Part 50

2.3K 575 32
                                    

Unicode

လွန်ခဲ့သော နှစ်နာရီက။

တတိယမင်းသားရွှမ်ကျင်း၏ သေဆုံးမှုကြောင့် ဝမ်းနည်းပူဆွေးသည့် အနေဖြင့် ချုံအန်းမင်းကြီးသည် မနက်လွှတ်တော်တို့ကို သုံးရက်တစ်ကြိမ်မှ ငါးရက်တစ်ကြိမ်သို့ ပြောင်းလဲခဲ့သည်။ ထို့နောက် ငါးရက်တစ်ကြိမ်မှနေ၍ ဆယ်ရက်တစ်ကြိမ်သို့ ပြောင်းခဲ့ပြန်သည်။

ယွီရှီ၏တရားဝင်အဆင့်အတန်းအရ ပုံမှန်အခြေအနေတွင် သူ့အနေနှင့် ငါးရက်တစ်ကြိမ်သာ မနက်လွှတ်တော်တက်ရန် လိုအပ်သည်။ ယခုမူ လွှတ်တော်တိုင်းကို သူ တက်ရောက်ရမည်ဖြစ်သော်ငြား ရံဖန်ရံခါမှသာ သွားရောက်လေ့ရှိသည်။ ဤနှစ်များတွင် ယွီရှီ အကြောင်းမရှိဘဲ လွှတ်တော်မတက်ကြောင်းကို ဝေဖန်ပြစ်တင်ထားသည့် တော်ဝင်အကဲဖြတ်ဌာန၏ တိုင်စာများသည် တာ့လီခုံရုံးကိုပင် မြေဖို့၍ရလောက်သည်။ အကြိမ်တိုင်းတွင် ချုံအန်းမင်းကြီးသည် 'ကျစ်ရုန် နေမကောင်း'ဟူသော အကြောင်းပြချက်ဖြင့်သာ အားလုံးကို ပယ်ချခဲ့သည်။ မည်သို့ပင်ဖြစ်စေ ယွီရှီ တာ့လီခုံရုံးအကြီးအကဲအဖြစ် တာဝန်ပေးအပ်ခံရချိန်မှစ၍ တာ့လီခုံရုံး၏ အမှုတွဲများသည် နည်းသထက်နည်းလာခဲ့သည်။ လုပ်ရန်ရှိသည့် ကိစ္စအားလုံးတို့ကို လက်ထောက်အကြီးအကဲ နှစ်ယောက်တို့ကသာ ဆောင်ရွက်ခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ လူတိုင်းမှာ မသိချင်ဟန်သာ ဆောင်လာကြတော့သည်။ ယွီရှီ လွှတ်တော်မတက်လျှင်ပင် သူတို့မအံ့ဩတော့ဘဲ လာတက်မှသာ အံ့အားသင့်စရာ ဖြစ်နေတော့သည်။

မနက်လွှတ်တော်မတိုင်မီတွင် ရွှမ်ချုံသည် ယွီရှီကို မြင်လိုက်ရသည်။ သူ့နှလုံးခုန်သံတို့ မြန်သွားခဲ့သော်လည်း ကိစ္စမရှိဟုသာ မှတ်ယူထားလိုက်သည်။ ကျုံးဝမ်အပေါ် ယွီရှီ၏ခံစားချက်တို့သည် မည်မျှအထိ စစ်မှန်နိုင်မည်နည်း။ သူ ကျုံးဝမ်အတွက် ကူညီလျှောက်တင်ပေးမလားဆိုသည်ကပင် မရေရာ။ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။ လွှတ်တော်တွင် သူ့ကိုဝေဖန်ပြစ်တင်သော တော်ဝင်အကဲဖြတ်တို့ကို ပြန်လည်ချေပပြစ်တင်သည်ကလွဲ၍ ယွီရှီသည် မည်သည့်အကြောင်းနှင့် ပတ်သတ်၍မှ သူ့အမြင်ကို ထုတ်မပြော။

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now