Part 39

2.4K 581 65
                                    

Unicode

နှစ်ပေါင်းများစွာကြာအောင် ဒုက္ခခံစားလာရပြီးနောက်တွင် ကျုံးဝမ်မှာ ထိုသို့သောအရာမျိုးကို ခံနိုင်ရည်ရှိလာပြီဟု သူ့ကိုယ်သူထင်ခဲ့ဖူးသည်။ သို့သော် ဤနေ့တွင်မူ သူအာရုံမထားမိလိုက်ချိန်၌ သူ့လက်ကို ကြွေထည်စနှင့် ရှခဲ့မိသည်။ သူစောစောကတွေ့ခဲ့သော ဆရာတူအစ်ကိုသည် သူ့နှလုံးသားကို စကားတစ်ခွန်းထဲနှင့် ထွင်းဖောက်နာကျင်စေခဲ့သည်။

ကျုံးဝမ်သည် နွေဦး၏လေအေးတို့ကြားတွင် နာကျင်နေသော သူ့အဆုတ်ရှိရာနေရာကို ဖိကိုင်လျက် ရပ်နေမိသည်။ သူ့ကိုယ်သူလှောင်ပြုံးလျက် သူကပြောသည်။ "ဆရာတူအစ်ကို၊ သိနေရင် မပြောပါနဲ့လား"

ထန်မင်ကလည်း ပြုံးလိုက်သည်။ သက်ပြင်းချလျက်ဆိုသည်။ "ငါလည်း စစချင်းမှာတော့ ဘာမှမပြောဘဲ မင်းကတဲ့ဇာတ်အတိုင်း လိုက်မလို့ပဲ။ ဒါပေမဲ့ မင်းက တစ်ချိန်လုံးငါ့ကိုရှောင်နေတယ်။ ဆရာတူညီလေး ငါ့ကို စောင့်ကြည့်နေတာ မမှားပါဘူး။ ဒါပေမဲ့ ကိုယ့်ကိစ္စကိုယ် မနှောင့်နှေးစေရင်တော့ အကောင်းဆုံးပဲ"

ကျုံးဝမ်က မြင်းလှည်းကို အထောက်အကူယူလျက် အသံရှူသံမှန်အောင် ထိန်းညှိနေသည်။ အသံတိုးတိုးဖြင့် သူကပြောသည်။ "ဒါဆို ပုရောဟိတ်ရှီက ဟိုးကတည်းက—"

"ဆရာ့အသက်အရွယ်နဲ့ဆို သူမသိတာ ဘာရှိဦးမလဲ။ မင်းကို နှစ်တွေဒီလောက် သင်ပြလာပြီးမှတော့ သူမသိဘဲနေဦးမလား။ သူကတိတ်တိတ်နေပေးနေရုံပဲ" ထန်မင်ကသက်ပြင်းချသည်။ "ငါတို့ဒီအကြောင်းပြောနေမှတော့ ငါတခမ်းတနားလုပ်မနေတော့ဘဲ နည်းနည်းဆက်ပြောမယ်လေ။ ဟုတ်ပြီလား"

ကျုံးဝမ်မှာ အဖော်ခံလိုက်ရသဖြင့် ကွယ်ဝှက်ထားစရာ အကြောင်းများလည်း မရှိတော့။ "ဆရာတူအစ်ကို ပြောပါ"

"ဒီစကားတွေက မင်းကိုအကောင်းဆုံး စောင့်ရှောက်ပေးဖို့ ဆရာငါ့ကိုအပ်တုန်းက ပြောခဲ့တဲ့စကားတွေပဲ" ထန်မင်က တော်တော်ကြာတန့်နေပြီးမှ ဆက်ပြောသည်။ "ဒီစကားတွေပြောဖို့ဆို ဟိုးအစကနေစရမယ်... မင်းအကျဉ်းထောင်ထဲ အပို့ခံလိုက်ရတဲ့နေ့ကို မင်းသိပါတယ်၊ ဆရာက မင်းကိုရွေးချင်ခဲ့တယ်"

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now