ထိုနှစ်များမှာ မြတ်နိုးဖွေရှာ

Da Vera-Yu

353K 63.3K 4.7K

Original Title : 当年万里觅封侯 English Title : Those Years in Quest of Honor Mine Original Author : Man Man He Qi... Altro

Description
Prologue
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Extra 1
Extra 2

Part 81

2.2K 506 10
Da Vera-Yu

Unicode

ချုံအန်းမင်းကြီးသည် ယွီမုချန်ကို သံသယရှိနေသည်။ တစ်ဘက်တွင် သူသည် ကောလာဟလများကို ဖိနှိပ်နေသည်။ တစ်ဘက်တွင်မူ လူလွှတ်၍ စုံစမ်းခိုင်းထားသည်။ အနည်းငယ် စုံစမ်းပြီးနောက်တွင် အရာအားလုံးတို့သည် မင်းသားယွီအိမ်တော်သို့ ညွှန်ပြနေခဲ့သည်။

ချုံးအန်းမင်းကြီးမှာ သံသယများလေလေ၊ မင်းသားယွီအား အဘယ်ကြောင့် ထိုသို့လုပ်ခဲ့သလဲဆိုသည်ကို မေးဖို့ဖြစ်နိုင်ချေ မရှိလေလေဖြစ်သည်။ ယွီမုချန်မှာ ရှင်းပြချင်သော်လည်း လမ်းကြောင်းရှာမရပေ။

သေချာပေသည်။ သူသည် ကိုယ့်အသက်ကိုယ် အလျှော့မပေးနိုင်ပေ။ ကနဦးတွင် ယွီရှီက နှစ်ဦးနှစ်ဘက်စလုံးကို နစ်နာစေချင်၍ဖြစ်မည်ဟု သံသယရှိခဲ့သည်။ နှစ်ရက်ခန့် စုံစမ်းပြီးနောက် မင်းသမီးကြီးအန်းကော၏အိမ်တော်မှ မသင်္ကာဖွယ်များ တွေ့ခဲ့ရသည်။ သူ မင်းသမီးကြီးအား မမေးနိုင်သေးခင်မှာပင် သူ့ငယ်သားများသည် အခြားအရာတစ်ခုကို ရှာတွေ့ခဲ့လေသည်။ ဦးဆုံးသတင်းတို့သည် ကိုယ်လုပ်တော်ယွီနန်းဆောင်မှ ထွက်လာခြင်းဖြစ်သည်။

ဤအကြောင်းကို ကြားသိသိရချင်းတွင် ယွီမုချန်သည် ကိုယ်လုပ်တော်ယွီအား သတ်ပစ်ချင်ခဲ့သည်။

"မင်းကြီးက ယွီရှီကို မယုံနေတာ။ သူ့စိတ်ထဲမှာ ဝေခွဲမရဖြစ်နေသေးလို့ ပဉ္စမမင်းသားကို ထားထားတာ"

ကိုယ်လုပ်တော်ယွီ၏နန်းဆောင်တွင် ယွီမုချန်သည် ဒေါသကိုထိန်းရန် ကြိုးစားနေရသည်။ အသံတို့က တုန်ယင်လျက် သူပြောလိုက်သည်။ "အောင်မြင်မှုနဲ့ ကျရှုံးမှုဆိုတာ မဆုံးဖြတ်ရသေးဘူး။ နိုင်ဖို့ အခွင့်အလမ်းရှိသေးတယ်။ ဘာလုပ်ဖို့ ကြိုးစားနေတာပါလဲ။ ဘာလို့များ စိတ်မရှည်ရတာပါလဲ"

နန်းတော်ထဲတွင် ကောလာဟလများသည် နေရာအနှံ့ ပြန့်နေခဲ့သည်။ ချုံအန်းမင်းကြီးသည် ဤကိစ္စကို အကြောင်းပြလျက် ယွီရှီအား ပထမအဆင့်မင်းသားအဖြစ် တိုးမြှင့်ပေးဖို့ ရက်ကောင်းရက်မြတ် ရွေးရန်ကို ရွှေ့ဆိုင်းထားသည်။ ကိုယ်လုပ်တော်ယွီသည် ဤအဖြစ်မှာ သူ၏ကိုယ်ပိုင်ဆောင်ရွက်မှုကြောင့်ဟု အတွေးရောက်လျက် ပို၍ပင် ယုံကြည်ချက်ပြင်းထန်နေသည်။ သို့သော် သူက ယွီမုချန်အား အပြစ်တင်နေဆဲပင်။ သူ့အစ်ကိုကြီး၏ အဆင့်အတန်းသည် ယိမ်းယိုင်နေခဲ့သည်ဟု သူခံစားနေရဆဲသာ။ အေးစက်စိမ်းကားစွာဖြင့် သူပြောလိုက်သည်။ "ကျွန်မက ဘာလို့စိတ်မရှည်နေရတာလဲ ဟုတ်လား။ အခု ချုံအာအတွက် စိတ်ပူမဲ့သူက ကျွန်မတစ်ယောက်တည်း ဖြစ်နေမှာကို ကျွန်မစိုးရိမ်မိတယ်။ ကျွန်မသာ မလှုပ်ရှားသေးရင် ချုံအာသေသွားခဲ့ရင်တောင် ဘယ်သူကမှ ဂရုမစိုက်ဘဲနေမှာကို ကျွန်မစိုးရိမ်တယ်"

ယွီမုချန် ရယ်မိသွားသည်။ "ကိုယ်လုပ်တော်က ပဉ္စမမင်းသားကို တကယ် ကူညီပေးနေတာရော ဟုတ်ရဲ့လား"

"မဟုတ်လို့လား" ကိုယ်လုပ်တော်ယွီက ထေ့သည်။ "မင်းကြီးမှာ အစွမ်းအစရှိခဲ့ရင် သူ အဲ့မျိုးမစစ်လေးကို ဆက်ပြီး မြှောက်စားနိုင်တယ်။ မင်းကြီးသာ သူ့ကို ပထမအဆင့်မင်းသားရာထူး ချီးမြှင့်ရဲရင် ကျွန်မလည်း ပြဿနာကြီး ရှာရဲတယ်။ ကောလာဟလတွေက ပိုပိုပြီးတော့ မကြားဝံ့မနာသာ ဖြစ်လာရုံပဲ ရှိတယ်။ အဲ့လောက်ကောလာဟလတွေ အများကြီး ကြားပြီးရင် မင်းကြီးလည်း အဲ့မျိုးမစစ်လေးကို တစ်ချက်ကလေး ကြည့်ချင်ဦးမလားဆိုတာ ကျွန်မ တကယ်သိချင်တယ်"

"မင်းကြီးနဲ့ ယွီရှီကြားမှာ ဒီလိုမျိုး ပဋိပက္ခဖြစ်အောင် လုပ်လို့ရမယ်လို့ ကိုယ်လုပ်တော် တကယ်ထင်တယ်ပေါ့" ယွီမုချန်မှာ မယုံနိုင်ဖြစ်နေမိသည်။ "ကိုယ်လုပ်တော်က မင်းကြီးကို ယွီရှီဘက် တွန်းပို့နေတာပဲ။ ဘာလို့များ ခုထိ နားမလည်နိုင်ရတာလဲ။ အရင်ကိစ္စတွေကို ပြန်ဖော်ချင်တယ် ဆိုရင်တောင် ဒီလိုမျိုး လုပ်သင့်တာမဟုတ်ဘူး။ ဘာကြောင့်နဲ့ ယွီရှီအမေရင်းရဲ့ သဏ္ဌာန်အစစ်အမှန်ကို အရမ်းဖော်ချင်နေရတာပါလဲ။ တခြားလူတွေက သူ့အမေရင်းက အရင်မင်းဆက်ရဲ့ ကိုယ်လုပ်တော်ငယ်ကျုံးဆိုတာကို ယုံတယ်ဆိုခဲ့ရင်တောင် ဘာဆက်ဖြစ်လဲ။ သူက မင်းကြီးရဲ့သားဖြစ်နေတုန်းပဲ မဟုတ်ဘူးလား။ ကိုယ်လုပ်တော်က ယွီရှီကို နာမည်ဖျက်နေတာလား၊ မင်းကြီးကို နာမည်ဖျက်နေတာလား"

ကိုယ်လုပ်တော်ယွီ မိန်းမောသွားသည်။ ခေါင်းမာမာဖြင့်သာ သူကပြောသည်။ "ဘာကွာလို့လဲ။ သူ့နောက်ကြောင်းက ရှုပ်နေရင် သူ့အပေါ်မှာ အမည်းစက်မထင်ဘူးလို့ ကျွန်မကို မပြောနဲ့"

ယွီမုချန်မှာ စိတ်တိုလွန်း၍ ထိုင်ခုံပေါ်သို့ ပုံကျသွားတော့သည်။ ကိုယ်လုပ်တော်ငယ်ကျုံး၏ အစေခံဟောင်းများ နန်းတော်ထဲဝင်ရန်အတွက် သူ စီစဉ်ပြီးလေပြီ။ ယခုမူ သူသည် ဘေးမှ ရပ်ကြည့်နေခဲ့ရုံသာ ရှိသည်။ သူနှင့် ချုံအန်းမင်းကြီးတို့သည် အာဏာကို ခွဲဝေလျက် တစ်ယောက်ကိုတစ်ယောက် အကျိုးပြုရင်း ဆယ်စုနှစ်များစွာ နေခဲ့ကြသည်။ ထိုသို့ဖြင့် သူသည် မင်းကြီး၏ တွေးပုံတွေးနည်းများကို အားလုံးနီးပါး နားလည်နေခဲ့သည်။ မင်းကြီး ဆုံးဖြတ်ချက် မချရသေးတာကို သူသဘောပေါက်သည်။ သူ ဝှက်ဖဲတစ်ခုကို ဆောင်ထားချင်ရုံသာ။ အကယ်၍ ချုံအန်းမင်းကြီးက ယွီရှီအား အိမ်ရှေ့စံရာထူး အပ်နှံခဲ့လျှင် မင်းသားယွီသည် ယွီရှီ၏ဖခင် မည်သူဆိုသည်ကို လမ်းလွှဲ၍ သူ့နောက်ကြောင်းအား ဖော်ထုတ်ပေမည်... ထို့နောက် ယွီရှီမှာ ကိုယ်လုပ်တော်ငယ်ကျုံးနှင့် အခြားယောက်ျား တစ်ယောက်တို့မှ မွေးဖွားလာလေသလားဟု တော်ဝင်မိသားစုဝင်များနှင့် အမတ်များ သံသယဝင်အောင် အစေခံဟောင်းများကို လက်နက်သဖွယ်သုံးလျက်၊ ဆိုးဝါးလှသော သတင်းဆိုးကို လက်နက်သဖွယ်သုံးလျက် သူလုပ်မည်... တစ်ချက်ထိုးစိုက်လိုက်လျှင် ယွီရှီတစ်ယောက် သေခြင်းကို ရှောင်လွှဲနိုင်မည် မဟုတ်တော့။

