Part 58

2.2K 562 48
                                    

Unicode

ထွက်မလာခင် ယွီရှီ၏အကြည့်တို့သည် ညို့မှိုင်းသွားခဲ့သည်။ အခြားအပေါ်ထပ်ဝတ်ရုံသွားယူမည်ဟု အကြောင်းပြလျက် ကျုံးဝမ်ကို ရှောင်ရှားကာ လူတစ်ယောက်အား သာမန်ကာလျှံကာ ဆွဲခေါ်လိုက်သည်။ သူက ထိုလူအား အမိန့်တချို့ ပေးခဲ့သည်။

အချိန်ဟူသည် မည်သူ့ကိုမှမစောင့်။ ကျုံးဝမ်သည် မြင်းလှည်းပြင်ရန် မည်သူ့ကိုမှမခိုင်းခဲ့။ အခြားလူတိုင်းကဲ့သို့ မြင်းစီး၍သာ လိုက်ပါချင်ခဲ့သည်။ ယွီရှီက သူ့ကိုတားမြစ်ခြင်းမရှိဘဲ လျင်မြန်သောမြင်းတစ်ကောင် ပြင်ပေးရန်သာ အမိန့်ပေးလိုက်သည်။ ထိုအခိုက် သူ၏တာ့လီခုံရုံးရှိ လက်အောက်ငယ်သားတို့နှင့် မြို့တော်ရှိ ရာဂဏန်းခန့်ရှိသော ကိုယ်ပိုင်အိမ်တော်စစ်သည်တို့အား စုဝေးခိုင်းလိုက်သည်။ ကျုံးဝမ်က လူမည်မျှရှိသနည်းဟု မေးခဲ့သည်။ အဖြေကိုရပြီးနောက်တွင် ဤပမာဏမှာ လုံလောက်နိုင်ချေရှိသည်ဟု သူခံစားမိသည်။

"မလုံလောက်ဘူး" ယွီရှီကပြောသည်။ သူက သူ့အပေါ်ရုံကိုချည်ရင်း အိမ်တော်စစ်သည်အား အမိန့်ပေးနေသည်။ "ငါ့ရဲ့လက်ရေးစာကို ယူသွားပြီးရင် စစ်သည်တွေပို့လိုက်ဖို့ ကျင်းကျောက်စီရင်စုအုပ်ချုပ်ရေးမှူးကို ပြောလိုက်..."

ယွီရှီက လင်စစ်အား ကြည့်လိုက်သည်။ မျက်မှောင်ကြုတ်လျက် သူကမေးသည်။ "အိမ်တော်ရဲ့နေရာက..."

လင်စစ်သည် သူ၏ရင်ကပ်အိတ်ထဲမှ မြေပုံတစ်ခုကို လျင်မြန်သွက်လက်စွာ ဆွဲထုတ်လာသည်။ သူက မြေပုံပေါ်ရှိ ဝိုင်းထားသော နေရာသို့ လက်ထောက်ပြသည်။ ယွီရှီက ကြည့်လိုက်ပြီး ပြောသည်။ "ဒီလမ်းတွေကိုတားထားပြီး အနားက တည်းခိုခန်းတွေကို လုံးဝပိတ်ထားခိုင်းလိုက်။ သူတို့သတင်းရတာနဲ့ ဘယ်သူ့ကိုမှ အဝင်အထွက် ခွင့်မပြုနဲ့။ သူတို့မှာ လူတစ်ယောက်ကိုတောင် ထွက်သွားခိုင်းဖို့ အခွင့်မရှိဘူး"

လင်စစ်၏အသက်ရှူသံတို့ မြန်နေသည်။ ယွီရှီက ကျုံးဝမ်ကိုကြည့်သည်။ လေသံမှာ အေးစက်လှစွာဖြင့် သူကမေးသည်။ "ဒါက ထောင်ချောက်ထဲက ထောင်ချောက်တစ်ခုဖြစ်နေမှာကိုရော မင်းမစိုးရိမ်ဘူးလား"

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now