271▪️272▪️273
274▪️275▪️276
277▪️278▪️279
280▪️281▪️282
283▪️284
285▪️286▪️287
288▪️289▪️290
291▪️292▪️293
294▫️295
296▫️297▫️298
299▫️300▫️301
302▫️303▫️304
305▫️306▫️307
308▫️309▫️310
311▫️312▫️313
314▫️315▫️316
317▫️318▫️319
320▫️321
322▫️323▫️324
325▫️326▫️327
328▫️329▫️330
331▫️332▫️333▫️334
335▫️336▫️337
338▫️339▫️340
341▫️342▫️343▫️344▫️345▫️346
347▫️348▫️349▫️350
351▫️352▫️353
354▫️355
356▫️357▫️358
359▫️360▫️361
362▫️363▫️364
365▫️366▫️367
368▫️369▫️370
371▫️372▫️373
374▫️375▫️376
377▫️378▫️379
380▫️381▫️382
383▫️384▫️385
386▫️387▫️388▫️389
390▫️391
392▫️393▫️394
395▫️396▫️397
398▫️399▫️400
401▫️402▫️403
404▫️405▫️406
407▫️408▫️409
410▫️411▫️412
413▫️414▫️415
416▫️417▫️418
419▫️420▫️421▫️422
423▫️424▫️425
426▫️427▫️428
429▫️430▫️431
432▫️433▫️434
435▫️436▫️437
438▫️439▫️440
441▫️442▫️443
444▫️445▫️446
447▫️448▫️449
450▫️451▫️452
453▫️454▫️455
456▫️457▫️458
459▫️460▫️461
462▫️463
464▫️465▫️466
467▫️468▫️469▫️470
471▫️472▫️473
474▫️475▫️476▫️477

218▪️219▪️220

1.9K 276 6
By LEAF277

အခန်း (၂၁၈) - "ဘော့စ် သောက်ခဲ့တာလား" (1)

အစကတော့ ဖုန်ကျယ်ယွီလို့ ထင်ပေမယ့် ဟူရွေ့ယန် ဖြစ်နေတယ်။ သူမ ဟူရွေ့ ရွှယ်ကို လှည့်ကြည့်လိုက်ပေမယ့် ဟူရွေ့ယန်လာမယ်ဆိုတာ မသိတာ ထင်ရှားတဲ့ သူမ မျက်နှာပေါ်က ဝေခွဲမရတဲ့ ပုံစံကို မြင်လိုက်တယ်။

" အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်" ဟူရွေ့ယန် ပြုံးလိုက်တယ်။ " ရှောင်ရွှယ်ဖုန်းပြောတာသာ မကြားမိရင် မင်း ဒီနေ့ ရွေ့မယ်ဆိုတာ သိမှာမဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ် ဖိတ်ခေါ်လာတာကို မင်းစိတ် မရှိဖို့ မျှော်လင့်ပါတယ်။

"မဟုတ်တာ စိတ်မရှိပါဘူး။ ဝင်ပါဦး" ရှုယန်နည်းနည်း အံ့ဩသွားပေမယ့် သူ့ကို အထဲဝင်ခွင့်ပြုဖို့ ဘေးဖယ်ပေးလိုက်တယ်။ ဒီမှာရှိနေတဲ့သူတွေက ဧည့်သည်တွေ မဟုတ်ကြတော့ ပျော်စရာနေ့မှာ ဘယ်သူ့ကိုမှ ငြင်းစရာအကြောင်း မရှိဘူး။

ဟူရွေ့ယန် ထိုင်လိုက်ချိန်မှာ တံခါးဘဲလ် ထပ်မြည်လာတယ်။ ဒီတစ်ခါကတော့ ဖုန်ကျယ်ယွီပါ။ သူ့ကို မြင်တော့ လောင်ဟူနဲ့ လင်းဟွေ့နှစ်ယောက်လုံး အံ့ဩသွားကြတယ်။ ဖုန်ကျယ်ယွီက ရှုယန်ကို တစ်ခါ ကယ်ခဲ့ဖူးပြီး သူတို့ အချင်းချင်း သိကြတယ်ဆိုတာ လောင်ဟူ အမြဲသိတယ်။ သူဘာသူ ချက်ချင်းပြန်မှတ်မိသွားတယ်။ တစ်ဖက်က လင်းဟွေ့ကတော့ အချိန်အကြာကြီး ကြက်သေသေနေတုန်းပဲ။

ကလေးတွေ ကျောင်းအပို့အကြို‌နေ့တိုင်းလုပ်တာအပြင် အလုပ်ကိုပဲ သွားတဲ့ ရှုယန်က ဖုန်ကျယ်ယွီ နဲ့ ဘယ်လိုဆက်စပ်သွားမှန်း သူမ နားမလည်နိုင်ဘူး။

" ကျန်တဲ့လူတွေလည်း အချင်းချင်း သိပြီး လောက်ကြပါပြီ။ အခုမှ ရောက်လာတဲ့ ဒီမိတ်ဆွေသစ်နှစ်ယောက်က အရင်က မဆုံဖူးလောက်ကြဘူး မို့လို့ သူတို့နဲ့ မိတ်ဆက်ပေးပါရစေ။ ဒါက ဟူရွေ့ ရွှယ်ရဲ့ အစ်ကို ဟူရွေ့ယန်ပါ။ ဒါက ဖုန်ကျယ်ယွီပါ။ သူက အရင်က ကျွန်မနဲ့ ကျွန်မကလေးတွေကို ကူညီပြီး ကျွန်မအသက်ကို ကယ်ခဲ့တယ်။" ရှုယန် ဖုန်ကျယ်ယွီ အကြောင်းကို ဖိပြောလိုက်တယ်။

ဖုန်ကျယ်ယွီ ရှုယန်ကို ကြည့်လိုက်တယ်။ အများဆုံးမှာ သူ သူမကို အချိန်တစ်ခုကြာ ကာကွယ်ပေးခဲ့တာပါ။ ဘယ်လိုလုပ် သူမအသက်ကို ကယ်တင်တာ ဖြစ်သွားရတာလား။

ရှုယန်က ဖုန်ကျယ်ယွီကို ပြန်လှည့်မကြည့်ဘူး။ သူမ ထိုင်ခုံဆီ ပြန်သွားလိုက်ပြီး ဝိုင်ခွက်ကို ကိုင်ကာ တည်ကြည်စွာ ပြောလိုက်တယ်။ " အခု ရှင်တို့အားလုံး စဉ်းစားမိကြမယ်ထင်ပါတယ်။ ဒါပေမယ့် ရှင်တို့အားလုံးက လူကောင်းတွေဖြစ်ပြီး ကျွန်မကို ဘာခက်ခဲတဲ့ မေးခွန်းမှ မမေးခဲ့ဘူး။ တကယ်တော့ ကျွန်မရဲ့ ဇာတ်လမ်းက အတော်လေး ရိုးရှင်းပါတယ်။အမျိုးသားက ငွေလေး နည်းနည်းလောက် ရှာလာနိုင်တော့ မာန်လေးဝင့်လာတယ်။ သူ ပိုလှ၊ပိုယဉ်ကျေးသိမ်မွေ့တဲ့ အမျိုးသမီးကို ချစ်မိသွားတယ်။ တစ်ယောက်ယောက်က နိမ့်ချ ကြည့်လာတဲ့အခါ ဆက်နေစရာမရှိဘူးလို့ တွေးမိတာမို့လို့ ကျွန်မ ကွာရှင်းလိုက်တယ်။ ကျွန်မမှာ ကလေးနှစ်ယောက် ရှိတယ်။ ဘဏ်စုငွေရှိတယ်။ အမှန်အတိုင်းပြောရရင် ကျွန်မ မိသားစုက ယောက်ျားလေးတွေကို အရာရာလို့ ယုံကြည်ကြတာဆိုတော့ ကျွန်မမှာ ပိုက်ဆံရှိနေမှန်းသိရင် ကျွန်မဆီက တစ်ပြားတစ်ကျပ် မကျန် ယူပြီး ကျွန်မ မောင်ကို ပေးမှာ သေချာတယ်။ ကျွန်မလည်း ကလေးနှစ်ယောက် ခေါ်ပြီး နန်မြို့တော်မှာ အခြေချရုံကလွဲပြီး ရွေးချယ်စရာမရှိခဲ့ဘူး။ ကလေးနှစ်ယောက်ရှိတဲ့ တစ်ကိုယ်တော် မိခင်တစ်ယောက်အနေနဲ့ ကျွန်မအတွက် စိမ်းသက်တဲ့ ဒီမြို့ ရောက်လာခဲ့ချိန်မှာ ရှင်တို့ရဲ့ အကူအညီတွေသာ မရှိခဲ့ရင် ဒီနေ့ ကျွန်မဆိုတာ ရှိလာမှာ မဟုတ်ဘူး။ ကျွန်မ ပြောချင်တာ ဒါပါပဲ။ ကမ်းပေး!"

