Part 48

2.3K 557 26
                                    

Unicode

တစ်ဖက်တွင်လည်း ကျုံးဝမ်မှာ အိမ်တော်သို့ ပြန်ရောက်ချေပြီ။ သူ့ခြံဝန်းထဲသို့ ဝင်လာခဲ့ချိန်တွင် လင်စစ်မှာ သူ့အခန်းထဲတွင် ရှိနေခဲ့သည်။

လင်စစ်မှာ ဖုန်တလူးလူးဖြင့်ရှိလျက် မကြာသေးခင်ကမှ အပြင်ကပြန်ရောက်ဟန်တူသည်။ ကျုံးဝမ် တံခါးကိုပိတ်လျက် သိလိုစိတ်ဖြင့် စပ်စုလိုက်သည်။ "မင်းဘယ်သွားခဲ့တာလဲ"

လင်စစ်၏မျက်လုံးများသည် နီရဲနေသည်။ သူက လုံးဝမအိပ်ရသေးပုံပင်။ သူလက်ဟန်ပြလိုက်သည်။ "ကျွန်တော် သခင်လေးအစား ထန်မင်ကိုရှာဖို့ မြို့ပြင်ထွက်သွားတာလေ။ ကျွန်တော် သူ့ကိုစာပေးခဲ့ပြီ"

ကျုံးဝမ် ရယ်မိသည်။ "မင်း ညလုံးပေါက်တော့ မသွားသင့်ဘူးလေ။ အဲ့လောက်ထိ အလျင်မလိုသေးပါဘူး။ ငါ့ကိုစာပေးပြီးရင် မင်းသွားနားတော့... အိုး၊ ဟုတ်သားပဲ"

ကျုံးဝမ်က လင်စစ် ကမ်းပေးလာသော စာကိုယူလိုက်သည်။ သူ့မျက်လုံးများသည် အနည်းငယ်ရွှင်ပျနေသည်။ "မနေ့က ရွှမ်ကျင်းက မင်းကို ငါတို့အိမ်တော်မှာ ရှာမတွေ့တော့ မင်းသားငယ်ယွီအိမ်တော်ကိုသွားပြီး ရန်သွားလုပ်တယ်။ သူ ယွီရှီနဲ့လည်း ရန်ဖြစ်ပြီးတော့ ယွီရှီ မင်းကိုဖမ်းထားပါတယ်ဆိုပြီး စွပ်စွဲနေတာ"

လင်စစ်၏မျက်လုံးတို့ အရောင်လက်သွားသည်။ မကြာမီမှာပင် ပြန်မှိန်ဖျော့သွားပြန်သည်။ သူက လက်ကိုဝှေ့ရမ်းလျက် လက်ဟန်ပြသည်။ "ကျွန်တော် သူ့ကိုရှောင်ဖို့ တစ်ညလုံး မြို့ပြင်ကိုသွားပြီး သခင်လေးရဲ့စာ သွားပေးတာ"

ကျုံးဝမ်အနေနှင့် လင်စစ်ကို ကူညီချင်သော်ငြား သူ့ပြဿနာများကိုပင် မဖြေရှင်းရသေး။ သူ လင်စစ်ကို မည်ကဲ့သို့နှစ်သိမ့်ရမည်ကို မသိသောကြောင့် ဤသို့သာ ပြောလိုက်သည်။ "ငါမင်းကို အကြံတစ်ခုလောက်ပေးမယ်"

လင်စစ်က ကျုံးဝမ်ကို ကြည့်လာသည်။

"ခဏလေးစိတ်ပျက်မိတာကြောင့်နဲ့တော့ အချိန်ကို အလဟဿမကုန်စေနဲ့" ကျုံးဝမ်ကပြုံးသည်။ "လူတစ်ယောက်ရဲ့ဘဝမှာ ခုနစ်နှစ် ဘယ်နှခါလောက်များ ရှိနိုင်မှာလဲ"

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now