Part 59

2.2K 576 38
                                    

Unicode

ယွီရှီသည် ကျုံးဝမ်ကို ကြမ်းပေါ်သို့ ဖြည်းဖြည်းသာသာ ချလိုက်ပြီး အခန်းကန့်လေးထဲမှ မနှေးမမြန် ထွက်လာခဲ့သည်။

ဖြူလျော်သောမျက်နှာနှင့် နီရဲသောမျက်လုံးတို့ဖြင့် ယွီရှီသည် မကောင်းဆိုးဝါးတစ်ကောင်နှယ် ရွှမ်ရွေ့အား တည့်တည့်စိုက်ကြည့်နေလေသည်။ အက်ရှရှအသံဖြင့် သူကပြောသည်။ "သူ့ကိုယ်ထဲက အဆိပ်က..."

ယွီရှီအား မြင်လိုက်သည့်အခိုက်ဝယ် ရွှမ်ရွေ့မှာ ဒူးထောက်ကျလုမတတ် ထိတ်လန့်သွားတော့သည်။ ထိုတဒင်္ဂဝယ် သူ ဘာကိုမှ မတုံ့ပြန်နိုင်ဘဲရှိသည်။ "ယွီ-ယွီရှီ"

"ငါ..." မယုံကြည်နိုင်စွာဖြင့် ယွီရှီက ရွှမ်ရွေ့အား ကြည့်နေသည်။ ဒေါသတကြီး သူပြောဆိုနေမိသည်။ "ငါ အဲ့အချိန်တုန်းက ရူးနေခဲ့တာများလား။ ငါသူ့ကို တမင်တကာ သွားခွင့်ပေးလိုက်တာ၊ မင်းဆီကို သွားခွင့်ပေးလိုက်တာ။ ငါ... ငါ သူ့ကို သွားခွင့်ပေးဖို့ မခံစားနိုင်တာတောင် မင်းကိုရှာချင်တဲ့ သူ့ဆန္ဒကို ငါလိုက်လျောပေးခဲ့တယ်။ ငါ..."

ယွီရှီ၏နှုတ်ခမ်းတွင် သွေးများပေါ်လာခဲ့သည်။ လွန်ခဲ့သည့် ခုနစ်နှစ်ကို ပြန်သွားကာ အသိစိတ်ဝင်အောင် သူ့ကိုယ်သူ ရိုက်နိုင်ဖို့ကို သူတကယ် ဆုတောင်းမိသည်။

ထိုကဲ့သို့ ကောင်းမွန်သော ကွေ့ယွမ်ကို ထိုအရာဆီသို့ လျှောလျှောလျှူလျှူ ပေးလိုက်မိသည်အထိ သူ ရူးမိုက်လွန်းခဲ့သည်။

သူ့စိတ်ထဲမှ စိတ်ရူးများကို ယွီရှီအတတ်နိုင်ဆုံး ထိန်းထားမိသည်။ သူ ဤနေရာသို့ မလာမီကပင် အစီအစဉ်ကောင်းတစ်ခု ချထားပြီးဖြစ်သည်။ ပထမဦးစွာ သူနှင့်ကျုံးဝမ်တို့သည် ဤဆင်ခြေဖုံးအိမ်တော်သို့ တိတ်တဆိတ် ဝင်ရောက်ကြမည်။ ဒုတိယအနေနှင့် မင်းသားနင်၏ ကလေးငယ်နှစ်ယောက်ကို ခေါ်ဆောင်ကာ ဤနေရာသို့ ခေါ်လာစေမည်။ ထိုသို့ဖြင့် မည်သူက မည်သူ့အား သစ္စာဖောက်ခဲ့သည်ကို ကလေးနှစ်ယောက်အား ရှင်းရှင်းလင်းလင်း သိစေမည်။ ဤနည်းလမ်းဖြင့် သူ ရွှမ်ရွေ့၏ ဒုတိယအဆင့်မင်းသား အဆင့်အတန်းအား ဖယ်ရှားချိန်တွင် ထိုကလေးများက ကျုံးဝမ်ကို နားလည်မှုမလွဲကြမည်ဖြစ်သည်။ ထို့ပြင် ကျုံးဝမ်၏ နှစ်များစွာခံစားခဲ့ရသော ဒုက္ခဆင်းရဲအပေါင်းတို့သည်လည်း အချည်းနှီးဖြစ်တော့မည်မဟုတ်။

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now