" ပြောနေစရာကို မလိုပါဘူးကွာ။ ငါတို့က တစ်ယောက်နဲ့ တစ်ယောက် အမြဲကူညီသင့်တာပဲ။ လောင်ဟူက သူ့ဝိုင်ခွက်ကို မ,ကိုင်ရင်း ပြောလိုက်တယ်။

တခြားသူတွေအားလုံး ဆင်တူတဲ့ အလာပသလ္လာပ တချို့ကို မျှဝေလာကြပြီး သူတို့ဝိုင်ခွက်တွေကို ချလိုက်ကာ၊ ဝိုင် မသောက်နိုင်သူတွေက ဝိုင်အစား ဆိုဒါ သောက်လိုက်တယ်။

ရှုယန် နောက်တစ်ခွက်လောင်းထည့်လိုက်ပြီး ဝူရွှီယွဲ့၊ လင်းဟွေ့နဲ့ ခွက်ချင်းတိုက်လိုက်တယ်။" အနီးနားက အိမ်နီးချင်းတွေက အဝေးက ဆွေမျိုးတွေထက် ပိုအဖိုးတန်တယ်လို့ ပြောကြတယ်။ တကယ်တော့ ငါက ငါ့ညီကိုမောင်နှမတွေထက် နင်တို့နှစ်ယောက်နဲ့ ပိုရင်းနှီးတာပဲ။ ဒီလတွေအတွင်းက နင်တို့ရဲ့ အကူအညီ အားလုံးအတွက် နင်တို့ကို ကျေးဇူးတင်ပါတယ်။ နင်တို့နှစ်ယောက်သာမရှိရင် တစ်ချိန်တည်းမှာပဲ ငါ့ကလေးတွေကိုရော၊ ငါ့စီးပွားရေးကိုပါ ဂရုစိုက်နိုင်မှာ မဟုတ်ဘူး။ အဲ့အကူအညီ အတွက် နင်တို့ကို ဘယ်လို ပြန်ပေးဆပ်ရမလဲတောင်မသိဘူး" စကားပြောပြီးတော့ သူမရဲ့ ဝိုင်ခွက်ကို ထပ်ချလိုက်တယ်။ထို့နောက် မိုတယ်ရဲ့ သူဋ္ဌေးမ ဘက်လှည့်လိုက်တယ်။"အဲ့ဒီတုန်းက တကယ်ကို ခက်ခဲခဲ့တာ။ ကျွန်မရဲ့အိမ်ငှားပိုင်ရှင်ကလည်း ချက်ချင်းပြောင်းပေးဖို့ ပြောပြီး၊ တစ်ချိန်တည်းမှာပဲ ဆိုင်မှာကလည်း ပရိုမိုးရှင်း အစီအစဉ်ရှိနေခဲ့တယ်။ပြီးတော့ ကလေးနှစ်ယောက်ကိုလည်း ဂရုစိုက်က သေးတယ်။ရှင်တို့ နေရာမှာ ကျွန်မကို နေခွင့်ပြုတဲ့အတွက် ရှင်တို့နှစ်ယောက်ကို တကယ်ကျေးဇူးတင်ပါတယ်။"



အခန်း (၂၁၉) -"ဘော့စ် သောက်ခဲ့တာလား"(2)

သူမ လူတိုင်းနဲ့ခွက်ချင်းတိုက်ပြီးနောက် ဖုန်ကျယ်ယွီဘက်လှည့်လိုက်တယ်။" နောက်တစ်ခါ ထပ်ပြီး ကျေးဇူးအများကြီး တင်ပါတယ်။ ရှင်သာ ကျွန်မတို့အတွက် ရှိမနေရင် ကျွန်မကလေးနဲ့ ကျွန်မ ရင်ဆိုင်ရမယ့်အန္တရာယ်ကို တွေးတောင် မတွေးကြည့်နိုင်ဘူး။ "ရှင့်ကို သေချာကျေးဇူးတင်ဖို့ အခွင့်အရေး မရခဲ့တာမို့လို့ ဒီနေ့တော့ ကျွန်မ ရှင့်နဲ့ ခွက်ချင်းတိုက်ပြီး ကျေးဇူးတင်ပါမယ်နော်"

"အဲ့ဒါက မင်း....." သူမက သို့သို့ကို အရင်ကူညီခဲ့လို့လို့ ဖုန်ကျယ်ယွီ ပြောချင် ပေမယ့် သူ့ကို စကားဆုံးအောင်ပြော ခွင့်မပေးဘဲ ရှယန်က သူ့ခွက်ကို ချွင်ကနဲ တိုက်လိုက်ကာ မော့သောက်လိုက်တယ်။

ဘေးနားမှာ ထိုင်နေတဲ့ လောင်ဟူက လင်ခုပ်တဖြောင်းဖြောင်း တီးလိုက်တယ်။ "နေ့ကောင်းရက်မြတ်လေးပဲ ဘော့စ်ရှု"

ရှုယန်က ဖုန်ကျယ်ယွီကို ခွက်ချင်းတိုက်ပြီးနောက်မှာ နောက်ဆုံးတော့ သူမ သူ့ကို ဖိတ်ရတဲ့ အကြောင်းရင်းကို လင်းဟွေ့သိသွားတော့တယ်။ ဒီတော့ သူက သူမ နဲ့သူမကလေး တွေကို အရင်က ကယ်ခဲ့ဖူးတယ်ပေါ့။

စားပွဲပေါ်က ဟင်းတွေအားလုံးက အမျိုးသမီးများ အကြိုက်ဆုံး ဟင်းတွေဖြစ်ပြီး လူတိုင်းက ဟင်းတွေကို နှစ်သက်ကြတယ်။

လူတိုင်း စားသောက်လို့ ပြီးကြပြီးနောက် အားလုံးမှာ နည်းနည်း မူးဝေနေကြပြီး လောင်ဟူက ဖုန်ကျယ်ယွီရဲ့ ပခုံးပေါ် လက်တင်ပြီး ပြောလိုက်တယ်။ "ညီကို၊ မင်းရဲ့ အရင်က ဇာတ်လမ်းကို ငါကြားဖူးတယ်။ အဲ့ဒါက မင်းအတွက် အရမ်းမတရားတာပဲ။ အဲ့လိုဖြစ်ပြီးတာတောင် မင်းတခြားသူကို ကူညီနေသေးတယ်ဆိုတာ ငါဖြင့် ယုံတောင် မယုံနိုင်ဘူး။ မင်းက တစ်သက်တာ ဟီးရိုး စစ်စစ်ပဲ"

ဟူရွေ့ယန်၊ ဟူရွေ့ရွှယ်နဲ့ သက်ကြီးစုံတွဲက ဖုန်ကျယ်ယွီကို မသိကြပေမယ့် ကျန်းဟွာဖုန်း၊ ဝူရွှီယွဲ့နဲ့ ဟိုတယ်ရဲ့ သူဌေးနဲ့ သူဌေးမက ဖုန်ကျယ်ယွီနဲလူကိုယ်တိုင် မတွေ့ဖူးကြပေမယ့် သူ့ကိုတော့ သိတယ်။ သူ့ကို စဆုံတော့ သူတို့မှာ မေးခွန်းတွေရှိနေခဲ့ပြီး သူက ရှုယန်ကယ်ခဲ့ လို့လို့ ဖြေလာတဲ့အချိန်မှာ သူတို့ ဝေခွဲမရ ဖြစ်သွား တယ်။လောင်ဟူရဲ့ စကားတွေ ကြားတဲ့ အချိန်မှာ ထပ်ပြီး ဝေခွဲမရ ဖြစ်သွားပြန်တယ်။

" မင်းတို့တွေ မသိကြဘူးပဲ။ အဲ့ အချိန်တုန်းက ညီကိ ဖုန်က မိန်းမငယ်လေး တစ်ယောက်ကို ကယ်ခဲ့ ပေမယ့် သူမက လက်စားချေမှာစိုးပြီး ညီကိုဖုန်က သူမကို ကိုယ်ထိလက်ရောက် စော်ကားဖို့ ကြိုးစားတာကြောင့် သူမ အတန်းဖော်တွေက သူနဲ့ ရန်ဖြစ်ခဲ့ကြတာပါလို့ လျှောက်ပြောပစ်တယ်လေ။ ပြီးတော့ ကားတိုက်ခံလိုက် ရတဲ့ ကောင်ကျတော့ရော... သူ့သူငယ်ချင်းက သူ့ကို တွန်းလိုက်တာဆိုပေမယ့် ပြီးကျတော့ ညီကိုဖုန်ကိုပဲ အပြစ်တွေ တင်ကြတာ" လောင်ဟူ သက်ပြင်း ချလိုက်တယ်။ "မိန်းကလေးနဲ့ သူမရဲ့ မိသားစုက ညီကိုဖုန်ရဲ့ မတော်တဆတွေ ပြီးနောက် ပြောင်းသွားကြတာ။ နောက်တော့ သူ့နာမည်ကို ရှင်းဖို့ မဖြစ်နိုင်တော့ဘူးပေါ့။"

