Part 7

3.3K 720 79
                                    




Unicode

အပြစ်ရှိသည်ဟု သူထင်သော ကျုံးဝမ်ကို စကားပြောခွင့်မပေးဘဲ အိမ်တော်ထိန်းဖန်က ဦးစွာပြောသည်။ သူသည် ကျုံးဝမ်ကို လက်ညှိုးတထိုးထိုးနှင့် ဗလုံးဗထွေးစကားဆိုသည်။ "သူ၊ သူ...ကျွန်တော်မျိုးရဲ့အမေ...ပြီးတော့ သီချင်းဆိုတယ်...ကျွန်တော့်အုတ်ဂူကို ဂါရဝလာပြုမယ်ဆိုပြီး။ သုံးလတောင်ရှိသွားပြီ။ အဲဒီ...အဲဒီ တံတိုင်းက အရမ်းရှည်ပြီး မြင့်တယ်။ အရမ်းမြင့်တယ်"

ငယ်ရွယ်သောယွီရှီတစ်ယောက် ထိုနေရာ၌ပင် ဆွံ့အလျက်ရပ်နေမိသည်။

သူ မည်သည့်စကားများကို ပြောနေသည်နည်း။

အိမ်တော်ထိန်းဖန်သည် နောက်ဆုံးတွင် သူ၏သခင်လေးကို စကားခေါ်လေသည်။ သူတစ်နေကုန်မည်သို့ပြေးလွှားကာ မည်သို့မည်ပုံပင်ပန်းရကြောင်းများကို စောဒကတက်နေသည်။ ပြောရသည်မှာများလွန်း၍ စကားလုံးများကိုပင် ရှင်းရှင်းလင်းလင်းမပြောနိုင်တော့ပေ။ သူသည် စိတ်လှုပ်ရှားနေသည်နှင့်အမျှ စကားများသည်လည်း ရောက်တက်ရာရာဖြစ်နေသည်။ သူ့စိတ်ထဲတွင် ပေါ်လာသမျှစကားများကို ပြောနေသောကြောင့် ယွီရှီတစ်ယောက် ခေါင်းကိုက်လာရတော့သည်။

ယွီရှီသည် သူ့ကိုငယ်စဉ်ကတည်းက ထိန်းကျောင်းလာသော ရိုးသားလှသည့် အိမ်တော်ထိန်းကြီးပြောစကားကို နားထောင်ပြီး တိတ်ဆိတ်သွားသည်။ သူက တစ်ဘက်သို့ လှည့်လိုက်ပြီး အစေခံများကို အမိန့်ပေးလိုက်သည်။ "တော်ဝင်သမားတော်ဝေ့ကို ပင့်ခဲ့"

"ကျွန်တော်မျိုး ရူးသွားတာမဟုတ်ဘူး" အိမ်တော်ထိန်းဖန်သည် ထိုင်ခုံနောက်မှီကို အမှီပြုလျက် ကျုံးဝမ်ကို လက်ညှိုးငေါက်ငေါက်ထိုးကာ ဆိုပြန်သည်။ "အဲဒါ သူ...သူ...သူ...သူ၊ သူပဲ"

ယွီရှီက ခေါင်းညိတ်ပြသည်။ "ကျွန်တော်သိပါတယ်။ သမားတော်နဲ့အရင်တွေ့ကြည့်ပါဦး"

အိမ်တော်ထိန်းဖန်သည် ကူကယ်ရာမဲ့ဖြစ်သွားသည်။ သူ့အနေနှင့် ကျုံးဝမ်ကို စိုက်ကြည့်ရုံမျှသာ တတ်နိုင်သည်။ အားဖျော့စွာဖြင့် အခြားအစေခံတစ်ယောက်၏ အကူအညီယူကာ ထသွားလေသည်။

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now