သို့သော် ယခုအချိန်တွင်မတော့... ယွီမုချန်သည် ကိုယ်လုပ်တော်ယွီကို စိတ်ပျက်လက်ပျက်ဖြင့်သာ ကြည့်နေမိတော့သည်။ ယွီရှီအား ထိုးစိုက်နိုင်သော ဓားသွားတစ်လက်ဖြစ်လာမည့် နှစ်ပေါင်းများစွာ အားစိုက်ခဲ့ရသမျှတို့သည် အချိန်မရောက်မီမှာပဲ ကိုယ်လုပ်တော်ယွီ၏ ယူဆောင်ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။ ထိုအရာဖြင့် ယွီရှီ၏လက်ကို လှီးဖြတ်လျှင် အယားပင်ပြေလိမ့်မည်မဟုတ်။

ယွီမုချန်၏ မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်းမှာ ကောင်းမွန်လွန်းလှသည်။ သူ ကိုယ်တွင်းကလီစာများ ဗြောင်းဆန်သည်အထိ စိတ်တိုနေသော်လည်း ကိုယ်လုပ်တော်ယွီကို အော်ငေါက်ခြင်းမပြုပေ။ သူ့ရင်ဘတ်သူ ဖိကိုင်လျက် ဖြည်းဖြည်းပြောလိုက်သည်။ "ကျွန်တော် အလျင်မလိုဘူးဆိုတာက ပဉ္စမမင်းသားကို စိတ်မပူဘူးလို့ မဆိုလိုဘူး။ ပြီးတော့လည်း ကျွန်တော် ဘက်ပြောင်းပြီး ယွီရှီကို ကာကွယ်ပေးချင်တာလို့လည်း မဆိုလိုဘူး။ အချိန်မကျသေးရုံပဲ... ယွီရှီရဲ့နေရာက အဲ့လောက်ခိုင်မာတယ်လို့ ကိုယ်လုပ်တော် တကယ်ထင်လား"

"သူက သူ့ရင်ထဲမှာ မင်းကြီးကို မလေးစားဘူး။ မင်းကြီးက ဘယ်အချိန်အထိ သားမိုက်ကို ထောက်ပံ့ပေးနေမှာတဲ့လဲ။ ဟုတ်ပြီလေ၊ အရင်ဆုံး သူ မင်းကြီးကို စိတ်ပြောင်းအောင် လုပ်နိုင်၊မလုပ်နိုင်ဆိုတာကို ထားဦး။ ယွီရှီကိုယ်တိုင်ကိုက ပြဿနာပေါင်း သောင်းခြောက်ထောင် ရှိနှင့်ပြီးသား မဟုတ်ဘူးလား"

"အရင်နှစ်တွေက သူ အအေးစာမှုန့်တွေစားပြီး ကလီစာတွေကို ထိခိုက်မိလို့ တခါတလေ စိတ်ထထဖောက်တယ်။ ဒါပေမဲ့ သူက ဖုံးထားတဲ့နေရာမှာ အရမ်းတော်တယ်။ သူ ဆက်ပြီးမဖုံးထားနိုင်တော့အောင် ကျွန်တော်တို့ လုပ်ဖို့လိုတယ်။ အဲဒါ ဘယ်လောက် ခက်ခဲလို့လဲ"

"ပြီးရင် သူ လိင်တူစိတ်ဝင်စားတဲ့ ကိစ္စရှိသေးတယ်။ မင်းကြီးက မမြင်ချင်ယောင် ဆောင်နေတာ။ ကောင်းပြီ။ ဒီအကြောင်းကို အရင် ချန်ထားဦးစို့"

"ဒါပေမဲ့ သူက ဒီလောက်ကြီးနေပြီ။ ဒါတောင် မိန်းမယူချင်စိတ် မရှိသေးဘူးလား။ အရင်တစ်ခေါက်က မင်းကြီးက သူ့ကို ကိုယ်လုပ်တော် ချီးမြှင့်ချင်တာ။ သူက အခြေအမြစ်မရှိတဲ့ အကြောင်းပြချက်ပေးပြီးတော့ မင်းကြီး စိတ်ခုအောင် ငြင်းလိုက်တယ်။ ဒါကတင် သူ့ကို ရှုံ့ချဖို့အတွက် လုံလောက်နေပြီ မဟုတ်ဘူးလား"

ယွီမုချန်မှာ အင်မတန် ပင်ပန်းနေသည်။ "သူ့ကို ထိုးနှက်လို့ရမဲ့ သတင်းတွေ အများကြီး ရှိတယ်။ အဲ့ထဲကတစ်ခုကို ရွေးလိုက်ရင်တောင် ကောင်းနေပြီ။ ဘာလို့များ ဒီတစ်ခုကိုမှ အချိန်မတန်သေးဘဲ လုပ်ပစ်လိုက်ရတာလဲ"

ကိုယ်လုပ်တော်ယွီ၏ ဉာဏ်နည်းမှုနှင့် မောက်မာမှုသည် အခြားသူများကို ဒေါသထွက်စေသည်။ "အစ်ကိုကြီးက ဒါကို အရမ်းသိနေမှတော့ သူ့နောက်ကြောင်းကိစ္စက တခြားဟာတွေထက် ပိုပြီးပြင်းထန်တယ်ဆိုတာလည်း သိမှာပေါ့။ ကျွန်မက သူ့ကိုဖျက်ဆီးပစ်ချင်တာလေ။ သေချာပေါက်ကို အထက်ဆုံးဓားကို ရွေးရမှာပေါ့"

ယွီမုချန်သည် အော်ဟစ်ပစ်လိုက်ချင်တော့သည်။ ကိုယ်လုပ်တော်က ကျွန်တော့်ရဲ့ဓားကို အချိန်မရောက်သေးဘဲ သုံးနေတာလေ။

ယွီမုချန်၏အားတို့မှာ ရုတ်ခြည်း ပျောက်ကွယ်ကုန်သည်။ သူ ကိုယ်လုပ်တော်ယွီကို စကားတစ်ခွန်းကလေးမှ မပြောချင်တော့။

သူသည် သူ၏ခေါင်းမာ၍ မိုက်မဲသော ညီမကို ကြည့်နေမိသည်။ ထိုအခိုက် သူ စိတ်ပျက်စွာ တွေးလိုက်မိသည်။ ကျွန်တော့်မှာ ရှိသမျှ ကြိုးစားအားထုတ်မှုတွေကို သုံးခဲ့ရက်နဲ့ အခုတော့ မင်းကြီးကို အတော်လေး စိတ်ခုအောင် လုပ်မိပြီး ရွှမ်ချုံအတွက် ကျွန်တော့် အသက်ကို ပိုပြီးတော့တောင် ရင်းထားရနေပြီ။ နောက်ဆို ရွှမ်ချုံ တကယ် နန်းတက်ဖြစ်ခဲ့ရင် ဘယ်လိုတွေ ဖြစ်လာမှာလဲ။

သူ့ညီမသည် ယခုအချိန်တွင် သူ့အား သံသယဝင်နေပြီး သူ့စီမံရာနောက်သို့ မလိုက်လိုတော့ပေ။ သူ မင်းကြီးမယ်တော်ဖြစ်လျှင် မည်သို့နေမည်နည်း။ ကိုယ်လုပ်တော်ယွီသည် ငယ်သေးသည်။ နောင်များတွင် သူသည် နိုင်ငံရေးကိစ္စများတွင် ဝင်ရောက်နှောင့်ယှက်မည်မှာ မလွဲ။

ကြောက်ဖို့ကောင်းသည်မှာ အာဏာမဟုတ်။ ထိုအစား ကြောက်စရာ အကောင်းဆုံးအရာမှာ လူမိုက်များလက်ထဲတွင် အာဏာရှိလျှင် ဖြစ်သည်။

ယွီမုချန်တစ်ယောက် စိုးရိမ်တကြီး တွေးနေမိသည်။ ပြီးတော့ ပိုလို့တောင် ကြောက်ဖို့ကောင်းတာက ရွှမ်ချုံနဲ့ ကိုယ်လုပ်တော်ယွီက ဆင်တူနေတာပဲ။

ယွီမုချန်သည် ယွီရှီ မြို့တော်မှ ပို့လိုက်ပြီဖြစ်သော ရွှမ်ရွေ့အကြောင်းကိုလည်း တွေးမိပြန်သည်။

ကနဦးတွင် ယွီမုချန်သည် ရွှမ်ရွေ့အား သူ၏နောက်ဆုံးဝှက်ဖဲအဖြစ် စဉ်းစားထားခဲ့သည်။ မကြာသေးမီကအထိ သူ သူ့အား အသုံးချဖို့လိုလိမ့်မည်ဟု မတွေးခဲ့ပေ။

သူ့တူအရင်းခေါက်ခေါက် တစ်ယောက်လုံး ရှိနေသေးသည်။ ထို့ကြောင့် သူ ဤအနုံအအကို ဘယ်တော့မှ သုံးရန်မလို။

သို့သော် ယခုမူ ကိုယ်လုပ်တော်ယွီကို ကြည့်ရင်း ယွီမုချန်သည် ရုတ်တရက် ဒွိဟဖြစ်သွားတော့သည်။

ရွှမ်ရွေ့သည် သူနှင့် ဘာမှမဆက်စပ်သော်ငြား အနည်းဆုံးအနေနှင့် အမိန့်ပေးရသည်ကိုကြိုက်သော ညံ့ဖျင်းလှသည့် အမေတစ်ယောက် မရှိပေ။

ယွီမုချန်၏ စိတ်သည် နက်ရှိုင်းလှသည့် ဝေခွဲမရမှုများကြားတွင် မျောနေသည်။ သိုသော် သူ့မျက်နှာမှာမူ ပုံမှန်အတိုင်းသာ ရှိသည်။ သူသက်ပြင်းချလိုက်သည်။ "ကောင်းပါပြီ။ ကိုယ်လုပ်တော် ခြေလှမ်းထားပြီဆိုတော့ ကျွန်တော် ဆက်မပြောတော့ပါဘူး။ တစ်ခုတော့ရှိပါတယ်။ ကျွန်တော် ကိုယ်လုပ်တော်ကို တောင်းပန်နေတာလို့ သဘောထားလိုက်ပါ။ ယွီရှီရဲ့ မွေးအမေအကြောင်း အာရုံစိုက်တာကို ရပ်လိုက်ပါတော့။ မင်းကြီးက သတိထားနေပြီဆိုတော့ မကြာခင်မှာ ကိုယ်လုပ်တော်ကို ညွှန်ပြနေတဲ့ သဲလွန်စတွေကို မြန်မြန်ရှာတွေ့သွားပါလိမ့်မယ်။ ကိုယ်လုပ်တော် မကြောက်ပါဘူးလား"