" ဒါဆို အမှန်တကယ်ဖြစ်ခဲ့တဲ့ ဇာတ်လမ်းက ဒီလိုပေါ့။ ဒါပေမယ့်..." ဝူရွှီယွဲ့က သူမသူငယ်ချင်းရဲ့ အိမ်နီးချင်းက သူ့အမေကို မျှဝေတဲ့ ဇာတ်လမ်းကို ကြားဖူးတာကို ပြောဖို့ ပြင်လိုက်တယ်။ ဒါပေမယ့် ဖုန်ကျယ်ယွီက လက်ရှိနေရာမှာ ထိုင်နေတော့ သူမ ကျယ်ကျယ် လောင်လောင် ပြောမထွက်နိုင်ဘူး။

" ဟုတ်တယ်။ဇာတ်လမ်းအမှန်က အဲ့ဒါပဲ။ အရင်က ညီကိုဖုန် အပြစ်ကင်းတာ လူအများစု သိကြပေမယ့် နှစ်အများကြီး ကြာပြီဆိုတော့ ဘယ်သူက သတိနေအုံးမှာလဲ။ အများစုက ငါတို့ မြို့ခံလူတွေနဲ့ အမှန်တရားကို သိတဲ့ လူတွေပဲ။ အနောက်ခရိုင် တစ်ခုလုံးက ဘာကြောင့် အဲ့အကြောင်း သိသွားတာလဲ သိလား" ဒီနေရာအရောက်မှာ လောင်ဟူက တမင်သက်သက် ရပ်လိုက်တယ်။

"ဘာကြောင့်လဲ " သေချာသလောက်ပဲပေါ့။ ဝူရွှီယွဲ့နဲ့ တခြားသူတွေက မေးလာတယ်။

" အားလုံးက သူ့မိထွေးရဲ့ ကျေးဇူးတွေပဲ။ သူ့မိထွေးက ညီကိုဖုန် အိမ်ကို ရယူဖို့ ပြန်လာပြိုင်မှာ စိုးလို့ လူထုကြားက သူ့ရဲ့ ဂုဏ်သတင်းကို တမင်သက်သက်ဖျက်ဆီးခဲ့တာ။" လောင်ဟူက ဖုန်ကျယ်ယွီရဲ့ မိဘတွေကို အထင်သေးမှုနဲ့ နှုတ်ခမ်းမဲ့လိုက်တယ်။

"ကျွတ် သူတို့က ဘယ်လို မိဘမျိုးတွေလဲ။" ယဲ့ရှုချင်က ဖုန်ကျယ်ယွီကို ဂရုဏာသက်တဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။

အဲ့ဒါက သူ့မိထွေးပေမယ့် အဖေကတော့ အရင်းလေ။ အဖေရင်းက ဘယ်လိုလုပ် ဒီလုပ်ဖြစ်ခွင့်ပြုရတာလဲ။ မိထွေးက သူ့သားကို အဲ့လုပ်တွေ လုပ်တာကို ထိုင်ပြီး ကြည့်ရုံကြည့်နေတယ်ပေါ့။

"အကြွင်းမဲ့ ချစ်ခင်ကြတဲ့ မိဘတွေအများကြီး ရှိကြပေမယ့် အရမ်းတစ်ကိုယ်ကောင်းဆန်၊ အရမ်း မျက်နှာလိုက်တဲ့ မိဘတွေလည်း အမျာကြီး ရှိကြတယ်။"ရှုယန် အရက်အာနိသင် နည်းနည်းလျော့သွားအောင် စွတ်ပြုတ်တစ်ငုံသောက်ပြီး ခါးသက်သက်ပြုံးကာ ပြောလိုက်တယ်။" ကျွန်မ ယောက်ျားဟောင်း ကျွန်မ သစ္စာဖောက်တဲ့ အချိန်တုန်းက ကျွန်မက ကိုယ်ဝန်ကြီးနဲ့လေ။ ကျွန်မ တစ်အိမ်သားလုံးက သိပေမယ့် ကျွန်မကို ဖုံးကွယ်ထားကြတာ။ ကျွန်မ သိသွားတော့ သူနဲ့ ထိပ်တိုက်တွေ့ချင်ခဲ့တယ်။ ကျွန်မကို ပထမဆုံးတားဖို့ ကြိုးစားတဲ့ သူတွေက ကျွန်မ မိဘတွေပဲ။ အကြောင်းပြချက်အားလုံးက သူက ချမ်းသာပြီး သူတို့ကို ငွေပုံမှန် ပေးတာကြောင့်လေ။ ဒီအချိန် ကျွန်မသာ နန်မြို့တော်ကို မရောက်ခဲ့ရင် သူတို့က ကျွန်မမှာ ရှိတဲ့ ငွေတစ်ပဲတစ်ပြားက အစ ယူသွားပြီးရင် ငွေထပ်ရဖို့အတွက် ကျွန်မကို တခြားတစ်ယောက်ဆီ ထပ်ရောင်းမှာ သေချာတယ်။ "

(၂၂၀) - "ဘော့စ် သောက်ခဲ့တာလား"(3)

သူတို့ ပြောတဲ့ အကြောင်းအရာတွေကို နားထောင်ရင်း ချန်ဖေး ရည်ရွယ်ထားတာထက် မတော်တဆ ပိုသောက်မိသွားတယ်။ သူက သူ့ခွက်ကို နောက်တစ်ခါ ထပ်ဖြည့်လိုက်ပြီး ဖုန်ကျယ်ယွီနဲ့ အတင်း ခွက်ချင်းတိုက်လိုက်တယ်။ "အာ..ငါတို့ရဲ့ နောက်ခံက အရမ်းဆင်တူတာပဲ။ ငါ့ရဲ့လူအိုကြီး(အဖေ)ကလည်း ငါ့အမေဆုံးပြီး မကြာဘူး... မိန်းမအသစ်တစ်ယောက်ကို ပြန်ခေါ်လာခဲ့တယ်။ အနည်းဆုံးတော့ မင်းအဖေကမင်းကို ပျိုးထောင်ခဲ့ပါသေးတယ်။ ငါ့အဖေကတော့ အဲ့လိုတောင်မလုပ်ခဲ့ဘူး။ ငါ့ အဘိုးအဘွားတွေသာ မရှိရင် ငါတော့ အရင်တည်းက ငတ်သေသွားလောက်တယ်"

"လူတိုင်းမှာ ခက်ခဲတဲ့ ကိုယ်ပိုင်ဇာတ်လမ်းတွေ ရှိကြတာပဲ။ ညီကိုဖုန်၊ ညီကိုချန်၊ ဒါက မင်းတို့နှစ်ယောက်အတွက်" လောင်ဟူက သူ့ခွက်ကို မြှောက်ကာ မော့ချလိုက်ပြီး ပြောလိုက်တယ်။

"ငါလည်း မင်းအတွက် ခွက်မြှောက်ပြီး ဆုတောင်းပေးပါတယ်။"ကျန်းဟွာဖုန်းက သူ့ခွက်ကိုမြှောက်ကာ လေချဉ်တက်ရင်း ပြောလိုက်တယ်။ " မင်းနာမည်ကို ရှင်းနိုင်တဲ့နေ့ ရောက်လာမှာပါ။"

စားပွဲဝိုင်းမှာရှိတဲ့ လူအချို့က မူးနေကြပြီ။ မဟုတ်ရင် သူတို့ ဒီလိုမျိုးစကားတွေ ပြောမှာ မဟုတ်ဘူး။ တစ်ဖက်က ဖုန်ကျယ်ယွီကတော့ သူတို့ထဲက တစ်ယောက် မဟုတ်ဘူး။ သူက ဝိုင်ကို ရေလို သောက်ခဲ့ပြီး တိတ်တဆိတ်ပဲ နေနေတယ်။ သူက ယောက်ျားလေးတွေနဲ့ ခွက်ချင်းတိုက်ပြီး သူ့ခွက်ကို မော့သောက်လိုက်ကာ ရှုယန်ကို ဘေးတိုက်ကြည့်လိုက်ရင်း သူ့နှုတ်ခမ်း အပေါ်ကွေးတက်သွားပြီး ပြောလိုက်တယ်။ "တကယ် ရှင်းနိုင်မှာပါ"

နေ့လည်စာစားပြီးနောက် လောင်ကျန်းနဲ့ သူ့ဇနီးက စက်ရုံမှာ အလုပ်လုပ်စရာတွေ ရှိသေးတာကြောင့် သူတို့ကို နှုတ်ဆက်ခဲ့တယ်။ မိုတယ်စုံတွဲကလည်း သူတို့ရဲ့ စီးပွားရေးကိစ္စ သွားစရာရှိလို့ နှုတ်ဆက်ထွက်သွားကြတယ်။ ကျန်းဟွာဖုန်းနဲ့ ချန်ဖေးက မူးနေတာကြောင့် ဝူရွှီယွဲ့နဲ့ ကျန်းဟွာရွှီက သူတို့ကို တစ်ယောက်,တစ်ယောက်ဆီ ပြန်ခေါ်သွားကြတယ်။ လောင်ဟူလည်းပဲ မူးနေတယ်။ ဖုန်ကျယ်ယွီက သူကို လုံခြုံစွာအိမ်ခေါ်သွားဖို့ တာဝန်ရှိသွားတယ်။ ဟူရွေ့ယန်ကတော့ ပွဲချိန်တစ်ဝက်လောက်တည်းက ဖုန်းလက်ခံရလို့ ပြန်သွားတာကြာပြီ။ ဟူရွေ့ရွှယ်နဲ့ လင်းဟွေ့ပဲ ကူညီဖို့ နေကျန်ခဲ့တယ်။

