Part 16

2.7K 639 53
                                    

Unicode

ယွီရှီသည် မတ်တပ်ထရပ်ကာ လင်စစ်ဒူးထောက်နေရာသို့ လျှောက်သွားလိုက်သည်။ မခြောက်သွေ့သွားသေးသော ရေဖြင့်ရေးထားသည့်စကားလုံးများကို အချိန်အတော်ကြာအောင် သူကြည့်နေမိသည်။

ယခင်က သူသည် ဤငယ်နာမည်ကိုသိရရန် ကြိုးကြိုးစားစားပင် အင်အားစိုက်ထုတ်ခဲ့ဖူးသည်။ ထိုအချိန်က သူသည် လူများကို မည်သို့ခြိမ်းခြောက်ရမည်ကို မသိဘဲ အပေးအယူလုပ်ရန်သာ သိခဲ့သည်။ သို့ရာတွင် ကျုံးဝမ်သည် ဖိအားပေးမှသာ အလျှော့ပေးတတ်ပြီး ပျော့ညင်းသောနည်းလမ်းများကိုမူ ဂရုမမူပေ။ သူအကြိမ်ရေမည်မျှပင်မေးမေး၊ ကျုံးဝမ် ပြန်မဖြေခဲ့ပေ။ အချိန်များသာကြာမြင့်သွားသည်၊ ယွီရှီသည် ကျုံးဝမ်၏ငယ်နာမည်ကို ဤတစ်သက်တွင် သိရတော့မည်မဟုတ်ဟုသာ ယုံကြည်ထားခဲ့သည်။

သူအနေနှင့် ထိုအအ လင်စစ်သည် ဤမျှအထိ သူရဲဘောကြောင်လိမ့်မည်ဟု မထင်ခဲ့ရိုးအမှန်ပင်။

"ခင်ဗျားထင်လား..." ယွီရှီသည် သူ့ကိုယ်သူရေရွတ်နေဟန်တူသည်။ "ကျုံးဝမ်က ဒီနာမည်ကိုပြောမဲ့အစား အသေပဲခံလိုက်မယ်လို့ ကျိန်ဆိုဖူးတာကို သူသိလိမ့်မယ်လို့လေ"

အိမ်တော်ထိန်းဖန်သည် ခြောက်ကပ်ကပ်ရယ်လိုက်သည်။ "မသိလောက်ပါဘူး"

လင်စစ်သည် အမှန်တကယ်ပင် မသိခဲ့ပေ။

မင်းသားယွီအိမ်တော်မှ ထွက်လာပြီးနောက်တွင် လင်စစ်သည် ကျုံးဝမ်ထံသို့သွားရောက်ရန် စီစဉ်ထားခဲ့သည်။ သို့သော် အတွေးစအနည်းငယ် သူ့ခေါင်းထဲရောက်လာပြီးနောက်တွင် သွားရန်မလိုအပ်ဟုသာ သူခံစားလိုက်ရသည်။

ယွီရှီသည် ဤကဲ့သို့ကိစ္စကို ကြီးကျယ်အောင်လုပ်ခဲ့သော်လည်း ငယ်နာမည်ကိုသာ မေးခဲ့သည်။

ထို့အပြင် "အရမ်းအရေးကြီးတဲ့ကိစ္စမဟုတ်ရင် ငါ့ကိုလာမရှာနဲ့" ဟုလည်း ကျုံးဝမ်ကိုယ်တိုင်က ပြောခဲ့ဖူးသည်။

ဤကဲ့သို့သောကိစ္စကို အရေးကြီးသည်ဟု မည်ကဲ့သို့သတ်မှတ်နိုင်မည်နည်း။

ယွီရှိသည် နည်းနည်းလေးမှပင် ကျိုးကြောင်းဆီလျော်မှုမရှိပေ။ သူသည် အစကတည်းကပင် ကိစ္စများကို ရှင်းရှင်းလင်းလင်းမလုပ်။ ထိုအစား သူ့အားကြမ်းပြင်ပေါ်သို့သာ ဖိချုပ်ထားစေသည်။ သူ့မှာ လက်ဟန်ပင်မပြလိုက်နိုင်ပေ။ ယွီရှီသည် သူစကားမပြောနိုင်သည့်အချက်အပေါ် အခွင့်ကောင်းယူနေခဲ့သည်။ သူသာစကားပြောနိုင်ခဲ့လျှင် လွန်ခဲ့သည့်နှစ်နာရီကပင် လွတ်မြောက်လာမည်ဖြစ်သည်။

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWaar verhalen tot leven komen. Ontdek het nu