ကိုယ်လုပ်တော်ယွီ၏မျက်လုံးမှာ တုန်လှုပ်သွားသည်။ အခြားတစ်နေရာကို အနေခက်စွာ ကြည့်နေလေသည်။

"မင်းကြီးက ကျွန်တော့်ကို သံသယဖြစ်နေတယ် ဆိုပေမဲ့ ကျွန်တော် ကိုယ်လုပ်တော်ကို ဒီနေ့ လာတွေ့သေးတာပဲ။ ဒါက ကိုယ်လုပ်တော်နဲ့ ငြင်းခုံဖို့ မဟုတ်ပါဘူး" ယွီမုချန်က စိတ်ရင်းဖြင့် ပြောသည်။ "ငြိမ်ငြိမ်ထိုင်မနေနိုင်လို့ တစ်ခုခု လုပ်မယ်ဆိုလည်း ရပါတယ်။ ယွီရှီရဲ့ တခြားအကျင့်ဆိုးတစ်ခုကိုပဲ သုံးလိုက်ပါ၊ ဟုတ်ပါပြီလား"

ကိုယ်လုပ်တော်ယွီသည် အတန်ကြာအောင် လေးလေးနက်နက် စဉ်းစားနေသည်။ မာနမလျော့ဘဲ သူ ခေါင်းညိတ်လိုက်သည်။ "နားလည်ပြီ"

ပင်ပန်းနွမ်းလျစွာဖြင့် ယွီမုချန်သည် ထိုင်ခုံကို အားပြုကာ ထလိုက်သည်။ အကြိမ်ရေအနည်းငယ် ခါးသက်စွာ ရယ်လိုက်ပြီးနောက်တွင် ထွက်သွားလေသည်။

ကိုယ်လုပ်တော်ယွီသည် အချိန်ကြာမြင့်စွာ ထိုင်နေရင်း ယွီမုချန် ပြောခဲ့သည်တို့ကို ထပ်တလဲလဲ ပြန်စဉ်းစားနေမိသည်။ တအောင့်အကြာတွင် သူသည် လူယုံတို့ကို ဆင့်ခေါ်လိုက်တော့သည်။

"အရင်တစ်ခေါက်က မင်းကြီး ယွီရှီကို ကိုယ်လုပ်တော် ချီးမြှင့်တော့ သူငြင်းလိုက်တယ်လို့ အစ်ကိုကြီး ခုနကပြောတယ်" သူက တိုးဖျော့ဖျော့ အသံဖြင့် ပြောလိုက်သည်။ "အဲဒါက မင်းကြီးကို စိတ်ခုစေတယ်တဲ့။ သူ မင်းကြီးကို ဘယ်လိုငြင်းလိုက်တာလဲ သိကြလား"

လူယုံက သူ၏အဖြေကို တီးတိုးပြောလိုက်သည်။ ကိုယ်လုပ်တော်ယွီက စက်ဆုပ်မုန်းတီးစွာ ပြောလိုက်သည်။ "မျိုးမစစ်ဆိုတဲ့အမျိုးက မျိုးမစစ်ပဲ။ သူ ဘယ်လိုပဲ ယောက်ျားတစ်ယောက်နဲ့ ကလူနေဦးတော့။ မင်းကြီးကိုတောင် အဲ့အကြောင်း ပြောရဲရသလား"

သူ အတော်ကြာ တွေးပြီးနောက်တွင် နှုတ်ခမ်းတို့မှာ အနည်းငယ် ကွေးတက်လာသည်။ "အစ်ကိုကြီးက တစ်ခုတော့မှန်တယ်"

လူယုံကမေးသည်။ "ဘာ ဘာလဲ"

"အရာအားလုံးက မင်းကြီး ကြိုက်သလို၊ ဆန္ဒရှိသလိုပဲ ဖြစ်ရမယ်။ ဒါက မင်းကြီးကို အဝေးတွန်းပို့လိုက်တာပဲ" ကိုယ်လုပ်တော်ယွီက ပြောသည်။ "မင်းကြီးက ယွီရှီကို ကိုယ်လုပ်တော် ယူစေချင်နေတာ မဟုတ်လား"

လူယုံကပြောသည်။ "ဟုတ်ပါတယ်"

"ဒါဆို ကောင်းတာပေါ့။ မင်းကြီး ဖြစ်စေချင်တဲ့အတိုင်းလည်း ဖြစ်ရမယ်၊ ယွီရှီကိုလည်း ပြဿနာ ဖြစ်စေမဲ့ အကောင်းဆုံး နည်းလမ်းက ဘာလို့ထင်လဲ"

ခံစားချက်မရှိသော ရယ်သံသည် လူယုံထံမှ ထွက်လာသည်။ "ကိုယ်လုပ်တော်၊ ကျွန်တော်တို့ မင်းသားငယ်ယွီကို ကိုယ်လုပ်တော် ယူစေချင်ရင်တောင် လုပ်ခိုင်းရမဲ့ တာဝန်က ကိုယ်လုပ်တော် လက်ထဲမှာ မဟုတ်ပါဘူး"

သူက ရယ်သည်။ "ငါကတော့ မစီမံချင်ဘူးပဲပေါ့။ သွား... ငါတို့ မိဖုရားကြီးကို အရိုအသေ သွားပေးမယ်"

သို့သော် လူယုံက ဤသည်မှာ အကြံကောင်းတစ်ခုဖြစ်သည်ဟု မခံစားရသေးပေ။ "ကိုယ်လုပ်တော်၊ ဒါက အရမ်း သိသာလွန်းနေတယ် မဟုတ်ဘူးလား"

"စိတ်ပူမနေနဲ့။ ငါက တစ်ယောက်ယောက်ကို သူ့ဆီ တိုက်ရိုက်ပို့လိုက်မှာမှ မဟုတ်တာ။ ငါ အရူးမဟုတ်ဘူး" သူက အသံတိုးတိုးဖြင့်ပြောသည်။ "အရင်ဆုံး မိဖုရားကြီးကို ချုံအာဆီ ကိုယ်လုပ်တော်တစ်ယောက် ချီးမြှင့်ပေးဖို့ လျှောက်တင်မယ်။ ဒီကလေးမှာ ပြုစုပေးမဲ့သူ မရှိဘူးလို့ ပြော။ ယွီရှီအတွက်ကတော့... အဲ့သူတွေကို မိဖုရားကြီးကနေတစ်ဆင့် မင်းကြီးဆီ ပို့ခိုင်းပြီး သူ မိန်းမကောင်းလေး နှစ်ယောက် ရွေးထားတယ်။ ကြုံကြိုက်တုန်း ချုံအာကိုတစ်ယောက်၊ ယွီရှီကိုတစ်ယောက် ချီးမြှင့်ချင်လို့ပါလို့ ပြောခိုင်းမှာပေါ့"

"အစကတည်းက မင်းကြီးက ယွီရှီကို ကိုယ်လုပ်တော် ယူစေချင်နေတာ။ သူ သေချာပေါက် သဘောတူမှာပဲ" ကိုယ်လုပ်တော်ယွီက သရော်သည်။ "ယွီရှီက မယူချင်ဘူးမလား။ သူ ယူရအောင် ငါက ဇွတ်အတင်းလုပ်မှာပေါ့"

မင်းသားယွီအိမ်တော်၏ အရံခြံဝန်း။ နာမကျန်းဖြစ်မှုများ ကုန်စင်၍ အကောင်းပကတိ ဖြစ်လုနီးပါးရှိသော ကျုံးဝမ်သည် ရုတ်တရက် နေမထိထိုင်မသာ ဖြစ်လာသည်။

ငိုရခက်ရယ်ရခက်ဖြင့် ကျုံးဝမ်သည် ခုတင်ရှေ့တွင် ချိတ်ဆွဲထားသော ကားချပ်ကို ကြည့်နေ့မိသည်။

ကားချပ်ချိတ်ထားသည့်နေ့မှစ၍ ယွီရှီသည် ကျုံးဝမ်နှင့် လက်ပွန်းတတီး မနေတော့ပေ။

အိမ်တော်ထိန်းဖုန်မှာ ကျုံးဝမ် ယွီရှီနှင့် စကားများမည်ကိုစိုး၍ အားသည့်အချိန်တိုင်း ကျုံးဝမ်ကို စကားလာပြောလေ့ရှိသည်။ "သခင်လေး ဆက်ခံသူကို တကယ်အပြစ်မတင်သင့်ပါဘူး။ တော်ဝင်သမားတော်က သခင်လေးရဲ့ ကျန်းမာရေး မကောင်းဘူးလို့ ပြောတာပါ"

ကျုံးဝမ်သည် သူ၏ဆံပင်ကို ဖြီးသပ်နေသည်။ အကုန်အစင် ပျောက်ကင်းရန် လိုသေးသော သူ၏နဖူးဒဏ်ရာကို ကြေးနီမှန်ထဲမှ ကြည့်နေသည်။ သက်ပြင်းချလိုက်သည်။ "ကောင်းပါပြီ၊ ကျွန်တော် သူ့ကို အပြစ်မတင်ပါဘူး။ ကျွန်တော် မထောင်လာနိုင်ဘူးဆိုတာကို တစ်နေ့တစ်နေ့ အကြိမ်ရေမနည်းအောင် ပြောနေဖို့ မလိုပါဘူး။ ဘယ်ယောက်ျားကမှ အဲ့စကား မကြားချင်ဘူး..."

