Part 32

2.5K 607 40
                                    


Unicode

ကျုံးဝမ်မှာ မနည်းမေးယူရသည်။ "မင်း ပြောနေတာက..."

ယွီရှီက ပြောသည်။ "အဖြစ်မှန်လေ။ မင်း အဲ့ညက ငါ့ရှေ့မှာ လုပ်ပြခဲ့တဲ့ ပုံစံပဲ"

ကျုံးဝမ်က ခေါင်းကိုမော့ကာ ယွီရှီ၏မျက်လုံးများကို စိုက်ကြည့်မိသည်။ ယွီရှီ၏ပုံမှာ စနောက်နေဟန်မတူ။ ထိုအစား သူ့မျက်ဝန်းများတွင် ဒေါသရိပ်အနည်းငယ် ရှိနေသည်။

ယွီရှီသည် သူ့ကိုစနေခြင်းမဟုတ်။ ဤဖြစ်ရပ်မှာ အမှန်ပင် ဖြစ်ရမည်။

ကျုံးဝမ် စိတ်ဓာတ်ကျသွားရသည်... သူသည် အိပ်မက်ထဲတွင် အလွန်တရာ ရဲတင်းနေခဲ့သည်တဲ့လား။

သူသည် အမှန်တကယ် အထီးကျန်ဆန်နေခဲ့သည်လား။

သူ ယွီရှီကို ထိုကဲ့သို့တကယ်လုပ်ခဲ့သည်...

မဟုတ်သေး။ ပုံမှန်လေသံဖြစ်အောင် ကျုံးဝမ်အတတ်နိုင်ဆုံး ကြိုးစားလျက် ပြောလိုက်သည်။ "တကယ်လို့ မင်းသာ ငါ့ကို ဖမ်းခေါ်ပြီး မင်းရဲ့အိမ်တော်ကို ခေါ်မသွားခဲ့ရင်၊ ညကြီးသန်းခေါင် ငါ့ခုတင်ခေါင်းရင်းမှာ သရဲတစ္ဆေလို ထိုင်မနေခဲ့ရင် ငါမင်းကို မတော်မတရားတွေလုပ်လို့ ရပါ့မလား"

ယွီရှီက ကျုံးဝမ်ကို အေးစက်စွာ ကြည့်နေသည်။ "အကြောင်းပြချက်တွေ ဆက်ပြော။ ငါနားထောင်နေတယ်"

ကျုံးဝမ် အံကြိတ်လိုက်သည်။ "ငါက အိပ်ပျော်နေတာ။ မင်းကတော့ မအိပ်နေဘူး။ ငါ့ကို တွန်းလိုက်လို့မရဘူးလား"

ယွီရှီ၏မျက်လုံးများကို ဒေါသကိုထိန်းနေရသည့်နှယ် လှုပ်ခါသွားသည်။ "မင်းက ငါ့ခါးကို တစ်ချိန်လုံးဖက်ထားတာ။ ငါမင်းကို ဘယ်လိုတွန်းမလဲ။ ငါ့ပုခုံးပေါ်တင်ပြီးတော့ ကြမ်းပေါ်ပစ်ချရမှာလား။ မင်းကို ပြုတ်ကျပြီးသေအောင်လို့။ ဒါမှမဟုတ် မင်းအသိတရားဝင်အောင်လို့ ရေကန်ထဲပစ်ချရမှာလား။ မင်းရဲ့ ကျန်းမာရေးမကောင်းတာနဲ့ မင်းခံနိုင်ရည်ရှိမှာလား"

ကျုံးဝမ်က ခေါင်းမာမာနှင့်ပြောသည်။ "ငါနေမကောင်းဘူးဆိုတာ မင်းလည်းသိတာပဲ။ ငါအိပ်နေတုန်း ဘယ်လောက်သတိရှိမှာတဲ့လဲ"

ထိုနှစ်များမှာ မြတ်နိုးဖွေရှာOnde histórias criam vida. Descubra agora