Part 24

2.8K 596 21
                                    


Unicode

ကျုံးဝမ်ဘာမှမပြောလျှင်ပင် အဆင်ပြေနေဦးမည်။ သူပြောပြီးသည်နှင့် ယန်ပင်းရှန်၏မျက်လုံးများတွင် သနားမှုများဖြင့် ပြည့်နှက်လာသည်။

ကျုံးဝမ်သည် စိတ်တိုလွန်း၍ နာကျင်လာသော အသည်းပေါ်သို့ လက်အုပ်ထားလိုက်သည်။ သူ့မှာ စိတ်တိုရလွန်း၍ အသံများပင် ပြောင်းနေပြီ။ "ကျွန်တော်တို့နှစ်ယောက်က စကားနည်းနည်းပဲ ပြောခဲ့တာ။ ဘာမှမလုပ်ခဲ့ဘူး။ ကျွန်တော် ခင်ဗျားကို ကြက်ဉနီတွေနဲ့ပတ်သတ်ပြီးတော့ အပြစ်မတင်ဘူး... ဒါ ခင်ဗျားကို မေတ္တာရပ်ခံနေတာလို့ သဘောထားလိုက်။ ဘယ်ရေနွေးမှလည်း မယူလာပါနဲ့။ ရေချိုးနေရင်း ကျွန်တော်မငိုချင်ဘူး။ ခင်ဗျားလုပ်စရာရှိတာပဲ သွားလုပ်တော့"

ယန်ပင်းရှန်သည် ကျုံးဝမ်ကို ကြည့်လျက်ပူပန်နေဆဲပင်။ ထွက်သွားရင်းဖြင့်ပင် နောက်သို့လှည့်ကြည့်လှည့်ကြည့် လုပ်နေသေးသည်။

ကျုံးဝမ်သည် မျက်ခုံးနှစ်ဖက်ကြားနေရာကို ပွတ်သပ်လျက် တံခါးကိုပိတ်လိုက်သည်။ သူသည် ရေဇလုံရှိရာသို့ လမ်းလျှောက်သွားပြီး တွေဝေစွာဖြင့် လက်ကောက်ဝတ်ကို ဖြည်းညင်းစွာ ရေဆေးလိုက်သည်။

ကျုံးဝမ်၏အသားအရေမှာ ဖြူဖျော့သည်။ သူ့လက်ကောက်ဝတ်မှာ ယွီရှီ၏ဆုပ်ကိုင်မှုကို ခံထားသောကြောင့် အရာများထင်နေသည်။

ကျုံးဝမ် သက်ပြင်းကြီးတစ်ခု ချလိုက်သည်။

သူနှစ်ဆယ့်လေးနှစ်ကြာအောင် လုံ့လဝီရိယရှိစွာ လေ့ကျင့်ခဲ့ရသော လူပျိုစင်ကွန်ဖူးသည် ယခုအချိန်တွင်မတော့ အလဟဿသာ...

ပြီးနောက် မရှင်းလင်းသော အကြောင်းတစ်ခုအတွက်။

ကျုံးဝမ်သည် ခုနက သူ၏ရာဂစိတ်နိုးကြွလာမှုကို ပြန်စဉ်းစားပြီး သူ့ခေါင်းကို ရေဇလုံထဲသို့နှစ်ကာ ကိုယ့်ကိုယ်ကိုယ်ရေနှစ်သေလိုက်ချင်သည်။ ဤကိစ္စအပြီးတွင် ယွီရှီကို မည်ကဲ့သို့ တွေ့ဆုံရမည်နည်း။

ထို့နောက် သူသည် မြို့တော်တွင် နေရစ်ခဲ့မည်ဖြစ်သည်။ ဤနောက်တွေ့ဆုံမှုတိုင်းသည် ရှက်ရွံ့စရာသာဖြစ်တော့မည်။ အချိန်တစ်ခုအကြာ တွေ့ဆုံပြီးချိန်တွင်တော့ ယွီရှီနှင့်ပတ်သတ်၍ကျန်ရှိသော သူ့ဂုဏ်သိက္ခာလေးသည် အကြွင်းမဲ့ပျောက်သွားပေတော့မည်။

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now