အိမ်တော်ထိန်းဖုန်က အသက်မပါစွာ ရယ်သည်။ "ဒါ ကျွန်တော် သခင်လေး ဆက်ခံသူကို နားလည်မှုလွဲသွားမှာ စိုးရိမ်လို့ပဲ မဟုတ်ဘူးလား။ သခင်လေး၊ သခင်လေးတော့ မသိပေမဲ့ ဆက်ခံသူက လွန်ခဲ့တဲ့ရက်တွေမှာ အရမ်းအလုပ်များနေခဲ့တာပါ။ နေ့တိုင်းနေ့တိုင်း သူ အိမ်တော်ကို ပြန်ရောက်ရင် သခင်လေးရဲ့ ကျန်းမာရေးကို တော်ဝင်သမားတော်ကိုမေးဖို့ မမေ့ပါဘူး။ အရင်ဆုံး အဲ့နေ့မှာ သခင်လေး ဘာဆေးသောက်ရတယ်ကို မေးတယ်။ ပြီးသွားရင် သခင်လေး နည်းနည်းလောက် ပိုကောင်းလာလားဆိုပြီး... ဆက်ခံသူက သခင်လေးကို တကယ်ဂရုစိုက်ပါတယ်"

ကျုံးဝမ်သည် နှုတ်ခမ်းသပ်လိုက်သည်။ ပြုံးလျက် ချိုသာစွာ ပြောလိုက်သည်။ "အင်း၊ ကျွန်တော်လည်း သူ့ကို ဂရုစိုက်ပါတယ်"

ထိုအခိုက် အမတ်များအဖွဲ့တွင် ယွီရှီသည် သတင်းတချို့ကြားကာ အေးစက်လှစွာ ရယ်လိုက်သည်။ သူ့ထံမှ စကားတစ်ခွန်းပင် ထွက်မလာ။

ယွီရှီနှင့်အတူ နန်းတော်ထဲသို့ လိုက်လာသော မိန်းမစိုးလေးသည် ဘေးဘီကိုကြည့်လိုက်သည်။ သူသည် အသံကို အရမ်းကျယ်ကျယ် မပြောရဲဘဲ ခေါင်းငုံ့လိုက်သည်။ "ဆက်ခံသူ၊ မင်းကြီးက မိဖုရားကြီး ရွေးထားတဲ့သူတွေကို ကြည့်ပြီးပါပြီ။ ဆက်ခံသူ ဒီမိန်းကလေးနဲ့အတူတူ အိမ်တော်ကို ပြန်ရရင် ဘယ်လိုလုပ်ကြမလဲ"

"ဘာမှမလုပ်ဘူး" ယွီရှီက မှတ်တမ်းကို ခေါင်းငုံ့ဖတ်ရင်း ပြောသည်။ "ငါ သူ့ကို ငြင်းလိုက်ဖို့ပဲ လိုတယ်"

မိန်းမစိုးလေးမှာ နေရခက်နေသည်။ "ဒါက... ကျွန်တော်တို့ ဘယ်လိုလုပ်ပြီး ဒီလိုလုပ်လို့ဖြစ်မလဲ။ မင်းကြီးက ခွင့်ပြုပြီးသွားပြီ။ ကျွန်တော်တို့ အိမ်တော်ကို ပြန်မဲ့ မြင်းလှည်းနောက်ကနေ သူလိုက်လာလိမ့်မယ်လို့ မင်းကြီးကပြောပါတယ်"

ယွီရှီကတော့ ခေါင်းပင် ထောင်မလာ။ "ဒါဆို သူ့ကိုရှင်းပစ်လိုက်"

"ရှင်းပစ်ရမယ်" ထိုစကားလုံးများသည် မိန်းမစိုးလေးကို အဆုံးစွန်ထိ ထိတ်လန့်စေသည်။ "ကျွန်တော်တို့လို ကျေးကျွန်တွေက ဘယ်လိုဝံ့ရဲပါ့မလဲ"

ယွီရှီသည် သူ့ကို အာရုံဆက်မထားတော့ပေ။

မိန်းမစိုးလေးမှာ ဖြေမဆည်နိုင်သော စိတ်သောက ရောက်နေရသည်။ ဘာလုပ်ရမည်ကို မသိဘဲ ထွက်သွားလေတော့သည်။

ဤကဲ့သို့ အသေးအမွှားကိစ္စလေးဖြင့် သူနှင့် ချုံအန်းမင်းကြီးတို့ အလှမ်းဝေးသွားမည် မဟုတ်မှန်း ယွီရှီ ကောင်းစွာသိသည်။ အလွန်ဆုံးရှိလှ မင်းကြီးက ထပ်စိတ်တိုရုံသာ။ သူ ယွီရှီကို ဘာတစ်ခုမှ အတင်းအကျပ် လုပ်ခိုင်းမည်မဟုတ်။

အလွန့်အလွန်ဆုံးတွင် ချုံအန်းမင်းကြီးက စိတ်တိုလျက် ဤအကြောင်းပြချက်ဖြင့် အခြားတစ်ခုကို အတင်းအကျပ် စေခိုင်းလျှင်ပင် မပြောပလောက်ပေ။

သူ ကိုယ်လုပ်တော် မယူရသရွေ့ အခြားကိစ္စများ ဘာလုပ်ရလုပ်ရ အဆင်ပြေသည်။

ယွီရှီသည် ဤသည်ကို အလွန်ယုံကြည်မှုရှိသည်။ သူ ညနေချိန် အမတ်များအဖွဲ့မှ ထွက်လာပြီး သူ့မြင်းလှည်းဘေးတွင် အစေခံအပိုတစ်ယောက် တွေ့လိုက်ရသည့်အချိန်ထိပင်။

လျှပ်တစ်ပြက်အတွင်း ယွီရှီ၏မျက်နှာမှာ ပြောင်းလဲသွားသည်။

ဤတစ်ခေါက်တွင်မတော့ ချုံအန်းမင်းကြီးသည် အလျော့မပေးခဲ့ပေ။

ယွီရှီ၏အကြည့်တို့သည် အေးစက်လှသည်။ သူသည် အဝေးရှိ သူ့မြင်းလှည်းတွင် ချိတ်ဆွဲထားသော မီးအိမ်တို့ကို ကြည့်နေရင်း စိုးထိတ်သောစိတ်များ ထိန်းမနိုင်သိမ်းမရဖြစ်လာသည်။

သူသည် ဤအကြောင်းနှင့်ပတ်သက်၍ အမြဲတစေ ဆန့်ကျင်နေခဲ့ပါလျက် အဘယ်ကြောင့် ထိုလူတို့က သူ့အား လွှတ်မပေးနိုင်ရပါသနည်း။

ယွီရှီသည် သူ့မြင်းလှည်းရှေ့တွင် ရပ်နေရာ သူ့မျက်နှာသည် အလွန်ပျက်ယွင်းနေသဖြင့် အခြားလူများကို ထိတ်လန့်စေသည်။

"ပြန်တော့" ယွီရှီက အေးစက်လှစွာ ပြောလိုက်သည်။ "သူ ဘယ်ကလာခဲ့လာခဲ့၊ ငါ သူ့ကို ပြန်ပို့မှာပဲ"

ယွီရှီသည် မြင်းလှည်း၏ ဇက်ကြိုးကို ဆွဲလိုက်သည်။ မြန်ဆန်လှသော လှုပ်ရှားမှုဖြင့် ခန်းစီးကို ဆွဲမလိုက်သည်...

အထဲတွင် ကျုံးဝမ်သည် စောင်ခြုံထဲရစ်ပတ်ကာ ပြတင်းကိုမှီလျက် နှစ်ခြိုက်စွာ အိပ်ပျော်နေသည်။

ယွီရှီ ထိတ်လန့်သွားသည်။

ကျုံးဝမ်... သူ အဘယ်ကြောင့် ဤနေရာသို့ ရောက်နေရပါသနည်း။

ကိုယ်လုပ်တော်သည် အဘယ်မှာနည်း။ ကျုံးဝမ် သူ့ကို မောင်းထုတ်လိုက်လေသလား။

ထို့နောက် သူ ယွီရှီအား ဤနေရာတွင် စောင့်နေခဲ့သည်လား။

ယွီရှီ ရယ်ချင်စိတ်ကို ထိန်းမရတော့ပေ။

သူ မြင်းလှည်းပေါ်သို့ တက်လိုက်သည်။ အိပ်ပျော်နေသော ကျုံးဝမ်ကို သူ ငုံ့ကြည့်နေမိသည်။ ရုတ်တရက် အခြားသူများ အဘယ်ကြောင့် ကိုယ်လုပ်တော်ယူရသည်ကို သဘောကျကြမှန်း သူသဘောပေါက်သွားတော့သည်။

ဤသို့သော ကိုယ်လုပ်တော်မျိုးသာ ဖြစ်ခဲ့လျှင် သူတို့အား လက်ခံနိုင်ဖွယ် ရှိသေးသည်။

သူ ကျုံးဝမ်ကို ကြည့်လိုက်သည်။ စိတ်ပျက်နေခဲ့သော သူ့ရင်ထဲတွင် ချက်ချင်း နွေးထွေးသွားလေတော့သည်။

21.1.2022

Thanks for reading

Zawgyi

ခ်ဳံအန္းမင္းႀကီးသည္ ယြီမုခ်န္ကို သံသယရွိေနသည္။ တစ္ဘက္တြင္ သူသည္ ေကာလာဟလမ်ားကို ဖိႏွိပ္ေနသည္။ တစ္ဘက္တြင္မူ လူလႊတ္၍ စုံစမ္းခိုင္းထားသည္။ အနည္းငယ္ စုံစမ္းၿပီးေနာက္တြင္ အရာအားလုံးတို႔သည္ မင္းသားယြီအိမ္ေတာ္သို႔ ညႊန္ျပေနခဲ့သည္။

ခ်ဳံးအန္းမင္းႀကီးမွာ သံသယမ်ားေလေလ၊ မင္းသားယြီအား အဘယ္ေၾကာင့္ ထိုသို႔လုပ္ခဲ့သလဲဆိုသည္ကို ေမးဖို႔ျဖစ္နိုင္ေခ် မရွိေလေလျဖစ္သည္။ ယြီမုခ်န္မွာ ရွင္းျပခ်င္ေသာ္လည္း လမ္းေၾကာင္းရွာမရေပ။

ေသခ်ာေပသည္။ သူသည္ ကိုယ့္အသက္ကိုယ္ အေလၽွာ့မေပးနိုင္ေပ။ ကနဦးတြင္ ယြီရွီက ႏွစ္ဦးႏွစ္ဘက္စလုံးကို နစ္နာေစခ်င္၍ျဖစ္မည္ဟု သံသယရွိခဲ့သည္။ ႏွစ္ရက္ခန႔္ စုံစမ္းၿပီးေနာက္ မင္းသမီးႀကီးအန္းေကာ၏အိမ္ေတာ္မွ မသကၤာဖြယ္မ်ား ေတြ႕ခဲ့ရသည္။ သူ မင္းသမီးႀကီးအား မေမးနိုင္ေသးခင္မွာပင္ သူ႔ငယ္သားမ်ားသည္ အျခားအရာတစ္ခုကို ရွာေတြ႕ခဲ့ေလသည္။ ဦးဆုံးသတင္းတို႔သည္ ကိုယ္လုပ္ေတာ္ယြီနန္းေဆာင္မွ ထြက္လာျခင္းျဖစ္သည္။

ဤအေၾကာင္းကို ၾကားသိသိရခ်င္းတြင္ ယြီမုခ်န္သည္ ကိုယ္လုပ္ေတာ္ယြီအား သတ္ပစ္ခ်င္ခဲ့သည္။

