Part 86

2.4K 490 9
                                    

Unicode

ညနေခင်းတွင် ယွီရှီသည် ကျုံးဝမ်၏နဖူးအား စမ်းကြည့်ခဲ့သည်။ တစ်ခုခုထူးခြားမနေသောကြောင့် သူ ပြောလိုက်သည်။ "မင်း နေလို့မကောင်းတာရှိရင် ငါ့ကိုပြော။ အရင်ဆုံး ထိုင်လိုက်ဦး။ ငါ နောက်မှ သူတို့ကို အိပ်ခန်းထဲ စားစရာ ယူလာခိုင်းလိုက်မယ်"

ယွီရှီသည် ကျုံးဝမ်ကို ခုတင်ပေါ်တွင် ထိုင်စေသည်။ ညစ်ပေနေသော ပိုးလက်ကိုင်ပဝါနှင့် ကျုံးဝမ်၏အတွင်းဝတ်တို့ကို လက်ဆေးဇလုံထဲသို့ သူကိုယ်တိုင် ပစ်ထည့်လိုက်သည်။ ကျုံးဝမ်၏အသက်ရှူသံမှာ အနည်းငယ် မူမမှန် ဖြစ်နေဆဲပင်။ သူက ယွီရှီကိုကြည့်လျက် ရယ်လိုက်လေသည်။ "မင်းသားငယ်၊ အဲဒါတွေကို ဒီတိုင်းထားလိုက်ပြီးတော့ တစ်ယောက်ယောက် လာရှင်းမှာကို စောင့်လို့မရဘူးလား။ ငါ့ကိုလည်း မကူခိုင်းဘူး။ ငါ့မှာ အစကတည်းက အပြစ်မကင်း ဖြစ်နေပါတယ်ဆို အခု မင်းက အစေခံတွေရဲ့ ကိစ္စတွေပါ လုပ်နေပြန်တယ်။ မင်း ငါ နေမထိထိုင်မသာဖြစ်အောင် တမင်လုပ်နေတာမဟုတ်လား"

ယွီရှီက ကျုံးဝမ်ကို ကြည့်လိုက်သည်။ စားပွဲရှိရာသို့ လျှောက်သွားကာ ဖရိုဖရဲနေသော စာအုပ်များကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်စီရင်း တည်ငြိမ်စွာ ပြောလေသည်။ "ဒီအရှုပ်ကို လာရှင်းဖို့ ဘယ်သူ့ကို အမိန့်ပေးရမှာလဲ"

ကျုံးဝမ်က စောင်ပေါ်သို့ မှီလိုက်သည်။ သူ့အသံမှာ အလွန်တိုးလှသည်။ "ဘယ်သူဖြစ်ဖြစ်ပေါ့။ အိမ်တော်ထိန်းဖုန်၊ အစေခံကောင်မလေး... အစေခံကောင်မလေးတော့ မဖြစ်နိုင်ဘူး။ သူက အရမ်းငယ်သေးတယ်။ တခြားတစ်ယောက်ဖြစ်ဖြစ်..."

"ဘယ်သူဖြစ်ဖြစ်လား" ယွီရှီသည် ကြမ်းပေါ်တွင် ပြန့်ကြဲနေသော စုတ်တံများကို ကောက်လိုက်သည်။ သူ့မျက်နှာမှာ တည်ကြည်လှသည်။ "ဒီအရှုပ်ကြီးကို မြင်ပြီးရင် ဒီမတိုင်ခင်က ဘာဖြစ်ခဲ့တယ်ဆိုတာကို ဘယ်သူက မခန့်မှန်းနိုင်ဘဲ နေမှာလဲ"

ကျုံးဝမ်၏မျက်လုံးများမှာ အနည်းငယ် စိုစွတ်နေဆဲပင်။ သူက တိုးလျလျ ပြောလိုက်သည်။ "သူတို့ ခန့်မှန်းနိုင်တော့ရော ဘာဖြစ်လဲ"

"ဒီအကြောင်း အပြင်ကိုပြန့်သွားရင် ဘယ်လိုဖြစ်သွားမလဲ" ယွီရှီက လက်ကိုင်ပဝါသန့်သန့် တစ်ထည်ကို ကောက်ကိုင်ကာ စားပွဲကို သုတ်လိုက်သည်။ သူက ကျုံးဝမ်ကို ဝေခွဲရခက်စွာ ကြည့်နေသည်။ သူ့အကြည့်တို့တွင် အပြစ်တင်စိတ် အငွေ့အသက်များ ပါနေသည်။ "ဘယ်မိသားစုရဲ့ အကြီးအကဲစုံတွဲက စားပွဲမှာ အဲလိုကိစ္စမျိုး လုပ်ကြလို့လဲ"

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now