ရှုပ်ထွေးနေတဲ့ နေရာကို ကြည့်ပြီး ရှုယန် ပြောလိုက်တယ်။ " နင်တို့ သွားတော့လေ။ ငါဒါတွေကို ဖြည်းဖြည်းချင်း ရှင်းလိုက်မယ်။"

"ဘာတွေပြောနေတာလဲ။ ဒါကို နင် တစ်ယောက်တည်းရှင်းမယ်ဆိုရင် ထာဝရလောက် ကြာသွားလိမ့်မယ်။" လင်းဟွေ့က အင်္ကျီလက်ကို လိပ်တင်ကာ ပန်းကန်လုံးတွေ၊ ပန်းကန်တွေကို စသိမ်းလိုက်ရင်း ပြောလိုက်တယ်။

ဟူရွေ့ရွှယ်က ပန်းကန်ဆေးရတာ မကြိုက်တာကြောင့် ကုလားထိုင်တွေ ကူသိမ်း၊ တံမြက်စည်းလှဲကာ ကြမ်းတိုက်လိုက်တယ်။

ကလေးနှစ်ယောက်က လိမ္မာနာခံပြီး သူတို့ သိမ်းတဲ့အချိန်မှာ ဝိုင်းကူညီပေးတယ်။ ရှုယန် သူတို့ကို လှမ်းကြည့်ကာ သူတို့အခန်းဆီ ပြန်ခိုင်းလိုက်တယ်။ " မင်းတို့ရဲ့ နွေရာသီ အားလပ်ရက် အိမ်စာတွေ လုပ်လို့ မပြီးသေးဘူးလေ။ ရှူး ... မင်းတို့အခန်းဆီ ပြန်သွားတော့ "

ကလေးနှစ်ယောက် မရှိတော့ လူကြီး သုံးယောက်ဟာ အလုပ်လုပ်ကတာ ပိုပြီးတော့တောင် ခရီးရောက်တယ်။ " သိမ်းဆည်းနေရင်း လင်းဟွေ့တစ်ယောက် မမေးမိဘဲ မနေနိုင်ဘူး။"ဖုန်ကျယ်ယွီက နင့်ကို တကယ် ကယ်ခဲ့တာလား"

"ဒါပေါ့။ သူ ကယ်ခဲ့တယ်။ မဟုတ်ရင် ဘယ်လိုလုပ် နေ့လည်စာ စားဖို့ သူ့ကို ငါ့နေရာ ဖိတ်ရဲမှာလဲ"

" အဲ့လူတွေက ညလယ်လောက်ကြီး သူ့မိဘတွေကို ဆက်သွယ်ပြီး သူ့ဂုဏ်သတင်းကို ဖျက်ဆီးခိုင်းဖို့ လူသိရှင်ကြား ကောလဟဖြန့်ခိုင်းတာကို ငါလည်း ကြားဖူးတယ်။ အဲ့နည်းကပဲ တေလေဂျပိုးဖြစ်တာနဲ့ လူသတ်မူ ဖြစ်တာအတွက် သူ့ကို တကယ်မှားဖမ်းမိစေနိုင်မှာလေ။"

အလုပ်လုပ်နေတဲ့ ရှုယန်ရဲ့ လက်က ရပ်တန့်သွားတယ်။"ဒါတွေအားလုံးက သူတို့ရဲ့ အိမ်အတွက်ပေါ့"

" မဟုတ်ဘူး။ ဖုန်ကျယ်ယွီရဲ့ အဘိုးအဘွားတွေအိမ်။ သူ့ အဘိုးအဘွားတွေက သူတို့ မြေးကြီးအတွက် ချန်ထားခဲ့ချင်တာ။ ဒါပေမယ့် သူ့မိထွေးက အဲ့လိုမဖြစ်စေချင်ဘူး။ ဖုန်ကျယ်ယွီက သူ့အိမ်ထောင်စုစာရင်းကို ရွှေ့လိုက်တယ် ကြားတာပဲ။ တချို့ကတော့ သူက အဘွားအိုရဲ့ နာမည်အောက်မှာ ရှိတယ်လို့ ပြောကြတယ်။ တခြားသူတွေကတော့ သီးသန့် (အိမ်ထောင်စုစာရင်း) ရွှေ့သွားတာလို့ ပြောတာပဲ။ ပြောစကားတွေကတော့ အမျိုးမျိုးရှိတယ်။ ဒါပေမယ့် ဖုန်ကျယ်ယွီကတော့ အင်အားကြီးတယ်နော်။ သူ အသက် 18 နှစ်အချိန်တည်းက သူ့အဘိုးက အိမ်ကို သူ့နာမည်အောက် ရွှေ့ပေးခဲ့တာ။ သူ့အဖေနဲ့ သူ့မိထွေးတောင် အဲ့အကြောင်း မသိဘူး။ သူက သူ့အိမ်ထောင်စု စာရင်းကို ရွှေ့ပြီးမှပဲ သူတို့ ရှာတွေ့သွားကြတာ။ သူ့မိထွေး သူ့တံခါးကို လာထုရိုက်တော့ သူက အဟုတ်ကို ရဲခေါ်လိုက်တယ်တဲ့။ အဲ့ဒါကို နင်ယုံနိုင်လား" လင်းဟွေ့ စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်။

" ငါဆိုလည်း အဲ့လိုလုပ်လိမ့်မယ်" သူမရဲ့ ဆိုးရွားမှုတွေကို ကြင်နာမှုနဲ့ ပြန်ဆပ်စရာ လိုလို့လား။ သူက ရူးနေတာမှ မဟုတ်တာ။

နှစ်နာရီနီးပါး သန့်ရှင်ရေး လုပ်ပြီးနောက် အိမ်က မူလ အခြေအနေအတိုင်း သန့်ရှင်းသွားတယ်။ အလုပ်မှာ ဂရုစိုက်စရာတွေ ထပ်ရှိလာလို့ ဟူရွှေ့ရွှယ်က သူမလက်ကို ဆေးကြောလိုက်ပြီး နှုတ်ဆက်ထွက်သွားတော့တယ်။ လင်း‌ဟွေ့နဲ့ ရှုယန်ကတော့ သူမနေရာကို သူမပစ္စည်းတွေ ပြန်ရွှေ့ဖို့ လိုသေးတယ်။

လောင်ဟူကို အိမ်လိုက်ပို့ပေးပြီးနောက် ဖုန်ကျယ်ယွီ လှည့်ထွက်သွားတယ်။ အမှန်တိုင်းပြောရရင် သူ ဘယ်တုန်းကမှ မျှော်လင့်ချက်မဲ့တယ်လို့မခံစားဖူးဘူး။အဓိကကတော့ အဘွားအိုက တစ်စုံတစ်ယောက်ရဲ့ ဂရုစိုက်မှု လိုအပ်နေတာကြောင့် သူ ထွက်မသွားခဲ့တာ ဖြစ်တယ်။ သူမ တိမ်းပါးသွားသည်အထိ သူမကို ကြည့်ရှုစောင့်ရှောက်ပါ့မယ်လို့ သူ့ရဲဘော်ကို ကတိပေးထားခဲ့တယ်။

ထောင့်တစ်ထောင့်ရဲ့ ဝေးလံသော နေရာတစ်ခု၌ ကားတစ်စီး ပါကင်ထိုးတာတယ်။ ဖုန်ကျယ်ယွီ မောင်းသူဘေး ထိုင်ခုံမှာ ဝင်ထိုင်လိုက်တယ်။

"ဘော့စ်၊ သောက်ခဲ့တာလား"

"နည်းနည်းပါ။ ရုံးကို ပြန်သွားရအောင်"

groupမှာ (463) main story ထိ ပြီးပါပြီ။

-

-

-

-

အခန္း (၂၁၈) - "ေဘာ့စ္ ေသာက္ခဲ့တာလား" (1)

အစကေတာ့ ဖုန္က်ယ္ယြီလို႔ ထင္ေပမယ့္ ဟူေ႐ြ႕ယန္ ျဖစ္ေနတယ္။ သူမ ဟူေ႐ြ႕ ႐ႊယ္ကို လွည့္ၾကည့္လိုက္ေပမယ့္ ဟူေ႐ြ႕ယန္လာမယ္ဆိုတာ မသိတာ ထင္ရွားတဲ့ သူမ မ်က္ႏွာေပၚက ေဝခြဲမရတဲ့ ပုံစံကို ျမင္လိုက္တယ္။

" အဆင္ေျပမယ္လို႔ ေမွ်ာ္လင့္ပါတယ္" ဟူေ႐ြ႕ယန္ ၿပဳံးလိုက္တယ္။ " ေရွာင္႐ႊယ္ဖုန္းေျပာတာသာ မၾကားမိရင္ မင္း ဒီေန႕ ေ႐ြ႕မယ္ဆိုတာ သိမွာမဟုတ္ဘူး။ ကိုယ့္ဘာသာကိုယ္ ဖိတ္ေခၚလာတာကို မင္းစိတ္ မရွိဖို႔ ေမွ်ာ္လင့္ပါတယ္။