"မင္းႀကီးက ယြီရွီကို မယုံေနတာ။ သူ႔စိတ္ထဲမွာ ေဝခြဲမရျဖစ္ေနေသးလို႔ ပဥၥမမင္းသားကို ထားထားတာ"

ကိုယ္လုပ္ေတာ္ယြီ၏နန္းေဆာင္တြင္ ယြီမုခ်န္သည္ ေဒါသကိုထိန္းရန္ ႀကိဳးစားေနရသည္။ အသံတို႔က တုန္ယင္လ်က္ သူေျပာလိုက္သည္။ "ေအာင္ျမင္မႈနဲ႔ က်ရႈံးမႈဆိုတာ မဆုံးျဖတ္ရေသးဘူး။ နိုင္ဖို႔ အခြင့္အလမ္းရွိေသးတယ္။ ဘာလုပ္ဖို႔ ႀကိဳးစားေနတာပါလဲ။ ဘာလို႔မ်ား စိတ္မရွည္ရတာပါလဲ"

နန္းေတာ္ထဲတြင္ ေကာလာဟလမ်ားသည္ ေနရာအႏွံ့ ျပန႔္ေနခဲ့သည္။ ခ်ဳံအန္းမင္းႀကီးသည္ ဤကိစၥကို အေၾကာင္းျပလ်က္ ယြီရွီအား ပထမအဆင့္မင္းသားအျဖစ္ တိုးျမႇင့္ေပးဖို႔ ရက္ေကာင္းရက္ျမတ္ ေရြးရန္ကို ေရႊ႕ဆိုင္းထားသည္။ ကိုယ္လုပ္ေတာ္ယြီသည္ ဤအျဖစ္မွာ သူ၏ကိုယ္ပိုင္ေဆာင္ရြက္မႈေၾကာင့္ဟု အေတြးေရာက္လ်က္ ပို၍ပင္ ယုံၾကည္ခ်က္ျပင္းထန္ေနသည္။ သို႔ေသာ္ သူက ယြီမုခ်န္အား အျပစ္တင္ေနဆဲပင္။ သူ႔အစ္ကိုႀကီး၏ အဆင့္အတန္းသည္ ယိမ္းယိုင္ေနခဲ့သည္ဟု သူခံစားေနရဆဲသာ။ ေအးစက္စိမ္းကားစြာျဖင့္ သူေျပာလိုက္သည္။ "ကၽြန္မက ဘာလို႔စိတ္မရွည္ေနရတာလဲ ဟုတ္လား။ အခု ခ်ဳံအာအတြက္ စိတ္ပူမဲ့သူက ကၽြန္မတစ္ေယာက္တည္း ျဖစ္ေနမွာကို ကၽြန္မစိုးရိမ္မိတယ္။ ကၽြန္မသာ မလႈပ္ရွားေသးရင္ ခ်ဳံအာေသသြားခဲ့ရင္ေတာင္ ဘယ္သူကမွ ဂ႐ုမစိုက္ဘဲေနမွာကို ကၽြန္မစိုးရိမ္တယ္"

ယြီမုခ်န္ ရယ္မိသြားသည္။ "ကိုယ္လုပ္ေတာ္က ပဥၥမမင္းသားကို တကယ္ ကူညီေပးေနတာေရာ ဟုတ္ရဲ့လား"

"မဟုတ္လို႔လား" ကိုယ္လုပ္ေတာ္ယြီက ေထ့သည္။ "မင္းႀကီးမွာ အစြမ္းအစရွိခဲ့ရင္ သူ အဲ့မ်ိဳးမစစ္ေလးကို ဆက္ၿပီး ေျမႇာက္စားနိုင္တယ္။ မင္းႀကီးသာ သူ႔ကို ပထမအဆင့္မင္းသားရာထူး ခ်ီးျမႇင့္ရဲရင္ ကၽြန္မလည္း ျပႆနာႀကီး ရွာရဲတယ္။ ေကာလာဟလေတြက ပိုပိုၿပီးေတာ့ မၾကားဝံ့မနာသာ ျဖစ္လာ႐ုံပဲ ရွိတယ္။ အဲ့ေလာက္ေကာလာဟလေတြ အမ်ားႀကီး ၾကားၿပီးရင္ မင္းႀကီးလည္း အဲ့မ်ိဳးမစစ္ေလးကို တစ္ခ်က္ကေလး ၾကည့္ခ်င္ဦးမလားဆိုတာ ကၽြန္မ တကယ္သိခ်င္တယ္"

"မင္းႀကီးနဲ႔ ယြီရွီၾကားမွာ ဒီလိုမ်ိဳး ပဋိပကၡျဖစ္ေအာင္ လုပ္လို႔ရမယ္လို႔ ကိုယ္လုပ္ေတာ္ တကယ္ထင္တယ္ေပါ့" ယြီမုခ်န္မွာ မယုံနိုင္ျဖစ္ေနမိသည္။ "ကိုယ္လုပ္ေတာ္က မင္းႀကီးကို ယြီရွီဘက္ တြန္းပို႔ေနတာပဲ။ ဘာလို႔မ်ား ခုထိ နားမလည္နိုင္ရတာလဲ။ အရင္ကိစၥေတြကို ျပန္ေဖာ္ခ်င္တယ္ ဆိုရင္ေတာင္ ဒီလိုမ်ိဳး လုပ္သင့္တာမဟုတ္ဘူး။ ဘာေၾကာင့္နဲ႔ ယြီရွီအေမရင္းရဲ့ သဏၭာန္အစစ္အမွန္ကို အရမ္းေဖာ္ခ်င္ေနရတာပါလဲ။ တျခားလူေတြက သူ႔အေမရင္းက အရင္မင္းဆက္ရဲ့ ကိုယ္လုပ္ေတာ္ငယ္က်ဳံးဆိုတာကို ယုံတယ္ဆိုခဲ့ရင္ေတာင္ ဘာဆက္ျဖစ္လဲ။ သူက မင္းႀကီးရဲ့သားျဖစ္ေနတုန္းပဲ မဟုတ္ဘူးလား။ ကိုယ္လုပ္ေတာ္က ယြီရွီကို နာမည္ဖ်က္ေနတာလား၊ မင္းႀကီးကို နာမည္ဖ်က္ေနတာလား"

ကိုယ္လုပ္ေတာ္ယြီ မိန္းေမာသြားသည္။ ေခါင္းမာမာျဖင့္သာ သူကေျပာသည္။ "ဘာကြာလို႔လဲ။ သူ႔ေနာက္ေၾကာင္းက ရႈပ္ေနရင္ သူ႔အေပၚမွာ အမည္းစက္မထင္ဘူးလို႔ ကၽြန္မကို မေျပာနဲ႔"

ယြီမုခ်န္မွာ စိတ္တိုလြန္း၍ ထိုင္ခုံေပၚသို႔ ပုံက်သြားေတာ့သည္။ ကိုယ္လုပ္ေတာ္ငယ္က်ဳံး၏ အေစခံေဟာင္းမ်ား နန္းေတာ္ထဲဝင္ရန္အတြက္ သူ စီစဥ္ၿပီးေလၿပီ။ ယခုမူ သူသည္ ေဘးမွ ရပ္ၾကည့္ေနခဲ့႐ုံသာ ရွိသည္။ သူႏွင့္ ခ်ဳံအန္းမင္းႀကီးတို႔သည္ အာဏာကို ခြဲေဝလ်က္ တစ္ေယာက္ကိုတစ္ေယာက္ အက်ိဳးျပဳရင္း ဆယ္စုႏွစ္မ်ားစြာ ေနခဲ့ၾကသည္။ ထိုသို႔ျဖင့္ သူသည္ မင္းႀကီး၏ ေတြးပုံေတြးနည္းမ်ားကို အားလုံးနီးပါး နားလည္ေနခဲ့သည္။ မင္းႀကီး ဆုံးျဖတ္ခ်က္ မခ်ရေသးတာကို သူသေဘာေပါက္သည္။ သူ ဝွက္ဖဲတစ္ခုကို ေဆာင္ထားခ်င္႐ုံသာ။ အကယ္၍ ခ်ဳံအန္းမင္းႀကီးက ယြီရွီအား အိမ္ေရွ႕စံရာထူး အပ္ႏွံခဲ့လၽွင္ မင္းသားယြီသည္ ယြီရွီ၏ဖခင္ မည္သူဆိုသည္ကို လမ္းလႊဲ၍ သူ႔ေနာက္ေၾကာင္းအား ေဖာ္ထုတ္ေပမည္... ထို႔ေနာက္ ယြီရွီမွာ ကိုယ္လုပ္ေတာ္ငယ္က်ဳံးႏွင့္ အျခားေယာက္်ား တစ္ေယာက္တို႔မွ ေမြးဖြားလာေလသလားဟု ေတာ္ဝင္မိသားစုဝင္မ်ားႏွင့္ အမတ္မ်ား သံသယဝင္ေအာင္ အေစခံေဟာင္းမ်ားကို လက္နက္သဖြယ္သုံးလ်က္၊ ဆိုးဝါးလွေသာ သတင္းဆိုးကို လက္နက္သဖြယ္သုံးလ်က္ သူလုပ္မည္... တစ္ခ်က္ထိုးစိုက္လိုက္လၽွင္ ယြီရွီတစ္ေယာက္ ေသျခင္းကို ေရွာင္လႊဲနိုင္မည္ မဟုတ္ေတာ့။

သို႔ေသာ္ ယခုအခ်ိန္တြင္မေတာ့... ယြီမုခ်န္သည္ ကိုယ္လုပ္ေတာ္ယြီကို စိတ္ပ်က္လက္ပ်က္ျဖင့္သာ ၾကည့္ေနမိေတာ့သည္။ ယြီရွီအား ထိုးစိုက္နိုင္ေသာ ဓားသြားတစ္လက္ျဖစ္လာမည့္ ႏွစ္ေပါင္းမ်ားစြာ အားစိုက္ခဲ့ရသမၽွတို႔သည္ အခ်ိန္မေရာက္မီမွာပဲ ကိုယ္လုပ္ေတာ္ယြီ၏ ယူေဆာင္ဖ်က္ဆီးျခင္းကို ခံလိုက္ရသည္။ ထိုအရာျဖင့္ ယြီရွီ၏လက္ကို လွီးျဖတ္လၽွင္ အယားပင္ေျပလိမ့္မည္မဟုတ္။

