Part 102

2.2K 409 36
                                    

Unicode

အိမ်တော်ထိန်းဖုန်သည် စားစရာတစ်ဘူးကိုကိုင်လျက် အခန်းထဲသို့ တစ်ယောက်တည်း ဝင်လာသည်။ ယွီရှီက သူ့ဆံပင်သူချည်ကာ ခပ်တိုးတိုး အမိန်ပေးသည်။ "ရေဖလားကိုပြန်ယူသွား၊ ပြီးရင် ရေနွေးထည့်ထားတဲ့ ဖလားအသစ်ကို ယူခဲ့။ ခဏနေရင် ရေချိုးဖို့ ရေနွေးပြင်ထားလိုက်"

အိမ်တော်ထိန်းဖုန်၏မျက်နှာတွင် ရွှင်မြူးရိပ်များ ရှိနေသည်။ သူက အသံကိုနှိမ့်ကာ မေးလိုက်သည်။ "ကျွန်တော် ရေချိုးဇလုံကို ယူခဲ့ရမလား"

ယွီရှီကပြောသည်။ "အင်း။ အဲ့ရှုပ်ယှက်ခတ်နေတဲ့ ပန်းပွင့်ဖတ်တွေ မထည့်နဲ့တော့။ သူ မကြိုက်ဘူး"

"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ" အိမ်တော်ထိန်းဖုန်က အခန်းတွင်းသို့ ချောင်းကြည့်ကာ အသံကိုနှိမ့်လျက် မေးလိုက်သည်။ "အစေခံတစ်ယောက်လောက် လိုပါသေးလား"

ယွီရှီ၏နှုတ်ခမ်းများ အနည်းငယ် ပြုံးသွားခဲ့သည်။ သူ ခေါင်းခါလိုက်သည်။

အိမ်တော်ထိန်းဖုန်က ဆက်ပြီး တီးတိုးပြောသည်။ "ဒါဆို အခန်းထဲကို ရှင်းပေးဖို့ လူခေါ်ပေးစရာလည်း မလိုပါဘူးလား"

ယွီရှီက ခေါင်းယမ်းပြန်သည်။ "မလိုဘူး"

အိမ်တော်ထိန်းဖုန်သည် တခြားမည်သည့်စကားကိုမှ မပြောရဲပေ။ အစားအစာဘူးကိုချလျက် ချက်ချင်း ပြန်ထွက်သွားတော့သည်။

ယွီရှီက ဘူးကို ကိုယ်တိုင်ဖွင့်လျက် ဆန်ပြုတ်တစ်ပန်းကန်ကို ထုတ်လိုက်သည်။ ပုလဲခန်းစီးကို ဖယ်လျက် အိပ်ခန်းထဲသို့ ပြန်ဝင်သွားပြီး ခုတင်ခေါင်းရင်းရှိ စားပွဲလေးပေါ်သို့ တင်လိုက်သည်။ ခုတင်ခန်းစီးများကို မတင်လိုက်ချိန်တွင် ကျုံးဝမ်၏မျက်လုံးများ ပွင့်နေပြီဖြစ်ကြောင်းကို သတိထားမိလိုက်သည်။ သူမေးလိုက်သည်။ "နိုးနေတာတောင် မထသေးဘူးလား"

ယွီရှီသည် ကျုံးဝမ်၏နဖူးပေါ်သို့ လက်တင်၍ အပူချိန်ကို စမ်းကြည့်သည်။ ပူမနေပေ။

ကျုံးဝမ် နေရခက်စွာ ဂနာမငြိမ် ဖြစ်နေသည်။ အသံအက်ကွဲကွဲဖြင့်ပင် သူပြောလိုက်သည်။ "ငါ့မှာ အားမကျန်တော့ဘူး... မင်း အစေခံတွေကို ဝင်မလာခိုင်းရင် ဘယ်သူက ဒါတွေကို ရှင်းမှာလဲ"

ထိုနှစ်များမှာ မြတ်နိုးဖွေရှာTempat cerita menjadi hidup. Temukan sekarang