"မဟုတ္တာ စိတ္မရွိပါဘူး။ ဝင္ပါဦး" ရႈယန္နည္းနည္း အံ့ဩသြားေပမယ့္ သူ႕ကို အထဲဝင္ခြင့္ျပဳဖို႔ ေဘးဖယ္ေပးလိုက္တယ္။ ဒီမွာရွိေနတဲ့သူေတြက ဧည့္သည္ေတြ မဟုတ္ၾကေတာ့ ေပ်ာ္စရာေန႕မွာ ဘယ္သူ႕ကိုမွ ျငင္းစရာအေၾကာင္း မရွိဘူး။

ဟူေ႐ြ႕ယန္ ထိုင္လိုက္ခ်ိန္မွာ တံခါးဘဲလ္ ထပ္ျမည္လာတယ္။ ဒီတစ္ခါကေတာ့ ဖုန္က်ယ္ယြီပါ။ သူ႕ကို ျမင္ေတာ့ ေလာင္ဟူနဲ႕ လင္းေဟြ႕ႏွစ္ေယာက္လုံး အံ့ဩသြားၾကတယ္။ ဖုန္က်ယ္ယြီက ရႈယန္ကို တစ္ခါ ကယ္ခဲ့ဖူးၿပီး သူတို႔ အခ်င္းခ်င္း သိၾကတယ္ဆိုတာ ေလာင္ဟူ အၿမဲသိတယ္။ သူဘာသူ ခ်က္ခ်င္းျပန္မွတ္မိသြားတယ္။ တစ္ဖက္က လင္းေဟြ႕ကေတာ့ အခ်ိန္အၾကာႀကီး ၾကက္ေသေသေနတုန္းပဲ။

ကေလးေတြ ေက်ာင္းအပို႔အႀကိဳ‌ေန႕တိုင္းလုပ္တာအျပင္ အလုပ္ကိုပဲ သြားတဲ့ ရႈယန္က ဖုန္က်ယ္ယြီ နဲ႕ ဘယ္လိုဆက္စပ္သြားမွန္း သူမ နားမလည္နိုင္ဘူး။

" က်န္တဲ့လူေတြလည္း အခ်င္းခ်င္း သိၿပီး ေလာက္ၾကပါၿပီ။ အခုမွ ေရာက္လာတဲ့ ဒီမိတ္ေဆြသစ္ႏွစ္ေယာက္က အရင္က မဆုံဖူးေလာက္ၾကဘူး မို႔လို႔ သူတို႔နဲ႕ မိတ္ဆက္ေပးပါရေစ။ ဒါက ဟူေ႐ြ႕ ႐ႊယ္ရဲ႕ အစ္ကို ဟူေ႐ြ႕ယန္ပါ။ ဒါက ဖုန္က်ယ္ယြီပါ။ သူက အရင္က ကြၽန္မနဲ႕ ကြၽန္မကေလးေတြကို ကူညီၿပီး ကြၽန္မအသက္ကို ကယ္ခဲ့တယ္။" ရႈယန္ ဖုန္က်ယ္ယြီ အေၾကာင္းကို ဖိေျပာလိုက္တယ္။

ဖုန္က်ယ္ယြီ ရႈယန္ကို ၾကည့္လိုက္တယ္။ အမ်ားဆုံးမွာ သူ သူမကို အခ်ိန္တစ္ခုၾကာ ကာကြယ္ေပးခဲ့တာပါ။ ဘယ္လိုလုပ္ သူမအသက္ကို ကယ္တင္တာ ျဖစ္သြားရတာလား။

ရႈယန္က ဖုန္က်ယ္ယြီကို ျပန္လွည့္မၾကည့္ဘူး။ သူမ ထိုင္ခုံဆီ ျပန္သြားလိုက္ၿပီး ဝိုင္ခြက္ကို ကိုင္ကာ တည္ၾကည္စြာ ေျပာလိုက္တယ္။ " အခု ရွင္တို႔အားလုံး စဥ္းစားမိၾကမယ္ထင္ပါတယ္။ ဒါေပမယ့္ ရွင္တို႔အားလုံးက လူေကာင္းေတြျဖစ္ၿပီး ကြၽန္မကို ဘာခက္ခဲတဲ့ ေမးခြန္းမွ မေမးခဲ့ဘူး။ တကယ္ေတာ့ ကြၽန္မရဲ႕ ဇာတ္လမ္းက အေတာ္ေလး ရိုးရွင္းပါတယ္။အမ်ိဳးသားက ေငြေလး နည္းနည္းေလာက္ ရွာလာနိုင္ေတာ့ မာန္ေလးဝင့္လာတယ္။ သူ ပိုလွ၊ပိုယဥ္ေက်းသိမ္ေမြ႕တဲ့ အမ်ိဳးသမီးကို ခ်စ္မိသြားတယ္။ တစ္ေယာက္ေယာက္က နိမ့္ခ် ၾကည့္လာတဲ့အခါ ဆက္ေနစရာမရွိဘူးလို႔ ေတြးမိတာမို႔လို႔ ကြၽန္မ ကြာရွင္းလိုက္တယ္။ ကြၽန္မမွာ ကေလးႏွစ္ေယာက္ ရွိတယ္။ ဘဏ္စုေငြရွိတယ္။ အမွန္အတိုင္းေျပာရရင္ ကြၽန္မ မိသားစုက ေယာက္်ားေလးေတြကို အရာရာလို႔ ယုံၾကည္ၾကတာဆိုေတာ့ ကြၽန္မမွာ ပိုက္ဆံရွိေနမွန္းသိရင္ ကြၽန္မဆီက တစ္ျပားတစ္က်ပ္ မက်န္ ယူၿပီး ကြၽန္မ ေမာင္ကို ေပးမွာ ေသခ်ာတယ္။ ကြၽန္မလည္း ကေလးႏွစ္ေယာက္ ေခၚၿပီး နန္ၿမိဳ႕ေတာ္မွာ အေျခခ်႐ုံကလြဲၿပီး ေ႐ြးခ်ယ္စရာမရွိခဲ့ဘူး။ ကေလးႏွစ္ေယာက္ရွိတဲ့ တစ္ကိုယ္ေတာ္ မိခင္တစ္ေယာက္အေနနဲ႕ ကြၽန္မအတြက္ စိမ္းသက္တဲ့ ဒီၿမိဳ႕ ေရာက္လာခဲ့ခ်ိန္မွာ ရွင္တို႔ရဲ႕ အကူအညီေတြသာ မရွိခဲ့ရင္ ဒီေန႕ ကြၽန္မဆိုတာ ရွိလာမွာ မဟုတ္ဘူး။ ကြၽန္မ ေျပာခ်င္တာ ဒါပါပဲ။ ကမ္းေပး!"

" ေျပာေနစရာကို မလိုပါဘူးကြာ။ ငါတို႔က တစ္ေယာက္နဲ႕ တစ္ေယာက္ အၿမဲကူညီသင့္တာပဲ။ ေလာင္ဟူက သူ႕ဝိုင္ခြက္ကို မ,ကိုင္ရင္း ေျပာလိုက္တယ္။

တျခားသူေတြအားလုံး ဆင္တူတဲ့ အလာပသလႅာပ တခ်ိဳ႕ကို မွ်ေဝလာၾကၿပီး သူတို႔ဝိုင္ခြက္ေတြကို ခ်လိဳက္ကာ၊ ဝိုင္ မေသာက္နိုင္သူေတြက ဝိုင္အစား ဆိုဒါ ေသာက္လိုက္တယ္။

ရႈယန္ ေနာက္တစ္ခြက္ေလာင္းထည့္လိုက္ၿပီး ဝူ႐ႊီယြဲ႕၊ လင္းေဟြ႕နဲ႕ ခြက္ခ်င္းတိုက္လိုက္တယ္။" အနီးနားက အိမ္နီးခ်င္းေတြက အေဝးက ေဆြမ်ိဳးေတြထက္ ပိုအဖိုးတန္တယ္လို႔ ေျပာၾကတယ္။ တကယ္ေတာ့ ငါက ငါ့ညီကိုေမာင္ႏွမေတြထက္ နင္တို႔ႏွစ္ေယာက္နဲ႕ ပိုရင္းႏွီးတာပဲ။ ဒီလေတြအတြင္းက နင္တို႔ရဲ႕ အကူအညီ အားလုံးအတြက္ နင္တို႔ကို ေက်းဇူးတင္ပါတယ္။ နင္တို႔ႏွစ္ေယာက္သာမရွိရင္ တစ္ခ်ိန္တည္းမွာပဲ ငါ့ကေလးေတြကိုေရာ၊ ငါ့စီးပြားေရးကိုပါ ဂ႐ုစိုက္နိုင္မွာ မဟုတ္ဘူး။ အဲ့အကူအညီ အတြက္ နင္တို႔ကို ဘယ္လို ျပန္ေပးဆပ္ရမလဲေတာင္မသိဘူး" စကားေျပာၿပီးေတာ့ သူမရဲ႕ ဝိုင္ခြက္ကို ထပ္ခ်လိဳက္တယ္။ထို႔ေနာက္ မိုတယ္ရဲ႕ သူ႒ေးမ ဘက္လွည့္လိုက္တယ္။"အဲ့ဒီတုန္းက တကယ္ကို ခက္ခဲခဲ့တာ။ ကြၽန္မရဲ႕အိမ္ငွားပိုင္ရွင္ကလည္း ခ်က္ခ်င္းေျပာင္းေပးဖို႔ ေျပာၿပီး၊ တစ္ခ်ိန္တည္းမွာပဲ ဆိုင္မွာကလည္း ပရိုမိုးရွင္း အစီအစဥ္ရွိေနခဲ့တယ္။ၿပီးေတာ့ ကေလးႏွစ္ေယာက္ကိုလည္း ဂ႐ုစိုက္က ေသးတယ္။ရွင္တို႔ ေနရာမွာ ကြၽန္မကို ေနခြင့္ျပဳတဲ့အတြက္ ရွင္တို႔ႏွစ္ေယာက္ကို တကယ္ေက်းဇူးတင္ပါတယ္။"