ယြီမုခ်န္၏ မိမိကိုယ္မိမိ ထိန္းခ်ဳပ္နိုင္စြမ္းမွာ ေကာင္းမြန္လြန္းလွသည္။ သူ ကိုယ္တြင္းကလီစာမ်ား ေျဗာင္းဆန္သည္အထိ စိတ္တိုေနေသာ္လည္း ကိုယ္လုပ္ေတာ္ယြီကို ေအာ္ေငါက္ျခင္းမျပဳေပ။ သူ႔ရင္ဘတ္သူ ဖိကိုင္လ်က္ ျဖည္းျဖည္းေျပာလိုက္သည္။ "ကၽြန္ေတာ္ အလ်င္မလိုဘူးဆိုတာက ပဥၥမမင္းသားကို စိတ္မပူဘူးလို႔ မဆိုလိုဘူး။ ၿပီးေတာ့လည္း ကၽြန္ေတာ္ ဘက္ေျပာင္းၿပီး ယြီရွီကို ကာကြယ္ေပးခ်င္တာလို႔လည္း မဆိုလိုဘူး။ အခ်ိန္မက်ေသး႐ုံပဲ... ယြီရွီရဲ့ေနရာက အဲ့ေလာက္ခိုင္မာတယ္လို႔ ကိုယ္လုပ္ေတာ္ တကယ္ထင္လား"

"သူက သူ႔ရင္ထဲမွာ မင္းႀကီးကို မေလးစားဘူး။ မင္းႀကီးက ဘယ္အခ်ိန္အထိ သားမိုက္ကို ေထာက္ပံ့ေပးေနမွာတဲ့လဲ။ ဟုတ္ၿပီေလ၊ အရင္ဆုံး သူ မင္းႀကီးကို စိတ္ေျပာင္းေအာင္ လုပ္နိုင္၊မလုပ္နိုင္ဆိုတာကို ထားဦး။ ယြီရွီကိုယ္တိုင္ကိုက ျပႆနာေပါင္း ေသာင္းေျခာက္ေထာင္ ရွိႏွင့္ၿပီးသား မဟုတ္ဘူးလား"

"အရင္ႏွစ္ေတြက သူ အေအးစာမႈန႔္ေတြစားၿပီး ကလီစာေတြကို ထိခိုက္မိလို႔ တခါတေလ စိတ္ထထေဖာက္တယ္။ ဒါေပမဲ့ သူက ဖုံးထားတဲ့ေနရာမွာ အရမ္းေတာ္တယ္။ သူ ဆက္ၿပီးမဖုံးထားနိုင္ေတာ့ေအာင္ ကၽြန္ေတာ္တို႔ လုပ္ဖို႔လိုတယ္။ အဲဒါ ဘယ္ေလာက္ ခက္ခဲလို႔လဲ"

"ၿပီးရင္ သူ လိင္တူစိတ္ဝင္စားတဲ့ ကိစၥရွိေသးတယ္။ မင္းႀကီးက မျမင္ခ်င္ေယာင္ ေဆာင္ေနတာ။ ေကာင္းၿပီ။ ဒီအေၾကာင္းကို အရင္ ခ်န္ထားဦးစို႔"

"ဒါေပမဲ့ သူက ဒီေလာက္ႀကီးေနၿပီ။ ဒါေတာင္ မိန္းမယူခ်င္စိတ္ မရွိေသးဘူးလား။ အရင္တစ္ေခါက္က မင္းႀကီးက သူ႔ကို ကိုယ္လုပ္ေတာ္ ခ်ီးျမႇင့္ခ်င္တာ။ သူက အေျခအျမစ္မရွိတဲ့ အေၾကာင္းျပခ်က္ေပးၿပီးေတာ့ မင္းႀကီး စိတ္ခုေအာင္ ျငင္းလိုက္တယ္။ ဒါကတင္ သူ႔ကို ရႈံ႔ခ်ဖို႔အတြက္ လုံေလာက္ေနၿပီ မဟုတ္ဘူးလား"

ယြီမုခ်န္မွာ အင္မတန္ ပင္ပန္းေနသည္။ "သူ႔ကို ထိုးႏွက္လို႔ရမဲ့ သတင္းေတြ အမ်ားႀကီး ရွိတယ္။ အဲ့ထဲကတစ္ခုကို ေရြးလိုက္ရင္ေတာင္ ေကာင္းေနၿပီ။ ဘာလို႔မ်ား ဒီတစ္ခုကိုမွ အခ်ိန္မတန္ေသးဘဲ လုပ္ပစ္လိုက္ရတာလဲ"

ကိုယ္လုပ္ေတာ္ယြီ၏ ဉာဏ္နည္းမႈႏွင့္ ေမာက္မာမႈသည္ အျခားသူမ်ားကို ေဒါသထြက္ေစသည္။ "အစ္ကိုႀကီးက ဒါကို အရမ္းသိေနမွေတာ့ သူ႔ေနာက္ေၾကာင္းကိစၥက တျခားဟာေတြထက္ ပိုၿပီးျပင္းထန္တယ္ဆိုတာလည္း သိမွာေပါ့။ ကၽြန္မက သူ႔ကိုဖ်က္ဆီးပစ္ခ်င္တာေလ။ ေသခ်ာေပါက္ကို အထက္ဆုံးဓားကို ေရြးရမွာေပါ့"

ယြီမုခ်န္သည္ ေအာ္ဟစ္ပစ္လိုက္ခ်င္ေတာ့သည္။ ကိုယ္လုပ္ေတာ္က ကၽြန္ေတာ့္ရဲ့ဓားကို အခ်ိန္မေရာက္ေသးဘဲ သုံးေနတာေလ။

ယြီမုခ်န္၏အားတို႔မွာ ႐ုတ္ျခည္း ေပ်ာက္ကြယ္ကုန္သည္။ သူ ကိုယ္လုပ္ေတာ္ယြီကို စကားတစ္ခြန္းကေလးမွ မေျပာခ်င္ေတာ့။

သူသည္ သူ၏ေခါင္းမာ၍ မိုက္မဲေသာ ညီမကို ၾကည့္ေနမိသည္။ ထိုအခိုက္ သူ စိတ္ပ်က္စြာ ေတြးလိုက္မိသည္။ ကၽြန္ေတာ့္မွာ ရွိသမၽွ ႀကိဳးစားအားထုတ္မႈေတြကို သုံးခဲ့ရက္နဲ႔ အခုေတာ့ မင္းႀကီးကို အေတာ္ေလး စိတ္ခုေအာင္ လုပ္မိၿပီး ရႊမ္ခ်ဳံအတြက္ ကၽြန္ေတာ့္ အသက္ကို ပိုၿပီးေတာ့ေတာင္ ရင္းထားရေနၿပီ။ ေနာက္ဆို ရႊမ္ခ်ဳံ တကယ္ နန္းတက္ျဖစ္ခဲ့ရင္ ဘယ္လိုေတြ ျဖစ္လာမွာလဲ။

သူ႔ညီမသည္ ယခုအခ်ိန္တြင္ သူ႔အား သံသယဝင္ေနၿပီး သူ႔စီမံရာေနာက္သို႔ မလိုက္လိုေတာ့ေပ။ သူ မင္းႀကီးမယ္ေတာ္ျဖစ္လၽွင္ မည္သို႔ေနမည္နည္း။ ကိုယ္လုပ္ေတာ္ယြီသည္ ငယ္ေသးသည္။ ေနာင္မ်ားတြင္ သူသည္ နိုင္ငံေရးကိစၥမ်ားတြင္ ဝင္ေရာက္ေႏွာင့္ယွက္မည္မွာ မလြဲ။

ေၾကာက္ဖို႔ေကာင္းသည္မွာ အာဏာမဟုတ္။ ထိုအစား ေၾကာက္စရာ အေကာင္းဆုံးအရာမွာ လူမိုက္မ်ားလက္ထဲတြင္ အာဏာရွိလၽွင္ ျဖစ္သည္။

ယြီမုခ်န္တစ္ေယာက္ စိုးရိမ္တႀကီး ေတြးေနမိသည္။ ၿပီးေတာ့ ပိုလို႔ေတာင္ ေၾကာက္ဖို႔ေကာင္းတာက ရႊမ္ခ်ဳံနဲ႔ ကိုယ္လုပ္ေတာ္ယြီက ဆင္တူေနတာပဲ။

ယြီမုခ်န္သည္ ယြီရွီ ၿမိဳ႕ေတာ္မွ ပို႔လိုက္ၿပီျဖစ္ေသာ ရႊမ္ေရြ႕အေၾကာင္းကိုလည္း ေတြးမိျပန္သည္။

ကနဦးတြင္ ယြီမုခ်န္သည္ ရႊမ္ေရြ႕အား သူ၏ေနာက္ဆုံးဝွက္ဖဲအျဖစ္ စဥ္းစားထားခဲ့သည္။ မၾကာေသးမီကအထိ သူ သူ႔အား အသုံးခ်ဖို႔လိုလိမ့္မည္ဟု မေတြးခဲ့ေပ။

သူ႔တူအရင္းေခါက္ေခါက္ တစ္ေယာက္လုံး ရွိေနေသးသည္။ ထို႔ေၾကာင့္ သူ ဤအႏုံအအကို ဘယ္ေတာ့မွ သုံးရန္မလို။

သို႔ေသာ္ ယခုမူ ကိုယ္လုပ္ေတာ္ယြီကို ၾကည့္ရင္း ယြီမုခ်န္သည္ ႐ုတ္တရက္ ဒြိဟျဖစ္သြားေတာ့သည္။

ရႊမ္ေရြ႕သည္ သူႏွင့္ ဘာမွမဆက္စပ္ေသာ္ျငား အနည္းဆုံးအေနႏွင့္ အမိန႔္ေပးရသည္ကိုႀကိဳက္ေသာ ညံ့ဖ်င္းလွသည့္ အေမတစ္ေယာက္ မရွိေပ။

ယြီမုခ်န္၏ စိတ္သည္ နက္ရွိုင္းလွသည့္ ေဝခြဲမရမႈမ်ားၾကားတြင္ ေမ်ာေနသည္။ သိုေသာ္ သူ႔မ်က္ႏွာမွာမူ ပုံမွန္အတိုင္းသာ ရွိသည္။ သူသက္ျပင္းခ်လိုက္သည္။ "ေကာင္းပါၿပီ။ ကိုယ္လုပ္ေတာ္ ေျခလွမ္းထားၿပီဆိုေတာ့ ကၽြန္ေတာ္ ဆက္မေျပာေတာ့ပါဘူး။ တစ္ခုေတာ့ရွိပါတယ္။ ကၽြန္ေတာ္ ကိုယ္လုပ္ေတာ္ကို ေတာင္းပန္ေနတာလို႔ သေဘာထားလိုက္ပါ။ ယြီရွီရဲ့ ေမြးအေမအေၾကာင္း အာ႐ုံစိုက္တာကို ရပ္လိုက္ပါေတာ့။ မင္းႀကီးက သတိထားေနၿပီဆိုေတာ့ မၾကာခင္မွာ ကိုယ္လုပ္ေတာ္ကို ညႊန္ျပေနတဲ့ သဲလြန္စေတြကို ျမန္ျမန္ရွာေတြ႕သြားပါလိမ့္မယ္။ ကိုယ္လုပ္ေတာ္ မေၾကာက္ပါဘူးလား"

