Part 15

2.8K 656 76
                                    

Unicode

ကျုံးဝမ်သည် ဆုံးဖြတ်ချက်ချပြီးသည်နှင့် ရွှမ်ရွေ့တို့ကို ဖွင့်ပြောတိုင်ပင်ခဲ့သည်။

သူ့တို့စိတ်မပူစေရန် ဤကိစ္စကို အရေးကြီးသည့်ဟန်တော့ မပြပေ။ ထမင်းစားပွဲတွင် သူက လေအေးလေးဖြင့်ပြောသည်။ "မင်းကြီးရဲ့မွေးနေ့ပွဲပြီးရင် ကျွန်တော် မြို့တော်မှာ ခဏလောက် ကျန်ရစ်ခဲ့ချင်တယ်"

ကျုံးဝမ်သည် အေးအေးဆေးဆေးပင် ပြောသော်လည်း ကလေးများမှာမူ စိတ်ပူကုန်ကြသည်။

သူ့ဟန်ပန်မှာမူ ပုံမှန်အတိုင်းပင် ရှိနေသည်။ "မြို့တော်မှာ ကျွန်တော့်ရဲ့ ငယ်သူငယ်ချင်းတစ်ယောက်နှစ်ယောက်ရှိတယ်။ အခုအချိန်မှာ သူတို့နဲ့တွေ့ဖို့ အဆင်မပြေဘူး။ မင်းသားတို့တွေ ချန်အန်းကိုပြန်သွားရင်တော့ တခြားလူတွေမသိအောင် သူတို့ကို ဂရုစိုက်ပေးချင်တယ်"

ကျုံဝမ်မှလွဲ၍ ကျန်လူများမှာ ကူကယ်ရာမဲ့ဖြစ်နေကြသည်။ သူ့ထံတွင် မည်သည့် 'ငယ်သူငယ်ချင်း'မျိုး ရှိသေးသနည်း။

ပထမဆုံးတုံ့ပြန်သူမှာ ရွှမ်စုန်ရှင်းဖြစ်သည်။ သူက နှုတ်ခမ်းထောင့်များကို လက်ကိုင်ပဝါဖြင့်သုတ်၍ ခပ်ဖြည်းဖြည်းပြောသည်။ "မင်းကြီးက ကျွန်မတို့ကို ဒီတစ်ခေါက်တွေ့ပြီးရင် နောက်ထပ်သတိရတော့မှာ မဟုတ်တော့ဘူး။ ချန်အန်းမှာ အရေးတကြီးကိစ္စတွေမှမရှိတာ။ မြို့တော်မှာ ဖြေရှင်းစရာတွေရှိရင်လည်း နေခဲ့ပေါ့"

ရွှမ်ယွီသည် ရွှမ်စုန်ရှင်းကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ့အကြည့်များသည် ကျုံးဝမ်ထံသို့ ရောက်သွားသည်။ ချက်ချင်းပင် သူ့မျက်လုံးများ နီရဲလာသည်။ သူက ရှေ့နောက်မစဉ်းစားဘဲ ပြောလိုက်သည်။ "ဘာလို့ ဒီမှာနေခဲ့မှာလဲ။ ကျွန်တော် ကျုံးဝမ်နဲ့ မခွဲချင်ဘူး။ ဒီမှာအရမ်းအေးတယ်။ ကျုံးဝမ်နေနိုင်ပါ့မလား။ ဘာလို့တူတူမပြန်ရမှာလဲ။ ကျုံးဝမ်မှာ ဂရုစိုက်စရာ ဘာရှိနေလို့လဲ။ အစ်ကိုတော်နဲ့ အစ်မတော်... အရင်ပြန်ရင်ရော ဘယ်လိုလဲ။ ကျွန်တော် ကျုံးဝမ်နဲ့နေခဲ့မယ်လေ။ ကျုံးဝမ်လုပ်စရာတွေပြီးတာနဲ့ ကျွန်တော်တို့ တူတူအိမ်ပြန်ကြမယ်လေ"

ထိုနှစ်များမှာ မြတ်နိုးဖွေရှာTahanan ng mga kuwento. Tumuklas ngayon