အခန္း (၂၁၉) -"ေဘာ့စ္ ေသာက္ခဲ့တာလား"(2)

သူမ လူတိုင္းနဲ႕ခြက္ခ်င္းတိုက္ၿပီးေနာက္ ဖုန္က်ယ္ယြီဘက္လွည့္လိုက္တယ္။" ေနာက္တစ္ခါ ထပ္ၿပီး ေက်းဇူးအမ်ားႀကီး တင္ပါတယ္။ ရွင္သာ ကြၽန္မတို႔အတြက္ ရွိမေနရင္ ကြၽန္မကေလးနဲ႕ ကြၽန္မ ရင္ဆိုင္ရမယ့္အႏၲရာယ္ကို ေတြးေတာင္ မေတြးၾကည့္နိုင္ဘူး။ "ရွင့္ကို ေသခ်ာေက်းဇူးတင္ဖို႔ အခြင့္အေရး မရခဲ့တာမို႔လို႔ ဒီေန႕ေတာ့ ကြၽန္မ ရွင့္နဲ႕ ခြက္ခ်င္းတိုက္ၿပီး ေက်းဇူးတင္ပါမယ္ေနာ္"

"အဲ့ဒါက မင္း....." သူမက သို႔သို႔ကို အရင္ကူညီခဲ့လို႔လို႔ ဖုန္က်ယ္ယြီ ေျပာခ်င္ ေပမယ့္ သူ႕ကို စကားဆုံးေအာင္ေျပာ ခြင့္မေပးဘဲ ရွယန္က သူ႕ခြက္ကို ခြၽင္ကနဲ တိုက္လိုက္ကာ ေမာ့ေသာက္လိုက္တယ္။

ေဘးနားမွာ ထိုင္ေနတဲ့ ေလာင္ဟူက လင္ခုပ္တေျဖာင္းေျဖာင္း တီးလိုက္တယ္။ "ေန႕ေကာင္းရက္ျမတ္ေလးပဲ ေဘာ့စ္ရႈ"

ရႈယန္က ဖုန္က်ယ္ယြီကို ခြက္ခ်င္းတိုက္ၿပီးေနာက္မွာ ေနာက္ဆုံးေတာ့ သူမ သူ႕ကို ဖိတ္ရတဲ့ အေၾကာင္းရင္းကို လင္းေဟြ႕သိသြားေတာ့တယ္။ ဒီေတာ့ သူက သူမ နဲ႕သူမကေလး ေတြကို အရင္က ကယ္ခဲ့ဖူးတယ္ေပါ့။

စားပြဲေပၚက ဟင္းေတြအားလုံးက အမ်ိဳးသမီးမ်ား အႀကိဳက္ဆုံး ဟင္းေတြျဖစ္ၿပီး လူတိုင္းက ဟင္းေတြကို ႏွစ္သက္ၾကတယ္။

လူတိုင္း စားေသာက္လို႔ ၿပီးၾကၿပီးေနာက္ အားလုံးမွာ နည္းနည္း မူးေဝေနၾကၿပီး ေလာင္ဟူက ဖုန္က်ယ္ယြီရဲ႕ ပခုံးေပၚ လက္တင္ၿပီး ေျပာလိုက္တယ္။ "ညီကို၊ မင္းရဲ႕ အရင္က ဇာတ္လမ္းကို ငါၾကားဖူးတယ္။ အဲ့ဒါက မင္းအတြက္ အရမ္းမတရားတာပဲ။ အဲ့လိုျဖစ္ၿပီးတာေတာင္ မင္းတျခားသူကို ကူညီေနေသးတယ္ဆိုတာ ငါျဖင့္ ယုံေတာင္ မယုံနိုင္ဘူး။ မင္းက တစ္သက္တာ ဟီးရိုး စစ္စစ္ပဲ"

ဟူေ႐ြ႕ယန္၊ ဟူေ႐ြ႕႐ႊယ္နဲ႕ သက္ႀကီးစုံတြဲက ဖုန္က်ယ္ယြီကို မသိၾကေပမယ့္ က်န္းဟြာဖုန္း၊ ဝူ႐ႊီယြဲ႕နဲ႕ ဟိုတယ္ရဲ႕ သူေဌးနဲ႕ သူေဌးမက ဖုန္က်ယ္ယြီနဲလူကိုယ္တိုင္ မေတြ႕ဖူးၾကေပမယ့္ သူ႕ကိုေတာ့ သိတယ္။ သူ႕ကို စဆုံေတာ့ သူတို႔မွာ ေမးခြန္းေတြရွိေနခဲ့ၿပီး သူက ရႈယန္ကယ္ခဲ့ လို႔လို႔ ေျဖလာတဲ့အခ်ိန္မွာ သူတို႔ ေဝခြဲမရ ျဖစ္သြား တယ္။ေလာင္ဟူရဲ႕ စကားေတြ ၾကားတဲ့ အခ်ိန္မွာ ထပ္ၿပီး ေဝခြဲမရ ျဖစ္သြားျပန္တယ္။

" မင္းတို႔ေတြ မသိၾကဘူးပဲ။ အဲ့ အခ်ိန္တုန္းက ညီကိ ဖုန္က မိန္းမငယ္ေလး တစ္ေယာက္ကို ကယ္ခဲ့ ေပမယ့္ သူမက လက္စားေခ်မွာစိုးၿပီး ညီကိုဖုန္က သူမကို ကိုယ္ထိလက္ေရာက္ ေစာ္ကားဖို႔ ႀကိဳးစားတာေၾကာင့္ သူမ အတန္းေဖာ္ေတြက သူနဲ႕ ရန္ျဖစ္ခဲ့ၾကတာပါလို႔ ေလွ်ာက္ေျပာပစ္တယ္ေလ။ ၿပီးေတာ့ ကားတိုက္ခံလိုက္ ရတဲ့ ေကာင္က်ေတာ့ေရာ... သူ႕သူငယ္ခ်င္းက သူ႕ကို တြန္းလိုက္တာဆိုေပမယ့္ ၿပီးက်ေတာ့ ညီကိုဖုန္ကိုပဲ အျပစ္ေတြ တင္ၾကတာ" ေလာင္ဟူ သက္ျပင္း ခ်လိဳက္တယ္။ "မိန္းကေလးနဲ႕ သူမရဲ႕ မိသားစုက ညီကိုဖုန္ရဲ႕ မေတာ္တဆေတြ ၿပီးေနာက္ ေျပာင္းသြားၾကတာ။ ေနာက္ေတာ့ သူ႕နာမည္ကို ရွင္းဖို႔ မျဖစ္နိုင္ေတာ့ဘူးေပါ့။"

" ဒါဆို အမွန္တကယ္ျဖစ္ခဲ့တဲ့ ဇာတ္လမ္းက ဒီလိုေပါ့။ ဒါေပမယ့္..." ဝူ႐ႊီယြဲ႕က သူမသူငယ္ခ်င္းရဲ႕ အိမ္နီးခ်င္းက သူ႕အေမကို မွ်ေဝတဲ့ ဇာတ္လမ္းကို ၾကားဖူးတာကို ေျပာဖို႔ ျပင္လိုက္တယ္။ ဒါေပမယ့္ ဖုန္က်ယ္ယြီက လက္ရွိေနရာမွာ ထိုင္ေနေတာ့ သူမ က်ယ္က်ယ္ ေလာင္ေလာင္ ေျပာမထြက္နိုင္ဘူး။

" ဟုတ္တယ္။ဇာတ္လမ္းအမွန္က အဲ့ဒါပဲ။ အရင္က ညီကိုဖုန္ အျပစ္ကင္းတာ လူအမ်ားစု သိၾကေပမယ့္ ႏွစ္အမ်ားႀကီး ၾကာၿပီဆိုေတာ့ ဘယ္သူက သတိေနအုံးမွာလဲ။ အမ်ားစုက ငါတို႔ ၿမိဳ႕ခံလူေတြနဲ႕ အမွန္တရားကို သိတဲ့ လူေတြပဲ။ အေနာက္ခရိုင္ တစ္ခုလုံးက ဘာေၾကာင့္ အဲ့အေၾကာင္း သိသြားတာလဲ သိလား" ဒီေနရာအေရာက္မွာ ေလာင္ဟူက တမင္သက္သက္ ရပ္လိုက္တယ္။