ကိုယ္လုပ္ေတာ္ယြီ၏မ်က္လုံးမွာ တုန္လႈပ္သြားသည္။ အျခားတစ္ေနရာကို အေနခက္စြာ ၾကည့္ေနေလသည္။

"မင္းႀကီးက ကၽြန္ေတာ့္ကို သံသယျဖစ္ေနတယ္ ဆိုေပမဲ့ ကၽြန္ေတာ္ ကိုယ္လုပ္ေတာ္ကို ဒီေန႔ လာေတြ႕ေသးတာပဲ။ ဒါက ကိုယ္လုပ္ေတာ္နဲ႔ ျငင္းခုံဖို႔ မဟုတ္ပါဘူး" ယြီမုခ်န္က စိတ္ရင္းျဖင့္ ေျပာသည္။ "ၿငိမ္ၿငိမ္ထိုင္မေနနိုင္လို႔ တစ္ခုခု လုပ္မယ္ဆိုလည္း ရပါတယ္။ ယြီရွီရဲ့ တျခားအက်င့္ဆိုးတစ္ခုကိုပဲ သုံးလိုက္ပါ၊ ဟုတ္ပါၿပီလား"

ကိုယ္လုပ္ေတာ္ယြီသည္ အတန္ၾကာေအာင္ ေလးေလးနက္နက္ စဥ္းစားေနသည္။ မာနမေလ်ာ့ဘဲ သူ ေခါင္းညိတ္လိုက္သည္။ "နားလည္ၿပီ"

ပင္ပန္းႏြမ္းလ်စြာျဖင့္ ယြီမုခ်န္သည္ ထိုင္ခုံကို အားျပဳကာ ထလိုက္သည္။ အႀကိမ္ေရအနည္းငယ္ ခါးသက္စြာ ရယ္လိုက္ၿပီးေနာက္တြင္ ထြက္သြားေလသည္။

ကိုယ္လုပ္ေတာ္ယြီသည္ အခ်ိန္ၾကာျမင့္စြာ ထိုင္ေနရင္း ယြီမုခ်န္ ေျပာခဲ့သည္တို႔ကို ထပ္တလဲလဲ ျပန္စဥ္းစားေနမိသည္။ တေအာင့္အၾကာတြင္ သူသည္ လူယုံတို႔ကို ဆင့္ေခၚလိုက္ေတာ့သည္။

"အရင္တစ္ေခါက္က မင္းႀကီး ယြီရွီကို ကိုယ္လုပ္ေတာ္ ခ်ီးျမႇင့္ေတာ့ သူျငင္းလိုက္တယ္လို႔ အစ္ကိုႀကီး ခုနကေျပာတယ္" သူက တိုးေဖ်ာ့ေဖ်ာ့ အသံျဖင့္ ေျပာလိုက္သည္။ "အဲဒါက မင္းႀကီးကို စိတ္ခုေစတယ္တဲ့။ သူ မင္းႀကီးကို ဘယ္လိုျငင္းလိုက္တာလဲ သိၾကလား"

လူယုံက သူ၏အေျဖကို တီးတိုးေျပာလိုက္သည္။ ကိုယ္လုပ္ေတာ္ယြီက စက္ဆုပ္မုန္းတီးစြာ ေျပာလိုက္သည္။ "မ်ိဳးမစစ္ဆိုတဲ့အမ်ိဳးက မ်ိဳးမစစ္ပဲ။ သူ ဘယ္လိုပဲ ေယာက္်ားတစ္ေယာက္နဲ႔ ကလူေနဦးေတာ့။ မင္းႀကီးကိုေတာင္ အဲ့အေၾကာင္း ေျပာရဲရသလား"

သူ အေတာ္ၾကာ ေတြးၿပီးေနာက္တြင္ ႏႈတ္ခမ္းတို႔မွာ အနည္းငယ္ ေကြးတက္လာသည္။ "အစ္ကိုႀကီးက တစ္ခုေတာ့မွန္တယ္"

လူယုံကေမးသည္။ "ဘာ ဘာလဲ"

"အရာအားလုံးက မင္းႀကီး ႀကိဳက္သလို၊ ဆႏၵရွိသလိုပဲ ျဖစ္ရမယ္။ ဒါက မင္းႀကီးကို အေဝးတြန္းပို႔လိုက္တာပဲ" ကိုယ္လုပ္ေတာ္ယြီက ေျပာသည္။ "မင္းႀကီးက ယြီရွီကို ကိုယ္လုပ္ေတာ္ ယူေစခ်င္ေနတာ မဟုတ္လား"

လူယုံကေျပာသည္။ "ဟုတ္ပါတယ္"

"ဒါဆို ေကာင္းတာေပါ့။ မင္းႀကီး ျဖစ္ေစခ်င္တဲ့အတိုင္းလည္း ျဖစ္ရမယ္၊ ယြီရွီကိုလည္း ျပႆနာ ျဖစ္ေစမဲ့ အေကာင္းဆုံး နည္းလမ္းက ဘာလို႔ထင္လဲ"

ခံစားခ်က္မရွိေသာ ရယ္သံသည္ လူယုံထံမွ ထြက္လာသည္။ "ကိုယ္လုပ္ေတာ္၊ ကၽြန္ေတာ္တို႔ မင္းသားငယ္ယြီကို ကိုယ္လုပ္ေတာ္ ယူေစခ်င္ရင္ေတာင္ လုပ္ခိုင္းရမဲ့ တာဝန္က ကိုယ္လုပ္ေတာ္ လက္ထဲမွာ မဟုတ္ပါဘူး"

သူက ရယ္သည္။ "ငါကေတာ့ မစီမံခ်င္ဘူးပဲေပါ့။ သြား... ငါတို႔ မိဖုရားႀကီးကို အရိုအေသ သြားေပးမယ္"

သို႔ေသာ္ လူယုံက ဤသည္မွာ အႀကံေကာင္းတစ္ခုျဖစ္သည္ဟု မခံစားရေသးေပ။ "ကိုယ္လုပ္ေတာ္၊ ဒါက အရမ္း သိသာလြန္းေနတယ္ မဟုတ္ဘူးလား"

"စိတ္ပူမေနနဲ႔။ ငါက တစ္ေယာက္ေယာက္ကို သူ႔ဆီ တိုက္ရိုက္ပို႔လိုက္မွာမွ မဟုတ္တာ။ ငါ အ႐ူးမဟုတ္ဘူး" သူက အသံတိုးတိုးျဖင့္ေျပာသည္။ "အရင္ဆုံး မိဖုရားႀကီးကို ခ်ဳံအာဆီ ကိုယ္လုပ္ေတာ္တစ္ေယာက္ ခ်ီးျမႇင့္ေပးဖို႔ ေလၽွာက္တင္မယ္။ ဒီကေလးမွာ ျပဳစုေပးမဲ့သူ မရွိဘူးလို႔ ေျပာ။ ယြီရွီအတြက္ကေတာ့... အဲ့သူေတြကို မိဖုရားႀကီးကေနတစ္ဆင့္ မင္းႀကီးဆီ ပို႔ခိုင္းၿပီး သူ မိန္းမေကာင္းေလး ႏွစ္ေယာက္ ေရြးထားတယ္။ ၾကဳံႀကိဳက္တုန္း ခ်ဳံအာကိုတစ္ေယာက္၊ ယြီရွီကိုတစ္ေယာက္ ခ်ီးျမႇင့္ခ်င္လို႔ပါလို႔ ေျပာခိုင္းမွာေပါ့"

"အစကတည္းက မင္းႀကီးက ယြီရွီကို ကိုယ္လုပ္ေတာ္ ယူေစခ်င္ေနတာ။ သူ ေသခ်ာေပါက္ သေဘာတူမွာပဲ" ကိုယ္လုပ္ေတာ္ယြီက သေရာ္သည္။ "ယြီရွီက မယူခ်င္ဘူးမလား။ သူ ယူရေအာင္ ငါက ဇြတ္အတင္းလုပ္မွာေပါ့"

မင္းသားယြီအိမ္ေတာ္၏ အရံၿခံဝန္း။ နာမက်န္းျဖစ္မႈမ်ား ကုန္စင္၍ အေကာင္းပကတိ ျဖစ္လုနီးပါးရွိေသာ က်ဳံးဝမ္သည္ ႐ုတ္တရက္ ေနမထိထိုင္မသာ ျဖစ္လာသည္။

ငိုရခက္ရယ္ရခက္ျဖင့္ က်ဳံးဝမ္သည္ ခုတင္ေရွ႕တြင္ ခ်ိတ္ဆြဲထားေသာ ကားခ်ပ္ကို ၾကည့္ေန႔မိသည္။

ကားခ်ပ္ခ်ိတ္ထားသည့္ေန႔မွစ၍ ယြီရွီသည္ က်ဳံးဝမ္ႏွင့္ လက္ပြန္းတတီး မေနေတာ့ေပ။

အိမ္ေတာ္ထိန္းဖုန္မွာ က်ဳံးဝမ္ ယြီရွီႏွင့္ စကားမ်ားမည္ကိုစိုး၍ အားသည့္အခ်ိန္တိုင္း က်ဳံးဝမ္ကို စကားလာေျပာေလ့ရွိသည္။ "သခင္ေလး ဆက္ခံသူကို တကယ္အျပစ္မတင္သင့္ပါဘူး။ ေတာ္ဝင္သမားေတာ္က သခင္ေလးရဲ့ က်န္းမာေရး မေကာင္းဘူးလို႔ ေျပာတာပါ"

က်ဳံးဝမ္သည္ သူ၏ဆံပင္ကို ၿဖီးသပ္ေနသည္။ အကုန္အစင္ ေပ်ာက္ကင္းရန္ လိုေသးေသာ သူ၏နဖူးဒဏ္ရာကို ေၾကးနီမွန္ထဲမွ ၾကည့္ေနသည္။ သက္ျပင္းခ်လိုက္သည္။ "ေကာင္းပါၿပီ၊ ကၽြန္ေတာ္ သူ႔ကို အျပစ္မတင္ပါဘူး။ ကၽြန္ေတာ္ မေထာင္လာနိုင္ဘူးဆိုတာကို တစ္ေန႔တစ္ေန႔ အႀကိမ္ေရမနည္းေအာင္ ေျပာေနဖို႔ မလိုပါဘူး။ ဘယ္ေယာက္်ားကမွ အဲ့စကား မၾကားခ်င္ဘူး..."

