Part 29

2.5K 627 96
                                    


Unicode

ကျုံးဝမ်၏ ချန်အန်းသို့ အလျင်စလိုသွားရမှုမှာ မည်မျှပင် ပင်ပန်းဆင်းရဲမည်ကို ယွီရှီပုံမဖော်ရဲပေ။

ငွေမရှိ၊ ခရီးသွားခွင့်စာရွက်မရှိဘဲ ထိုနှစ်များအတွင်း ကျုံးဝမ် မည်မျှလောက်သော ဆင်းရဲဒုက္ခကို ခံခဲ့ရမည်နည်း။

ယွီရှီငယ်မှာ သူ့ကိုယ်သူနှစ်သိမ့်နိုင်ခဲ့သည်။ ကျုံးဝမ်ထံတွင် အနည်းဆုံးတော့ ရောင်းစားရန် ယွီရှီ၏ပစ္စည်းများရှိနေသေးသည်။ သို့သော် နှစ်များကြာလေ၊ ထိုပစ္စည်းများသည် ယွီရှီထံသို့ တစ်ခုပြီးတစ်ခု ပြန်ရောက်လာခဲ့သည်။

ပြီးနောက် ထိုပစ္စည်းများမှာ ပုံမပျက်ရှိနေခဲ့သည်။

သူတို့နှစ်ဦးကြားတွင် အကြောင်းကိစ္စများက ဖြူဖြူစင်စင်ပဲ ရှိနေခဲ့ကြသည်။ အဆက်အနွှယ်ဟူ၍ မရှိခဲ့။

ထပ်မံ၍ ယွီရှီခေါင်းကိုက်ဝေဒနာ ခံစားလာရပြန်သည်။ မသက်သာစွာဖြင့် သူခုတင်တစ်ဖက်သို့လှည့်ကာ သက်မချလိုက်သည်။

အိမ်တော်ထိန်းဖုန်က အပြင်တွင် စောင့်ကြည့်နေသည်။ ယွီရှီလူးလှိမ့်နေသံကို ကြားသောအခါ အခန်းထဲသို့ အသံမထွက်အောင် သူဝင်လာသည်။ လေသံဖြင့် သူမေးလိုက်သည်။ "ဆက်ခံသူ၊ ဆက်ခံသူ၊ ထပ်ပြီးတော့ အိပ်မက်ဆိုးမက်တာလား"

"မဟုတ်ဘူး" ယွီရှီက ပုံမှန်အသံဖြင့်သာ ပြောသည်။ "ကျွန်တော်မအိပ်ရသေးဘူး"

ယွီရှီစိတ်မပျော်ဖြစ်ပြီး တစ်ခုခုထပ်လုပ်မှာကို အိမ်တော်ထိန်းဖုန် စိုးရိမ်မိသည်။ သူမေးလိုက်သည်။ "ဒါဆို ကျွန်တော် အိပ်မွေ့ချနံ့သာထွန်းလိုက်ရမလား"

ယွီရှီက စိတ်မရှည်စွာ ပြောလိုက်သည်။ "ကျွန်တော်က သူလို့ ခင်ဗျားထင်နေလား"

အိမ်တော်ထိန်းဖုန်ပြုံးလိုက်သည်။ "ဟုတ်သားပဲ။ သခင်လေးကျုံးက ဆေးတွေနဲ့ပတ်သတ်ရင် တကယ်အားနည်းတယ်။ အခေါက်တိုင်း နံ့သာနည်းနည်းဆိုရင်ကို သူမရတော့ဘူး"

ယွီရှီမှာ ပြတင်းပေါက်အပြင်ဘက် အဝေးတစ်နေရာသို့ ငေးကြည့်နေသည်။ အခြားအရာတစ်ခုကို ပြန်တွေးတောနေဟန်တူသည်။

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now