Part 21

2.6K 642 77
                                    


Unicode

ကျုံးဝမ်သည် အိမ်တော်ထိန်းဖုန်ကို စာဖတ်ခန်းငယ်လေးထဲသို့ ခေါ်လာခဲ့သည်။ သူတို့နှစ်ဦးသည် အစေခံများ ရေနွေးကြမ်းယူလာသည်ကို စောင့်ဆိုင်းနေကြရင်း တစ်ယောက်ကိုတစ်ယောက် တိတ်တဆိတ်ကြည့်ကာ အကြည့်လွှဲလိုက်ကြသည်။ ထို့နောက် မတော်တဆ အကြည့်ချင်းဆုံမိပြန်၍ အလျင်အမြန်ပင် အကြည့်လွှဲကြရပြန်သေးသည်။

ဤသည်မှာ အလွန်ပင် သက်သောင့်သက်သာမရှိလှပေ။

ကျုံးဝမ်သည် အရှက်ရမိသည်။

သူငယ်စဉ်က အမှန်ပင် လူမဟုတ်ခဲ့ပေ။ မင်းသားယွီအိမ်တော်အရံခြံဝန်းတွင် နှစ်ဝက်ခန့်နေခဲ့သည့်တိုင် အိမ်တော်ထိန်းဖုန်ကိုလည်း အမြဲပြဿနာရှာခဲ့သေးသည်။

အိမ်တော်ထိန်းယန်သည် သူတို့နှစ်ဦးသောက်ရန်အတွက် လက်ဖက်ခြောက်ကောင်းကောင်းကို ကိုယ်တိုင်ပြုလုပ်ကာ လာပို့ပေးသည်။ ကျုံးဝမ်သည် အိမ်တော်ထိန်းယန်ကို တစ်ချက်ကြည့်ကာ အချက်ပြလိုက်သည်။ အိမ်တော်ထိန်းယန်သည် အခြားအစေခံများကို အပြင်သို့ခေါ်ဆောင်သွားတော့သည်။

ကျုံးဝမ်သည် လွန်ခဲ့သည့်ရက်များအတွင်းက သူ၏စကားလုံးများနှင့် အပြုအမူများကို ပြန်လည်သုံးသပ်မိသည်။ သူသည် ယွီရှီကို မည်ကဲ့သို့ မကျေမနပ်ဖြစ်စေ၍ ညသန်းခေါင်ကြီးတွင် သူတို့အိမ်တော်ကို တစ်စုံတစ်ယောက်အား စေလွှတ်စေသနည်း။

သို့တည်းသာမက သူအကြောက်ဆုံးသူ အိမ်တော်ထိန်းဖုန်ကို တမင်သက်သက်ရွေး၍ လွှတ်လိုက်သေးသည်။ အိမ်တော်ထိန်းဖုန်ကို သူ့အားဆူစေချင်သည်လား။

ကျုံးဝမ်သည် ရေနွေးကို ငှဲ့လိုက်သည်။ စူးစမ်းစွာ သူကမေးသည်။ "ဘာဖြစ်ဖြစ်ပါ... မင်းသားငယ်ယွီက ကျွန်တော့်ကို ဘာလုပ်စေချင်တာလဲ"

အိမ်တော်ထိန်းဖုန်သည် လျင်မြန်စွာ ခေါင်းခါလိုက်သည်။ "မဟုတ်ပါဘူး။ ကျွန်တော်က ဆက်ခံသူအနားယူပြီးနောက်မှ တမင်ခိုးထွက်လာတာပါ"

ကျုံးဝမ်တွေးသည်။ ခင်ဗျားက သံသယကင်းအောင် ပြောနေတာပဲ။ သို့တိုင်အောင် ဘာမှမသိဟန်မျက်နှာပေးဖြင့် သူကပြောလိုက်သည်။ "ဪ၊ တကယ်လား"

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now