"ဘာေၾကာင့္လဲ " ေသခ်ာသေလာက္ပဲေပါ့။ ဝူ႐ႊီယြဲ႕နဲ႕ တျခားသူေတြက ေမးလာတယ္။

" အားလုံးက သူ႕မိေထြးရဲ႕ ေက်းဇူးေတြပဲ။ သူ႕မိေထြးက ညီကိုဖုန္ အိမ္ကို ရယူဖို႔ ျပန္လာၿပိဳင္မွာ စိုးလို႔ လူထုၾကားက သူ႕ရဲ႕ ဂုဏ္သတင္းကို တမင္သက္သက္ဖ်က္ဆီးခဲ့တာ။" ေလာင္ဟူက ဖုန္က်ယ္ယြီရဲ႕ မိဘေတြကို အထင္ေသးမႈနဲ႕ ႏႈတ္ခမ္းမဲ့လိုက္တယ္။

"ကြၽတ္ သူတို႔က ဘယ္လို မိဘမ်ိဳးေတြလဲ။" ယဲ့ရႈခ်င္က ဖုန္က်ယ္ယြီကို ဂ႐ုဏာသက္တဲ့အၾကည့္နဲ႕ ၾကည့္လိုက္တယ္။

အဲ့ဒါက သူ႕မိေထြးေပမယ့္ အေဖကေတာ့ အရင္းေလ။ အေဖရင္းက ဘယ္လိုလုပ္ ဒီလုပ္ျဖစ္ခြင့္ျပဳရတာလဲ။ မိေထြးက သူ႕သားကို အဲ့လုပ္ေတြ လုပ္တာကို ထိုင္ၿပီး ၾကည့္႐ုံၾကည့္ေနတယ္ေပါ့။

"အႂကြင္းမဲ့ ခ်စ္ခင္ၾကတဲ့ မိဘေတြအမ်ားႀကီး ရွိၾကေပမယ့္ အရမ္းတစ္ကိုယ္ေကာင္းဆန္၊ အရမ္း မ်က္ႏွာလိုက္တဲ့ မိဘေတြလည္း အမ်ာႀကီး ရွိၾကတယ္။"ရႈယန္ အရက္အာနိသင္ နည္းနည္းေလ်ာ့သြားေအာင္ စြတ္ျပဳတ္တစ္ငုံေသာက္ၿပီး ခါးသက္သက္ၿပဳံးကာ ေျပာလိုက္တယ္။" ကြၽန္မ ေယာက္်ားေဟာင္း ကြၽန္မ သစၥာေဖာက္တဲ့ အခ်ိန္တုန္းက ကြၽန္မက ကိုယ္ဝန္ႀကီးနဲ႕ေလ။ ကြၽန္မ တစ္အိမ္သားလုံးက သိေပမယ့္ ကြၽန္မကို ဖုံးကြယ္ထားၾကတာ။ ကြၽန္မ သိသြားေတာ့ သူနဲ႕ ထိပ္တိုက္ေတြ႕ခ်င္ခဲ့တယ္။ ကြၽန္မကို ပထမဆုံးတားဖို႔ ႀကိဳးစားတဲ့ သူေတြက ကြၽန္မ မိဘေတြပဲ။ အေၾကာင္းျပခ်က္အားလုံးက သူက ခ်မ္းသာၿပီး သူတို႔ကို ေငြပုံမွန္ ေပးတာေၾကာင့္ေလ။ ဒီအခ်ိန္ ကြၽန္မသာ နန္ၿမိဳ႕ေတာ္ကို မေရာက္ခဲ့ရင္ သူတို႔က ကြၽန္မမွာ ရွိတဲ့ ေငြတစ္ပဲတစ္ျပားက အစ ယူသြားၿပီးရင္ ေငြထပ္ရဖို႔အတြက္ ကြၽန္မကို တျခားတစ္ေယာက္ဆီ ထပ္ေရာင္းမွာ ေသခ်ာတယ္။ "

(၂၂၀) - "ေဘာ့စ္ ေသာက္ခဲ့တာလား"(3)

သူတို႔ ေျပာတဲ့ အေၾကာင္းအရာေတြကို နားေထာင္ရင္း ခ်န္ေဖး ရည္႐ြယ္ထားတာထက္ မေတာ္တဆ ပိုေသာက္မိသြားတယ္။ သူက သူ႕ခြက္ကို ေနာက္တစ္ခါ ထပ္ျဖည့္လိုက္ၿပီး ဖုန္က်ယ္ယြီနဲ႕ အတင္း ခြက္ခ်င္းတိုက္လိုက္တယ္။ "အာ..ငါတို႔ရဲ႕ ေနာက္ခံက အရမ္းဆင္တူတာပဲ။ ငါ့ရဲ႕လူအိုႀကီး(အေဖ)ကလည္း ငါ့အေမဆုံးၿပီး မၾကာဘူး... မိန္းမအသစ္တစ္ေယာက္ကို ျပန္ေခၚလာခဲ့တယ္။ အနည္းဆုံးေတာ့ မင္းအေဖကမင္းကို ပ်ိဳးေထာင္ခဲ့ပါေသးတယ္။ ငါ့အေဖကေတာ့ အဲ့လိုေတာင္မလုပ္ခဲ့ဘူး။ ငါ့ အဘိုးအဘြားေတြသာ မရွိရင္ ငါေတာ့ အရင္တည္းက ငတ္ေသသြားေလာက္တယ္"

"လူတိုင္းမွာ ခက္ခဲတဲ့ ကိုယ္ပိုင္ဇာတ္လမ္းေတြ ရွိၾကတာပဲ။ ညီကိုဖုန္၊ ညီကိုခ်န္၊ ဒါက မင္းတို႔ႏွစ္ေယာက္အတြက္" ေလာင္ဟူက သူ႕ခြက္ကို ျမႇောက္ကာ ေမာ့ခ်လိဳက္ၿပီး ေျပာလိုက္တယ္။

"ငါလည္း မင္းအတြက္ ခြက္ျမႇောက္ၿပီး ဆုေတာင္းေပးပါတယ္။"က်န္းဟြာဖုန္းက သူ႕ခြက္ကိုျမႇောက္ကာ ေလခ်ဥ္တက္ရင္း ေျပာလိုက္တယ္။ " မင္းနာမည္ကို ရွင္းနိုင္တဲ့ေန႕ ေရာက္လာမွာပါ။"

စားပြဲဝိုင္းမွာရွိတဲ့ လူအခ်ိဳ႕က မူးေနၾကၿပီ။ မဟုတ္ရင္ သူတို႔ ဒီလိုမ်ိဳးစကားေတြ ေျပာမွာ မဟုတ္ဘူး။ တစ္ဖက္က ဖုန္က်ယ္ယြီကေတာ့ သူတို႔ထဲက တစ္ေယာက္ မဟုတ္ဘူး။ သူက ဝိုင္ကို ေရလို ေသာက္ခဲ့ၿပီး တိတ္တဆိတ္ပဲ ေနေနတယ္။ သူက ေယာက္်ားေလးေတြနဲ႕ ခြက္ခ်င္းတိုက္ၿပီး သူ႕ခြက္ကို ေမာ့ေသာက္လိုက္ကာ ရႈယန္ကို ေဘးတိုက္ၾကည့္လိုက္ရင္း သူ႕ႏႈတ္ခမ္း အေပၚေကြးတက္သြားၿပီး ေျပာလိုက္တယ္။ "တကယ္ ရွင္းနိုင္မွာပါ"

ေန႕လည္စာစားၿပီးေနာက္ ေလာင္က်န္းနဲ႕ သူ႕ဇနီးက စက္႐ုံမွာ အလုပ္လုပ္စရာေတြ ရွိေသးတာေၾကာင့္ သူတို႔ကို ႏႈတ္ဆက္ခဲ့တယ္။ မိုတယ္စုံတြဲကလည္း သူတို႔ရဲ႕ စီးပြားေရးကိစၥ သြားစရာရွိလို႔ ႏႈတ္ဆက္ထြက္သြားၾကတယ္။ က်န္းဟြာဖုန္းနဲ႕ ခ်န္ေဖးက မူးေနတာေၾကာင့္ ဝူ႐ႊီယြဲ႕နဲ႕ က်န္းဟြာ႐ႊီက သူတို႔ကို တစ္ေယာက္,တစ္ေယာက္ဆီ ျပန္ေခၚသြားၾကတယ္။ ေလာင္ဟူလည္းပဲ မူးေနတယ္။ ဖုန္က်ယ္ယြီက သူကို လုံၿခဳံစြာအိမ္ေခၚသြားဖို႔ တာဝန္ရွိသြားတယ္။ ဟူေ႐ြ႕ယန္ကေတာ့ ပြဲခ်ိန္တစ္ဝက္ေလာက္တည္းက ဖုန္းလက္ခံရလို႔ ျပန္သြားတာၾကာၿပီ။ ဟူေ႐ြ႕႐ႊယ္နဲ႕ လင္းေဟြ႕ပဲ ကူညီဖို႔ ေနက်န္ခဲ့တယ္။