အိမ္ေတာ္ထိန္းဖုန္က အသက္မပါစြာ ရယ္သည္။ "ဒါ ကၽြန္ေတာ္ သခင္ေလး ဆက္ခံသူကို နားလည္မႈလြဲသြားမွာ စိုးရိမ္လို႔ပဲ မဟုတ္ဘူးလား။ သခင္ေလး၊ သခင္ေလးေတာ့ မသိေပမဲ့ ဆက္ခံသူက လြန္ခဲ့တဲ့ရက္ေတြမွာ အရမ္းအလုပ္မ်ားေနခဲ့တာပါ။ ေန႔တိုင္းေန႔တိုင္း သူ အိမ္ေတာ္ကို ျပန္ေရာက္ရင္ သခင္ေလးရဲ့ က်န္းမာေရးကို ေတာ္ဝင္သမားေတာ္ကိုေမးဖို႔ မေမ့ပါဘူး။ အရင္ဆုံး အဲ့ေန႔မွာ သခင္ေလး ဘာေဆးေသာက္ရတယ္ကို ေမးတယ္။ ၿပီးသြားရင္ သခင္ေလး နည္းနည္းေလာက္ ပိုေကာင္းလာလားဆိုၿပီး... ဆက္ခံသူက သခင္ေလးကို တကယ္ဂ႐ုစိုက္ပါတယ္"

က်ဳံးဝမ္သည္ ႏႈတ္ခမ္းသပ္လိုက္သည္။ ျပဳံးလ်က္ ခ်ိဳသာစြာ ေျပာလိုက္သည္။ "အင္း၊ ကၽြန္ေတာ္လည္း သူ႔ကို ဂ႐ုစိုက္ပါတယ္"

ထိုအခိုက္ အမတ္မ်ားအဖြဲ႕တြင္ ယြီရွီသည္ သတင္းတခ်ိဳ႕ၾကားကာ ေအးစက္လွစြာ ရယ္လိုက္သည္။ သူ႔ထံမွ စကားတစ္ခြန္းပင္ ထြက္မလာ။

ယြီရွီႏွင့္အတူ နန္းေတာ္ထဲသို႔ လိုက္လာေသာ မိန္းမစိုးေလးသည္ ေဘးဘီကိုၾကည့္လိုက္သည္။ သူသည္ အသံကို အရမ္းက်ယ္က်ယ္ မေျပာရဲဘဲ ေခါင္းငုံ႔လိုက္သည္။ "ဆက္ခံသူ၊ မင္းႀကီးက မိဖုရားႀကီး ေရြးထားတဲ့သူေတြကို ၾကည့္ၿပီးပါၿပီ။ ဆက္ခံသူ ဒီမိန္းကေလးနဲ႔အတူတူ အိမ္ေတာ္ကို ျပန္ရရင္ ဘယ္လိုလုပ္ၾကမလဲ"

"ဘာမွမလုပ္ဘူး" ယြီရွီက မွတ္တမ္းကို ေခါင္းငုံ႔ဖတ္ရင္း ေျပာသည္။ "ငါ သူ႔ကို ျငင္းလိုက္ဖို႔ပဲ လိုတယ္"

မိန္းမစိုးေလးမွာ ေနရခက္ေနသည္။ "ဒါက... ကၽြန္ေတာ္တို႔ ဘယ္လိုလုပ္ၿပီး ဒီလိုလုပ္လို႔ျဖစ္မလဲ။ မင္းႀကီးက ခြင့္ျပဳၿပီးသြားၿပီ။ ကၽြန္ေတာ္တို႔ အိမ္ေတာ္ကို ျပန္မဲ့ ျမင္းလွည္းေနာက္ကေန သူလိုက္လာလိမ့္မယ္လို႔ မင္းႀကီးကေျပာပါတယ္"

ယြီရွီကေတာ့ ေခါင္းပင္ ေထာင္မလာ။ "ဒါဆို သူ႔ကိုရွင္းပစ္လိုက္"

"ရွင္းပစ္ရမယ္" ထိုစကားလုံးမ်ားသည္ မိန္းမစိုးေလးကို အဆုံးစြန္ထိ ထိတ္လန႔္ေစသည္။ "ကၽြန္ေတာ္တို႔လို ေက်းကၽြန္ေတြက ဘယ္လိုဝံ့ရဲပါ့မလဲ"

ယြီရွီသည္ သူ႔ကို အာ႐ုံဆက္မထားေတာ့ေပ။

မိန္းမစိုးေလးမွာ ေျဖမဆည္နိုင္ေသာ စိတ္ေသာက ေရာက္ေနရသည္။ ဘာလုပ္ရမည္ကို မသိဘဲ ထြက္သြားေလေတာ့သည္။

ဤကဲ့သို႔ အေသးအမႊားကိစၥေလးျဖင့္ သူႏွင့္ ခ်ဳံအန္းမင္းႀကီးတို႔ အလွမ္းေဝးသြားမည္ မဟုတ္မွန္း ယြီရွီ ေကာင္းစြာသိသည္။ အလြန္ဆုံးရွိလွ မင္းႀကီးက ထပ္စိတ္တို႐ုံသာ။ သူ ယြီရွီကို ဘာတစ္ခုမွ အတင္းအက်ပ္ လုပ္ခိုင္းမည္မဟုတ္။

အလြန႔္အလြန္ဆုံးတြင္ ခ်ဳံအန္းမင္းႀကီးက စိတ္တိုလ်က္ ဤအေၾကာင္းျပခ်က္ျဖင့္ အျခားတစ္ခုကို အတင္းအက်ပ္ ေစခိုင္းလၽွင္ပင္ မေျပာပေလာက္ေပ။

သူ ကိုယ္လုပ္ေတာ္ မယူရသေရြ႕ အျခားကိစၥမ်ား ဘာလုပ္ရလုပ္ရ အဆင္ေျပသည္။

ယြီရွီသည္ ဤသည္ကို အလြန္ယုံၾကည္မႈရွိသည္။ သူ ညေနခ်ိန္ အမတ္မ်ားအဖြဲ႕မွ ထြက္လာၿပီး သူ႔ျမင္းလွည္းေဘးတြင္ အေစခံအပိုတစ္ေယာက္ ေတြ႕လိုက္ရသည့္အခ်ိန္ထိပင္။

လၽွပ္တစ္ျပက္အတြင္း ယြီရွီ၏မ်က္ႏွာမွာ ေျပာင္းလဲသြားသည္။

ဤတစ္ေခါက္တြင္မေတာ့ ခ်ဳံအန္းမင္းႀကီးသည္ အေလ်ာ့မေပးခဲ့ေပ။

ယြီရွီ၏အၾကည့္တို႔သည္ ေအးစက္လွသည္။ သူသည္ အေဝးရွိ သူ႔ျမင္းလွည္းတြင္ ခ်ိတ္ဆြဲထားေသာ မီးအိမ္တို႔ကို ၾကည့္ေနရင္း စိုးထိတ္ေသာစိတ္မ်ား ထိန္းမနိုင္သိမ္းမရျဖစ္လာသည္။

သူသည္ ဤအေၾကာင္းႏွင့္ပတ္သက္၍ အျမဲတေစ ဆန႔္က်င္ေနခဲ့ပါလ်က္ အဘယ္ေၾကာင့္ ထိုလူတို႔က သူ႔အား လႊတ္မေပးနိုင္ရပါသနည္း။

ယြီရွီသည္ သူ႔ျမင္းလွည္းေရွ႕တြင္ ရပ္ေနရာ သူ႔မ်က္ႏွာသည္ အလြန္ပ်က္ယြင္းေနသျဖင့္ အျခားလူမ်ားကို ထိတ္လန႔္ေစသည္။

"ျပန္ေတာ့" ယြီရွီက ေအးစက္လွစြာ ေျပာလိုက္သည္။ "သူ ဘယ္ကလာခဲ့လာခဲ့၊ ငါ သူ႔ကို ျပန္ပို႔မွာပဲ"

ယြီရွီသည္ ျမင္းလွည္း၏ ဇက္ႀကိဳးကို ဆြဲလိုက္သည္။ ျမန္ဆန္လွေသာ လႈပ္ရွားမႈျဖင့္ ခန္းစီးကို ဆြဲမလိုက္သည္...

အထဲတြင္ က်ဳံးဝမ္သည္ ေစာင္ျခဳံထဲရစ္ပတ္ကာ ျပတင္းကိုမွီလ်က္ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေနသည္။

ယြီရွီ ထိတ္လန႔္သြားသည္။

က်ဳံးဝမ္... သူ အဘယ္ေၾကာင့္ ဤေနရာသို႔ ေရာက္ေနရပါသနည္း။

ကိုယ္လုပ္ေတာ္သည္ အဘယ္မွာနည္း။ က်ဳံးဝမ္ သူ႔ကို ေမာင္းထုတ္လိုက္ေလသလား။

ထို႔ေနာက္ သူ ယြီရွီအား ဤေနရာတြင္ ေစာင့္ေနခဲ့သည္လား။

ယြီရွီ ရယ္ခ်င္စိတ္ကို ထိန္းမရေတာ့ေပ။

သူ ျမင္းလွည္းေပၚသို႔ တက္လိုက္သည္။ အိပ္ေပ်ာ္ေနေသာ က်ဳံးဝမ္ကို သူ ငုံ႔ၾကည့္ေနမိသည္။ ႐ုတ္တရက္ အျခားသူမ်ား အဘယ္ေၾကာင့္ ကိုယ္လုပ္ေတာ္ယူရသည္ကို သေဘာက်ၾကမွန္း သူသေဘာေပါက္သြားေတာ့သည္။

ဤသို႔ေသာ ကိုယ္လုပ္ေတာ္မ်ိဳးသာ ျဖစ္ခဲ့လၽွင္ သူတို႔အား လက္ခံနိုင္ဖြယ္ ရွိေသးသည္။

သူ က်ဳံးဝမ္ကို ၾကည့္လိုက္သည္။ စိတ္ပ်က္ေနခဲ့ေသာ သူ႔ရင္ထဲတြင္ ခ်က္ခ်င္း ေႏြးေထြးသြားေလေတာ့သည္။

21.1.2022

Thanks for reading

Continua a leggere

Ti piacerà anche

88.4K 8.5K 107
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
74.6K 15.2K 42
ပါရမီရွင္အျဖစ္ေမြးဖြားလာသူ လင္႐ႊမ္းဇီသည္ သူ႔အတိတ္ဘဝမွာ ကမာၻၾကီးကို မလႊမ္းမိုးခဲ့ေသာ္လည္း ယန္ထ်န္းဟန္အေပၚ သစၥာေဖာက္ခဲ့သည္။ သူနဲ႔ အရင္းနွီးဆံုး သူငယ္ခ်...
21.7K 2.1K 24
တစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါ...
58.9K 5.9K 52
ဘာသာပြန်သူ စွဲညို့အသင်း