Part 5

4K 726 11
                                    




Unicode

ချန်အန်းမင်းသား၏ ယာယီအိမ်တော်သို့ ကျုံးဝမ်ပြန်ရောက်ချိန်တွင် ရောင်နီသန်းစ အရုဏ်ဦးအချိန် ဖြစ်နေလေပြီ။ သူပြန်မလာသေးသောကြောင့် အိမ်တော်အတွင်းရှိ လူအများစုမှာ မအိပ်ကြသေးဘဲ သူ့အလာက်ု စောင့်ဆိုင်းနေခဲ့ကြသည်။ လမ်းထဲသို့ မြင်းလှည်းဝင်လိုက်သည်နှင့် လူတစ်ယောက်က ထွက်လာပြီး ဂါရဝလာပြုလေသည်။ ချန်အန်းမင်းသားအိမ်တော်မှ အစေခံများသည် သူတို့ထံ လာနေသောမြင်းလှည်းမှာ မင်းသားယွီအိမ်တော်မှ မြင်းလှည်းဖြစ်ကြောင်း သတိထားမိသောအခါ ထိတ်လန့်သွားကြလေသည်။

"ငါ-ငါအဆင်ပြေပါတယ်..." ကျုံးဝမ် မြင်းလှည်းပေါ်မှ ဆင်းလိုက်သည်။ ခေါင်းအစခြေအဆုံး အားမရှိသကဲ့သို့ သူ ခံစားနေရသည်။ အစေခံတစ်ဦးက တွဲကူပေးလျက် သူ အိမ်တော်ထဲသို့ဝင်ကာ တီးတိုးပြောလိုက်သည်။ "အရှင့်သားနဲ့... သခင်မလေးတို့ နှစ်ယောက်ကို ငါအဆင်ပြေတယ်လို့ သွားပြောလိုက်"

ဘေးရှိအစေခံတစ်ဦးက အလျင်အမြန်ပင် ခေါင်းညိတ်ကာ အကြောင်းကြားရန် အလောတကြီး ထွက်သွားတော့သည်။ ထိုအချိန်အတောအတွင်းတွင် ကျုံးဝမ်မှာ သတိလစ် မေ့မြောချင်သကဲ့သို့ ဖြစ်နေသည်။ သူ့မျက်လုံးများကို မှတ်လိုက်လျှင် ရက်အတော်ကြာ ပြန်မထလာမည်ကို သူစိုးရိမ်နေခဲ့သည်။ အသိစိတ်ကပ်အောင် မနည်းကြိုးစားယူပြီးနောက် သူကပြောသည်။ "ငါမနိုးခင်အချိန်အတွင်း အိမ်တော်ရဲ့တံခါးတွေကို ပိတ်ထားပြီးတော့ ဘယ်ဧည့်သည်ကိုမှ လက်မခံနဲ့။ စကားမပြောတတ်တဲ့သူကိုခေါ်ဖို့...ခေါ်ဖို့ နည်းလမ်းရှာထားလို့ ဦးလေးယန်ကို ပြောလိုက်။ ငါ သူ့ကိုမေးစရာရှိတယ်"

အစေခံက နားမလည်စွာ တိုးတိုးမေးသည်။ "စကားမပြောတတ်တဲ့သူက ဘယ်သူလဲ"

"ဦးလေးယန်သိတယ်..." သူ ချောင်းနှစ်ကြိမ်ဆိုးလိုက်သည်။ "သူလာရင် ငါ့ကိုသေချာပေါက်လာနိုး"

အစေခံမှာ ဘာမှနားမလည်စွာပင် သဘောတူလိုက်ရသည်။ ကျုံးဝမ်သည်လည်း ထိုအချိန်မှပင် စိတ်ချလက်ချဖြင့် စိတ်လျှော့ချလိုက်သောကြောင့် သတိမေ့သွားတော့သည်။

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now