ရႈပ္ေထြးေနတဲ့ ေနရာကို ၾကည့္ၿပီး ရႈယန္ ေျပာလိုက္တယ္။ " နင္တို႔ သြားေတာ့ေလ။ ငါဒါေတြကို ျဖည္းျဖည္းခ်င္း ရွင္းလိုက္မယ္။"

"ဘာေတြေျပာေနတာလဲ။ ဒါကို နင္ တစ္ေယာက္တည္းရွင္းမယ္ဆိုရင္ ထာဝရေလာက္ ၾကာသြားလိမ့္မယ္။" လင္းေဟြ႕က အကၤ်ီလက္ကို လိပ္တင္ကာ ပန္းကန္လုံးေတြ၊ ပန္းကန္ေတြကို စသိမ္းလိုက္ရင္း ေျပာလိုက္တယ္။

ဟူေ႐ြ႕႐ႊယ္က ပန္းကန္ေဆးရတာ မႀကိဳက္တာေၾကာင့္ ကုလားထိုင္ေတြ ကူသိမ္း၊ တံျမက္စည္းလွဲကာ ၾကမ္းတိုက္လိုက္တယ္။

ကေလးႏွစ္ေယာက္က လိမၼာနာခံၿပီး သူတို႔ သိမ္းတဲ့အခ်ိန္မွာ ဝိုင္းကူညီေပးတယ္။ ရႈယန္ သူတို႔ကို လွမ္းၾကည့္ကာ သူတို႔အခန္းဆီ ျပန္ခိုင္းလိုက္တယ္။ " မင္းတို႔ရဲ႕ ေႏြရာသီ အားလပ္ရက္ အိမ္စာေတြ လုပ္လို႔ မၿပီးေသးဘူးေလ။ ရႉး ... မင္းတို႔အခန္းဆီ ျပန္သြားေတာ့ "

ကေလးႏွစ္ေယာက္ မရွိေတာ့ လူႀကီး သုံးေယာက္ဟာ အလုပ္လုပ္ကတာ ပိုၿပီးေတာ့ေတာင္ ခရီးေရာက္တယ္။ " သိမ္းဆည္းေနရင္း လင္းေဟြ႕တစ္ေယာက္ မေမးမိဘဲ မေနနိုင္ဘူး။"ဖုန္က်ယ္ယြီက နင့္ကို တကယ္ ကယ္ခဲ့တာလား"

"ဒါေပါ့။ သူ ကယ္ခဲ့တယ္။ မဟုတ္ရင္ ဘယ္လိုလုပ္ ေန႕လည္စာ စားဖို႔ သူ႕ကို ငါ့ေနရာ ဖိတ္ရဲမွာလဲ"

" အဲ့လူေတြက ညလယ္ေလာက္ႀကီး သူ႕မိဘေတြကို ဆက္သြယ္ၿပီး သူ႕ဂုဏ္သတင္းကို ဖ်က္ဆီးခိုင္းဖို႔ လူသိရွင္ၾကား ေကာလဟျဖန့္ခိုင္းတာကို ငါလည္း ၾကားဖူးတယ္။ အဲ့နည္းကပဲ ေတေလဂ်ပိဳးျဖစ္တာနဲ႕ လူသတ္မူ ျဖစ္တာအတြက္ သူ႕ကို တကယ္မွားဖမ္းမိေစနိုင္မွာေလ။"

အလုပ္လုပ္ေနတဲ့ ရႈယန္ရဲ႕ လက္က ရပ္တန့္သြားတယ္။"ဒါေတြအားလုံးက သူတို႔ရဲ႕ အိမ္အတြက္ေပါ့"

" မဟုတ္ဘူး။ ဖုန္က်ယ္ယြီရဲ႕ အဘိုးအဘြားေတြအိမ္။ သူ႕ အဘိုးအဘြားေတြက သူတို႔ ေျမးႀကီးအတြက္ ခ်န္ထားခဲ့ခ်င္တာ။ ဒါေပမယ့္ သူ႕မိေထြးက အဲ့လိုမျဖစ္ေစခ်င္ဘူး။ ဖုန္က်ယ္ယြီက သူ႕အိမ္ေထာင္စုစာရင္းကို ေ႐ႊ႕လိုက္တယ္ ၾကားတာပဲ။ တခ်ိဳ႕ကေတာ့ သူက အဘြားအိုရဲ႕ နာမည္ေအာက္မွာ ရွိတယ္လို႔ ေျပာၾကတယ္။ တျခားသူေတြကေတာ့ သီးသန႔္ (အိမ္ေထာင္စုစာရင္း) ေ႐ႊ႕သြားတာလို႔ ေျပာတာပဲ။ ေျပာစကားေတြကေတာ့ အမ်ိဳးမ်ိဳးရွိတယ္။ ဒါေပမယ့္ ဖုန္က်ယ္ယြီကေတာ့ အင္အားႀကီးတယ္ေနာ္။ သူ အသက္ 18 ႏွစ္အခ်ိန္တည္းက သူ႕အဘိုးက အိမ္ကို သူ႕နာမည္ေအာက္ ေ႐ႊ႕ေပးခဲ့တာ။ သူ႕အေဖနဲ႕ သူ႕မိေထြးေတာင္ အဲ့အေၾကာင္း မသိဘူး။ သူက သူ႕အိမ္ေထာင္စု စာရင္းကို ေ႐ႊ႕ၿပီးမွပဲ သူတို႔ ရွာေတြ႕သြားၾကတာ။ သူ႕မိေထြး သူ႕တံခါးကို လာထုရိုက္ေတာ့ သူက အဟုတ္ကို ရဲေခၚလိုက္တယ္တဲ့။ အဲ့ဒါကို နင္ယုံနိုင္လား" လင္းေဟြ႕ စိတ္လႈပ္ရွားစြာ ေျပာလိုက္တယ္။

" ငါဆိုလည္း အဲ့လိုလုပ္လိမ့္မယ္" သူမရဲ႕ ဆိုး႐ြားမႈေတြကို ၾကင္နာမႈနဲ႕ ျပန္ဆပ္စရာ လိုလို႔လား။ သူက ႐ူးေနတာမွ မဟုတ္တာ။

ႏွစ္နာရီနီးပါး သန့္ရွင္ေရး လုပ္ၿပီးေနာက္ အိမ္က မူလ အေျခအေနအတိုင္း သန့္ရွင္းသြားတယ္။ အလုပ္မွာ ဂ႐ုစိုက္စရာေတြ ထပ္ရွိလာလို႔ ဟူေ႐ႊ႕႐ႊယ္က သူမလက္ကို ေဆးေၾကာလိုက္ၿပီး ႏႈတ္ဆက္ထြက္သြားေတာ့တယ္။ လင္း‌ေဟြ႕နဲ႕ ရႈယန္ကေတာ့ သူမေနရာကို သူမပစၥည္းေတြ ျပန္ေ႐ႊ႕ဖို႔ လိုေသးတယ္။

ေလာင္ဟူကို အိမ္လိုက္ပို႔ေပးၿပီးေနာက္ ဖုန္က်ယ္ယြီ လွည့္ထြက္သြားတယ္။ အမွန္တိုင္းေျပာရရင္ သူ ဘယ္တုန္းကမွ ေမွ်ာ္လင့္ခ်က္မဲ့တယ္လို႔မခံစားဖူးဘူး။အဓိကကေတာ့ အဘြားအိုက တစ္စုံတစ္ေယာက္ရဲ႕ ဂ႐ုစိုက္မႈ လိုအပ္ေနတာေၾကာင့္ သူ ထြက္မသြားခဲ့တာ ျဖစ္တယ္။ သူမ တိမ္းပါးသြားသည္အထိ သူမကို ၾကည့္ရႈေစာင့္ေရွာက္ပါ့မယ္လို႔ သူ႕ရဲေဘာ္ကို ကတိေပးထားခဲ့တယ္။

ေထာင့္တစ္ေထာင့္ရဲ႕ ေဝးလံေသာ ေနရာတစ္ခု၌ ကားတစ္စီး ပါကင္ထိုးတာတယ္။ ဖုန္က်ယ္ယြီ ေမာင္းသူေဘး ထိုင္ခုံမွာ ဝင္ထိုင္လိုက္တယ္။

"ေဘာ့စ္၊ ေသာက္ခဲ့တာလား"

"နည္းနည္းပါ။ ႐ုံးကို ျပန္သြားရေအာင္"

groupမွာ (463) main story ထိ ၿပီးပါၿပီ။

Continue Reading

You'll Also Like

129K 12.7K 199
book 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်
49.7K 5.3K 22
အရင်တစ်ခုက လုံးဝဝင်မရတော့လို့ ခွဲလိုက်တာပါ အရင္တစ္ခုက လုံးဝဝင္မရေတာ့လို႔ ခြဲလိုက္တာပါ
10.4K 789 11
Title - Transmigrating To Become The Boss's Little Fairy Author - 春刀寒 Status - 98 Chapters + 21 extras (Completed) This is just a translation. A...
380K 9.3K 83
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."